by www.jobsinyangon.com
ချိတ်ဆွဲရန်စာတန်း: Knowledge-Ethics-Workplace-HR-JobsinYangon
{လူမှုကျင့်ဝတ်များက အလုပ်ခွင်တစ်ခုအတွင်းအရေးပါပုံ (အပိုင်း- ၃)}
မင်္ဂလာပါ။ ကျွန်တော်တို့ jobsinyangon.com အဖွဲ့သားများမှ နှုတ်ခွန်းဆက်သလိုက်ပါတယ်။
ကျွန်တော်တို့တွေရဲ့ လုပ်ငန်းခွင်အသီးသီးမှာ ကောင်းမွန်တဲ့အမူအကျင့်များ (လူမှုကျင့်ဝတ်များ) ရှိနေဖို့ အတွက် လိုအပ်ပါတယ်။ ဒီအပတ်မှာတော့ လုပ်ငန်းခွင်တစ်ခုအတွင်းမှာ လူမှုကျင့်ဝတ်ဆိုင်ရာများက ဘယ်လို အရေးပါမှု ရှိနေတယ်ဆိုတာကို အပိုင်း (၃) ပိုင်းခွဲပြီး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အပိုင်း (၁) နဲ့ (၂) ကိုတော့ ယခင်နေ့များ ကဖော်ပြခဲ့ပြီးပြီဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ် (လုပ်ငန်းကျွမ်းကျင်သူ) တို့မှ လိုက်နာရမည့်ကျင့်ဝတ်များ
များစွာသော သက်မွေးမှုလုပ်ငန်းများနဲ့ ကုမ္ပဏီကြီးများဟာ သူတို့ရဲ့ တစ်မူထူးခြားတဲ့ လုပ်ငန်းအခြေအနေတွေနဲ့ ကိုက်ညီမှုရှိစေရန် လိုက်နာရမယ့်ကျင့်ဝတ်များကို ဖန်တီးဖော်ဆောင်ခဲ့ကြပါတယ်။ ကမ္ဘာ့မီဒီယာတစ်ခုဖြစ်တဲ့ Fortune ရဲ့အဆိုအရ သူတို့ရဲ့စာရင်းထဲမှာပါဝင်တဲ့ကုမ္ပဏီ ၅၀၀ ခန့်နဲ့ လုပ်ငန်းကြီးများရဲ့ တစ်ဝက်ခန့်တွင် ဝန်ထမ်းများအားလုံးနှင့်သက်ဆိုင်နေသော လိုက်နာရန်ကျင့်ဝတ်စည်းမျဉ်းများချမှတ်ထားကြပါတယ်။ လိုက်နာ ရန် ကျင့်ဝတ်စည်းမျဉ်းများကို ဖန်တီးဖော်ဆောင်ခြင်းအားဖြင့် ဝန်ထမ်းများနဲ့ အဖွဲ့ဝင်များ ကို ကျင့်ဝတ်နဲ့ မလျှော် ညီတဲ့ အပြုအမူများပြုလုပ်မိပါက သူတို့ဟာ မသိနားမလည်ခြင်းကို အကြောင်းပြချက်တစ်ခုအဖြစ် အသုံးပြုနိုင် တော့မှာမဟုတ်ကြောင်းကိုလဲ အဖွဲ့အစည်းတစ်ခုအနေနဲ့ ရှင်းလင်းစွာအသိပေးထားနိုင်မှာဖြစ်ပါတယ်။
လုပ်ငန်းကြီးများတွင် လိုက်နာရမည့်ကျင့်ဝတ်များကိုထားရှိခြင်းရဲ့ အကျိုးကျေးဇူးများ
လိုက်နာရမည့်ကျင့်ဝတ်များထားရှိခြင်းဟာ ဝန်ထမ်းများကို တစ်စုံတစ်ခုအားရရှိရန်အသုံးပြုသောနည်းလမ်း များနှင့် အဆုံးသတ်တို့အကြား ဟန်ချက်ညီမှုရှိစေရန် ကူညီပေးနိုင်ပါတယ်။ အဆိုပါဟန်ချက်ညီမှုသည် ကောင်း မွန်သည့်အမူအကျင့်များရှိသောအဖွဲ့အစည်းတစ်ခုအဖို့ ရရှိရန်အခက်ခဲဆုံးသောအရာများထဲမှတစ်ခုဖြစ်ပါတယ်။
အဖွဲ့အစည်းများ၏ဗဟိုဆုံးဖြတ်ချက်ချမှတ်ရန်လမ်းညွှန်ချက်များဟာ လိုက်နာရန်ကျင့်ဝတ်များနှင့် ကျင့်ဝတ်ဆိုင် ရာလေ့ကျင့်သင်ကြားမှုများပြုလုပ်ပေးနိုင်စေရန်အတွက် အားပေးကူညီမှုရှိပါသည်။ အကယ်၍ ကုမ္ပဏီတစ်ခုရှိ ဝန်ထမ်းတစ်ဦးတစ်ယောက်ဟာ ဥပဒေကိုချိုးဖောက်ပြီးအပြစ်ထင်ရှား ရှိနေသည်ကိုဖော်ထုတ်တွေ့ရှိပါကလည်း လူမှုကျင့်ဝတ်များနဲ့ လျှော်ညီမှုမရှိတဲ့ တရားမဝင်သောအပြုအမူများကို သဘောရိုးနဲ့ တားဆီးရန် ကြိုးပမ်းအား ထုတ်မှုပြုခဲ့သော ကုမ္ပဏီများဖြစ်ပါက ထိုကုမ္ပဏီအပေါ်တွင် သက်ညှာစွာပြစ်ဒဏ်ချမှတ်ခြင်းကိုခံရမည်ဖြစ်ပါ သည်။ ကုမ္ပဏီအတွင်းရှိဝန်ထမ်းအချို့၏ မလျှော်ညီတဲ့အပြုအမူများဟာလုပ်ငန်းကြီးတစ်ရပ်လုံးကိုထိခိုက်မှုများ ဖြစ်စေနိုင်ပါတယ်။
