by Admin
Tags: work job in Burma Yangon job myjob
The Art of the Job Search – The Job Application Process
အလုပ်ရှာခြင်း - အလုပ်လျှောက်လွှာတင်ခြင်း နည်းလမ်းများ
လူကြီးမင်းသည် Job Hunt မှ တဆင့် အလုပ်ရှာဖွေရာတွင် လူကြီးမင်းသည် များစွာသော အလုပ်လျှောက်လွှာများကို ပြီးဆုံးအောင်ပြုလုပ်ရမည်ဖြစ်ပါသည်။ လူကြီးမင်းသည် အလုပ်လျှောက်လွှာများကို Online မှ ဖြည့်ပြီး ၄င်းတို့ကို အလုပ်ရှင်များ ကြည့်ရှုမည်ဖြစ်ပါသည်။ အလုပ်ရှင်၏ ရုံးတွင် လူကြီ်းမင်းပြီးဆုံးခဲ့သည် စမ်းသပ်ချက်များကို လည်း လူကြီးမင်း အလုပ်လျှောက်လွှာတင်ခြင်းနည်းလမ်းများမှ တစ်စိတ်တစ်ဒေသအဖြစ် ထည့်သွင်းစဉ်းစားနိုင်မည်ဖြစ်ပါသည်။
Resume နှင့် Cover Letter ကိုတွဲ၍ လျှောက်ထားခဲ့သော်လည်း အလုပ်ရှင်များသည် သူတို့၏ ဝန်းထမ်းခန့်အပ်သည့် နည်းလမ်းများတွင် သီးသန့်လျှောက်လွှာများကို လိုအပ်ပါသည်။ ထို့ကြောင့် လုပ်ငန်းရှင်အတွက် လိုအပ်သည့် အချက်အလက်များကို အလုပ်လျှောက်လွှာတစ်ခု ကောင်းကောင်းမွန်မွန် ပြုလုပ်နိုင်သည့် နည်းလမ်းများကို ဖော်ပြပေးလိုပါသည် ။
လူကြီးမင်း၏ အလုပ်လျှောက်လွှာကို လူကြီးမင်း၏ Resume နှင့် ကိုက်ညီအောင်ပြုလုပ်ပါ။ လူကြီ်းမင်း၏ Resume တွင် ဖော်ပြထားသည့်အတိုင်း အလုပ်သမိုင်းနှင့် ပညာရေးကို သေချာအောင် ၊ကိုက်ညီအောင်ပြုလုပ်ပါ။ မည်သည့်ခြားနားချက်မဆို အလုပ်ရှင်အတွက် တွေးတောစဉ်းစာစရာ ( Red flag) ဖြစ်နိုင်ပါသည်။
လျှောက်လွှာတစ်စောင်ဖြည့်ခြင်းကို လေ့ကျင့်ပါ။ Online တွင် လျှောက်လွှာ sample များကို ရှာဖွေနိုင်ပါသည်။ မတူညီသော လျှောက်လွှာပုံစံအမျိုးမျိုးကို ပြီးပြည့်စုံအောင် လေ့ကျင့်ပြီး ရည်ညွန်းချက်အတွက် အလားအလာရှိသောအလုပ်ရှင်၏ လျှောက်လွှာကို ဖြည့်သောအခါ ၄င်းတို့ကို ယူသွားပါ။ ပုဂ
Appointment မယူဘဲ လျှောက်ထားသောအခါ လျှောက်လွှာကို အိမ်ကို ယူခဲ့ပါ။ လူကြီးမင်းသည် ၄င်းကို ပြီးပြည့်စုံအောင်ပြုလုပ်ရန် အချိန်ယူုနိုင်ပါသည်။ ၄င်းကို အမှားကင်းကင်းဖြင့် လွယ်ကို စွာဖတ်နိုင်ပြီး သေချာအောင်ပြုလုပ်နိုင်ပါသည်။ ၄င်းကဲ့သို့ လျှောက်ရာတွင်လည်း on the spot အင်တာဗျူးအတွက် အဆင်သင့်ဖြစ်အောင်ပြုလုပ်ပါ။ ၄င်းသည် အလုပ်ရှင်မှ လူကြီးမင်းအား စကားပြောချင်လာအောင် ပြုလုပ်ပြီး လူကြီးမင်း၏ ရည်မှန်းချက်ကြီးမှုကို ပြသနိုင်မည်ဖြစ်ပါသည်။
Online မှတဆင့် လျှောက်ထားသောအခါ “ submit” မလုပ်ခင်အထိ လိုအပ်ချက်များ၊ ညွှန်ကြားချက်များကို တိတိကျကျ လိုက်နာရန် လိုအပ်ပါသည်။ ဖြစ်နိုင်ပါက လျှောက်လွှာကို copy လုပ်ကာ သိမ်းထားပြီး result အတွက် အီးမေးလ်ဖြင့် အတည်ပြုချက်ကို သိမ်းထားပါ။ ၄င်းသည် လူကြီးမင်း Follow up လုပ်ရန်အတွက် လူကြီးမင်းတင်ထားသော digital application ကိုပြန်လည် လိုက်ရန် အကူအညီပေးမည်ဖြစ်ပါသည်။
လျှောက်လွှာ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော စမ်းသပ်မှုပြုလုပ်ခြင်းအတွက်လည်း အဆင့်သင့်ဖြစ်အောင်ပြုလုပ်ပါ။
Screen လုပ်ထားသော လျှောက်လွှာရှင်များကို typing, ယေဘုံယျသင်္ချာ သို့မဟုတ် အခြားသော assessment များကို လည်း ပြုလုပ်နိုင်ပါသည်. တစ်ခါတစ်ရံ အင်တာဗျူးမလုပ်ခင် အလုပ်ရှင်များသည် test ကို ပြုလုပ်ရန် လိုအပ်ပါသည်။ ထိုအခါ ၄င်း assessment များကို အချိန်မှန် ပြီးပြည့်စုံအောင် ပြုလုပ်ခြင်းသည် လူကြီးမင်း၏ ပြိုင်ပွဲအတွက် ထပ်မံပြုလုပ်လိုက်သော အရာလည်း ဖြစ်နိုင်ပါသည်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.