by www.jobsinyangon.com
Tags: Knowledge-Time-Management-Workplace-JobsinYangon
အလုပ်ခွင်အတွင်းတွင် အချိန်စီမံခန့်ခွဲခြင်း၏ အရေး ပါပုံ
အချိန်စီမံခန့်ခွဲခြင်းဟာ ဘဝတွင် ယျေဘူယျအားဖြင့် အရေးကြီးပါသည်။ အထူးသဖြင့် လုပ်ငန်းခွင် အတွင်းတွင် ပို၍အရေးကြီးပါသည်။ သင့်ရဲ့အချိန်အား ကောင်းမွန်စွာစီမံခန့်ခွဲခြင်းဖြင့် များစွာသော အကျိုးကျေးဇူးများကို ရရှိမှာဖြစ်ပါတယ်။
ချိန်းဆိုမှုများနဲ့ နောက်ဆုံးထားပေးအပ်ရမည့်ရက်များကိုနောက်ကျ တော့မှာမဟုတ်ပါဘူး
နောက်ဆုံးထားလုပ်ဆောင်ရမည့်ရက်များနှင့် ချိန်းဆိုမှုများဟာ များသောအားဖြင့်လိုက်လံလုပ်ဆောင် ရန်ခက်ခဲပြီး သင်သတိမထားဘူးဆိုရင် အမှားအယွင်းများဖြစ်ဖို့ရာလွယ်ကူလှပါတယ်။ သင့်ကိုယ်သင် မှန်ကန်တဲ့လမ်းကြောင်းပေါ်တွင်ရှိနေပြီး အချိန်မှီအလုပ်ပြီးမြောက်ဖို့အတွက်ဆိုလျှင် သင့်အနေနဲ့ အချိန်မှီစတင်နိုင်ဖို့အတွက်လိုအပ်ပါတယ်။ သင့်ရဲ့အလုပ်အား သတ်မှတ်ထားသည့် အချိန်ကာလများ အတွင်း၊ သင့်အနေနဲ့ကိုင်တွယ်လုပ်ဆောင်နိုင်လောက်မည့် အစိတ်အပိုင်းလေးများအသွင်ဖြင့် ခွဲခြမ်း စိတ်ဖြာပြီး ဆောင်ရွက်နိုင်စေဖို့ရာအတွက်ကိုလည်း သေချာအောင်ပြုလုပ်ရန်လိုအပ်ပါသည်။
သင့်အနေနဲ့အာရုံပိုမိုစုစည်းကာလုပ်ဆောင်ပြီးခက်ခဲသောအလုပ်များကြောင့်တွန့်ဆုတ်ခြင်းနည်းအောင် ပြုလုပ်ရပါမယ်။
သင်ဟာကြိုတင်သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း လုပ်ဆောင်နေရခြင်းဖြစ်ပြီး တစ်နေ့တာ အတွက်သတ်မှတ်ထားတဲ့ အချိန်အတိုင်းအတာတစ်ခုအတွင်း ခွဲခြမ်းမျှဝေထားသည့်တာဝန်များအား လုပ်ဆောင်နေရသည်ဟုသိရှိရတဲ့အခါမှာ သင့်အနေနဲ့အာရုံစူးစိုက်မှုရရှိစေရန်အတွက် ပိုမိုလွယ်ကူစေ ပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သင်တစ်ဦးတစ်ယောက်အတွက် သီးသန့်နောက်ဆုံးထားလုပ် ဆောင်ရမည့်အချိန်များ လုပ်ငန်းတာဝန်တိုင်းတွင်ရှိနေသောကြောင့်ဖြစ်ပါသည်။ ရလာဒ်အနေနဲ့သင်ဟာ အဆိုပါလုပ်ငန်းတာဝန်များကို နှောင့်နှေးစွာလုပ်ဆောင်ချင်မှု ပိုမိုနည်းပါးပါလိမ့်မယ်။