လုပ်ငန်းကျွမ်းကျင်သူများလိုက်နာရမည့်ကျင့်ဝတ်များကိုထားရှိခြင်းရဲ့ အကျိုးကျေးဇူးများ
လုပ်ငန်းကျွမ်းကျင်သူ (Professional) များလိုက်နာရမည့် ကျင့်ဝတ်များဟာ ထိုသက်မွေးဝမ်းကျောင်းအလုပ် တစ်ခုအတွင်းရှိ အဖွဲ့ဝင်များအားလုံးမှ ထိုကဲ့သို့ပြုမူရန်အတွက်မျှော်လင့်ထားတဲ့ စံတစ်ရပ်ကို သတ်မှတ်ပေးနိုင် ပါတယ်။ ထိုအရာက အများပြည်သူလူထုရဲ့ကောင်းကျိုးသုခချမ်းသာကို ကာကွယ်ရန်အတွက် လုပ်ဆောင်မည်ဟု ကတိကဝတ်ပြုထားသည့် ပုံစံတစ်ခုဖြစ်ပါသည်။ လုပ်ငန်းကျွမ်းကျင်သူများလိုက်နာရမည့် ကျင့်ဝတ်များဟာ ပြည်သူလူထုမှ ဆရာဝန်တစ်ဦး၊ ရှေ့နေတစ်ဦး၊ စာရင်းစစ်တစ်ဦး (ဒါမှမဟုတ်) ပိုင်ဆိုင်မှုများကိုစီမံခန့်ခွဲသူတစ်ဦး ထံမှ ဘယ်လိုအရာတွေကို မျှော်လင့်လို့ရနိုင်သလဲဆိုတာကို အသိပေးအကြောင်းကြားပေးပါတယ်။ ၎င်းလုပ်ငန်း ကျွမ်းကျင်သူ (professional) များမှ အဆိုပါစံနှုန်းများနှင့်ကိုက်ညီမှုရှိနေသရွေ့ ပြည်သူလူထုဟာ သူတို့ရဲ့ သက် မွေးဝမ်းကျောင်းလုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းများကို တည်ထောင်ရန်နှင့် ၎င်းတို့လိုက်နာရမည့် ကျင့်ဝတ်များကို ပြဌာန်းနိုင်စေဖို့ဆန္ဒရှိကြမှာဖြစ်ပါတယ်။
ဤကျင့်ဝတ်များကို ထပ်ခါတလဲလဲနှင့်လွန်မင်းစွာချိုးဖောက်လာသည့်အခါတွင် ပြည်သူလူထုမှ သူတို့အားအကာ အကွယ်ပေးနိုင်သည့် ဥပဒေများကိုတောင်းဆိုလာနိုင်ပါတယ်။ ၂၀၀၂ ခုနှစ် Sarbanes-Oxley ဥပဒေဟာ အဆိုပါ ချိုးဖောက်မှုများဖြစ်လာခြင်းမှကာကွယ်ရန်နှင့် ပြည်သူလူထုထံမှ ထွက်ပေါ်လာသည့်အသံများအတွက် ပြဌာန်း သတ်မှတ်လိုက်သည့် တုန့်ပြန်မှုတစ်ခုဖြစ်ပါသည်။ လုပ်ငန်းကျွမ်းကျင်သူအများစုဟာ စည်းမျဉ်းစည်းကမ်းများ ကို ပြင်ပသို့ထုတ်ဖော်ပြောဆိုရမည်ထက် သူတို့ကိုယ်တိုင်ရဲဌာနများသို့သွားရောက်ဖြေရှင်းရသည်ကိုသာ လိုလား ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူတို့လိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကိုဖန်တီးရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်သောကြောင့်ဖြစ်ပါသည်။
ကျင့်ဝတ်ပိုင်းဆိုင်ရာလိုက်နာရမည့်စည်းမျဉ်းစည်းကမ်းများကို အောင်မြင်စွာ အသုံးချခြင်း
လုပ်ငန်းကြီးတစ်ခုအတွင်းတွင် အထက်မှ အောက်သို့ ကူညီထောက်ပံ့မှုပေးခြင်းဟာ အရေးကြီးပါတယ်။ အကယ်လို့ အကြီးတန်းစီမံခန့်ခွဲသူတစ်ဦးဟာ လူမှုကျင့်ဝတ်များနဲ့ လျှော်ညီစွာပြုမူမှုမရှိပဲ ၎င်းတို့ကို လျှော်ညီစွာ ပြုကျင့်တဲ့အခြားသူများကို ကူညီအားပေးထောက်ပံ့မှုမပြုပါက ထိုအဖွဲ့အစည်းရဲ့ လူမှုကျင့်ဝတ်ပိုင်းဆိုင်ရာလိုက် နာရမည့်စည်းမျဉ်းများဟာ အဓိပ္ပါယ်ရှိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် မန်နေဂျာများနှင့် အလုပ်အမှုဆောင်များ အတွက် အရေးကြီးသောအရာများမှာ -