မလိုလားအပ်သောစိတ်ဖိစီးမှုများမှရှောင်ရှားနိုင်ပါလိမ့်မယ်
နောက်ဆုံးထားပေးအပ်ရမည့်အချိန်အကန့်အသတ်တစ်ခုအတွင်းအလုပ်ပြီးမြောက်အောင်ဆောင်ရွက်ရခြင်းက စိတ်ဖိစီးမှုများကိုဖြစ်စေပါသည်။ အဘယ်ကြောင့်ဆိုသော် သင်အောင်မြင်နိုင်မှာလားဆိုတာ ကို သင်မသိတဲ့အတွက်ပဲဖြစ်ပါတယ်။ သို့သော် ကောင်းမွန်သောအချိန်စီမံခန့်ခွဲမှုဟာ သင့်ရဲ့အလုပ်လုပ် ရတဲ့နေ့တစ်နေ့တာလုံးအနေဖြင့်ရှုမြင်ဖို့မဟုတ်ပဲသင့်အနေနဲ့ဖြတ်သန်းလုပ်ဆောင်ရမယ့်လုပ်ငန်းဆောင်တာအစီအစဉ်များအနေဖြင့်ရှုမြင်နိုင်စေရန်အတွက်အကူအညီပေးပါတယ်။ သင်လုပ်ဆောင်ရမည့်လုပ် ငန်းဆောင်တာများကို သင်ပြီးဆုံးသင့်သောအချိန်အတိုင်းအတာများနှင့် ထိုကဲ့သို့စီစဉ်ချမှတ်လိုက်ခြင်း အားဖြင့် အရေးကြီးသည့်ကိစ္စရပ်များကို ရွေးထုတ်ကာ ထိုအရာများအတွက်ကြိုတင်ပြင်ဆင်ဖို့ရာ အတွက် ပိုမိုလွယ်ကူလာစေသောကြောင့် အဆိုပါကိစ္စရပ်ကြောင့် စိတ်ဖိစီးမှုများဖြစ်ပေါ်ခြင်းကို နည်းပါးလာစေမည်ဖြစ်ပါသည်။
သင့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုဂုဏ်သတင်းအား ထိန်းသိမ်းထားနိုင်ပါလိမ့်မည်
နောက်ဆုံးထားပေးအပ်ရမည့် အချိန်အကန့်အသတ်များအား အချိန်မှီမဆောင်ရွက်နိုင်ခြင်း၊ အစည်း အဝေးများကိုမေ့လျော့ခြင်း၊ လုပ်ငန်းစီမံကိန်းများကို အလျှင်စလိုပြုလုပ်ရခြင်းတို့မှာ ညံ့ဖျင်းသော အချိန်စီမံခန့်ခွဲမှု၏ ရလာဒ်များဖြစ်ပြီး ထိုအရာများမှာအချိန်အတိုင်းအတာတစ်ခုအထိဖြစ်လာပါက သင့်ရဲ့နာမည်ဂုဏ်သတင်းအား ထိခိုက်စေနိုင်ပါသည်။ သို့သော် ကောင်းမွန်သောအချိန်စီမံခန့်ခွဲမှုက ထိုအရာများဖြစ်လာနိုင်ခြေမရှိအောင်နှင့် သင့်ရဲ့လုပ်ငန်းကျွမ်းကျင်မှုဂုဏ်သတင်းအားတည်ဆောက်ရန် နှင့် ရေရှည်တည်တံ့မှုရှိစေရန်အတွက်အကူအညီပေးနိုင်ပါသည်။
သင့်အနေနဲ့ ဒါဏ်ကြေးများမှရှောင်လွှဲနိုင်မည်ဖြစ်ပါသည်