- ကုမ္ပဏီရဲ့ကျင့်ဝတ်များနဲ့လျှော်ညီစွာ အစဉ်တစိုက်ပြုမူပါ
- အဆိုပါ စံသတ်မှတ်ချက်များကို ဝန်ထမ်းများနှင့်ပြောဆိုဆက်ဆံရာတွင် အသုံးပြုပါ။
- ကုမ္ပဏီရဲ့လိုက်နာရမယ့်ကျင့်ဝတ်များနဲ့ ညီညွှတ်စွာအစဉ်အမြဲပြုမူနေထိုင်သူတို့အား အသိအမှတ်ပြုပါ၊ ဆုချပေး ပါ။ ကျင့်ဝတ်များနဲ့လျှော်ညီစွာပြုမူနေထိုင်သည့် အပြုအမူများအားလုံးကို အမှန်တကယ်တန်ဖိုးထားတယ်ဆိုတာ ကိုအများသိစေရန်အတွက်ကြေငြာမှုပြုပါ။ အခြားသောဖက်တွင်လည်း ကျင့်ဝတ်များနှင့်လျှော်ညီစွာပြုမူနေထိုင် သူဝန်ထမ်းများကို ဆုကြေးငွေများ၊ ရာထူးတိုးမြှင့်ပေးမှုများ ပြုလုပ်ပေးပြီး ကျင့်ဝတ်များနှင့် လျှော်ညီစွာပြုမူနေ ထိုင်မှုမပြုသူများကို ထိုအရာကလိုလားအပ်တဲ့ အမူအကျင့်များမဟုတ်ကြောင်းကို အသိပေးပြောဆိုပါ။
- ကျင့်ဝတ်ဆိုင်ရာစည်းကမ်းချက်များနဲ့လျှော်ညီအောင်နေထိုင်ခြင်းဆိုသည်မှာ ငြိမ်သက်နေဖို့၊ ဘာမှမလုပ်ပဲရှိနေဖို့ တော့မဟုတ်ပါဘူး။ ထိုအရာကိုပြန်လည်သုံးသပ်ခြင်းနှင့် အကဲဖြတ်မှုများပြုလုပ်ပေးရန်လိုအပ်ပါတယ်။ ကုမ္ပဏီ များဟာ အချိန်အပိုင်းအခြားအလိုက် သူတို့ရဲ့ ဦးစားပေးအရာများကို ပြန်လည်သုံးသပ်မှုပြုလုပ်ပြီး လိုအပ်တဲ့ ချိန်ညှိမှုများကိုပြုလုပ်သွားရမှာဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့ရဲ့ စံသတ်မှတ်ချက်များနဲ့သင်ကြားမှုများဟာ ခေတ်နောက်ကျကျန်ခဲ့မှာဖြစ်ပါတယ်။
ဒီဆောင်းပါးလေးကိုဖတ်ရှုပြီးနောက် စာဖတ်သူပရိသတ်များအနေနဲ့ လုပ်ငန်းခွင်အတွင်းတွင် ကောင်းမွန်တဲ့အမူ အကျင့်များနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာများကို လိုက်နာနိုင်ကြဖို့အတွက် ပိုမိုကြိုးစားလာကြမယ်လို့ ယုံကြည်ပါတယ်။ စာဖတ်သူတို့ကို ဒီအခန်းဆက်ဆောင်းပါးလေးဟာ အထောက်အပံ့ဖြစ်ပါစေလို့ ကျွန်တော်တို့ jobsinyangon.com အဖွဲ့သားများက ဆုတောင်းပေးရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
I.E.M Co., Ltd.
Vision
“ One Stop Solution for Power, Generation, Drive & Control”
Mission
* Deliver quality products & services by meeting customer needs and
expectations.
* Dedicated with applicab...
Show the postings (1)
International Travel Asia Co., Ltd.
Ideal Future Co., Ltd.
..Web Design and Development, Digital Marketing, Merchandising.Ideal Technology was founded by a group of young innovators in 2006. The company has been a successful company for many years in the fiel...
Show the postings (4)