သင့်ရဲ့အချိန်မှီပေးအပ်ရမည့်အလုပ်စီမံကိန်းများထက်ပိုအရေးကြီးတဲ့အရာများလည်းရှိပါသည်။ ဥပမာ - လစဉ်လတိုင်းသင့်အနေ နဲ့နောက်ကျခဲ့ပါက ပေးဆောင်ရသော အပိုဆောင်းဒါဏ်ကြေး ၅% အား မပေးဆောင်ချင်ဘူးဆိုပါက သင့်အနေဖြင့် အခွန်အခများကိုအချိန်မှီပေးဆောင်ဖို့ရာအတွက် လိုအပ်ပါ သည်။ သင့်ရဲ့ပြက္ခဒိန်ပေါ်တွင် တိကျသောအချိန်အပိုင်းအခြားများဖြင့် အခွန်အခများပေးဆောင်ရန်နှင့် အခြားသော သင့်အလုပ်ရှိ တရားရေးရာနှင့်သက်ဆိုင်သောကိစ္စများကို လုပ်ဆောင်ရန် သတ်မှတ်ထား ပါက ဒါဏ်ကြေးများပေးဆောင်ရခြင်းမှ ရှောင်ရှားနိုင်မည်ဖြစ်ပါသည်။
သင့်အနေဖြင့်ပိုမိုကောင်းမွန်သော အလုပ်နှင့်ဘဝမျှခြေအားစီစဉ်ချမှတ်နိုင်မည်ဖြစ်ပါသည်။
ထိရောက်မှုရှိသော အချိန်စီမံခန့်ခွဲမှုဆိုသည်မှာ သင့်ရဲ့တစ်နေ့တာအတွက်တရားဝင်အချိန်စာရင်းရှိနေ ခြင်းကိုဆိုလိုပါသည်။ သင့်ရဲ့တစ်နေ့တာကို သင့်အလုပ်နှင့်သက်ဆိုင်သောအရာများနှင့် သင့်တစ်ကိုယ် ရေကိစ္စများကို စာရွက်ပေါ်တွင်ပိုင်းခြားစိတ်ဖြာမှုပြုလုပ်လိုက်တဲ့အခါမှာ သင်ဟာ တိကျသေချာတဲ့ အလုပ်နဲ့ ဘဝမျှခြေအားရရှိဖို့ရန်အတွက် ပိုမိုနီးကပ်လာစေသည့် အရေးကြီးသောအဆင့်တစ်ခုအား ကျော်ဖြတ်နိုင်ပြီဖြစ်ပါသည်။ ထိုအရာက သင့်ထံတွင်နှစ်ခုလုံးအတွက် အချိန်ရှိစေရန်အတွက် သေချာ စေရန်ပြုလုပ်ပေးနိုင်ပါသည်။
အထက်ပါအကြောင်းအရာများကတော့ အချိန်စီမံခန့်ခွဲခြင်းရဲ့အဓိကကျတဲ့ အကြောင်းအရာများပဲ ဖြစ်ပါတယ်။ သို့သော်လည်းသင့်ရဲ့လူမှုဘဝနေထိုင်မှုပုံစံတွင် ပိုမိုကောင်းမွန်သော အပြောင်းအလဲများ ဖြစ်လာစေရန်အတွက် သင့်အနေနဲ့ အချိန်စီမံခန့်ခွဲမှုကြောင့်တွေ့ကြုံရနိုင်တဲ့ပြဿနာများကို ပိုမို လေးနက်စွာလေ့လာဖို့လိုအပ်ပါလိမ့်မယ်။
တစ်နည်းအားဖြင့် သင်အနေနဲ့အချိန်ဖြုန်းနေခြင်းကိုရပ်တန့်သင့်ပြီး အချိန်ကိုအမျှော်အမြင်ရှိစွာ စတင် အသုံးချသင့်ပါသည်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Camusat Myanmar Co., Ltd
OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
Eastern Group of Companies
We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Phee Int'l Shipping Myanmar Ltd
MISSION:
To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs.
VISION:
To be the P...
Show the postings (50)