by JOBLESS
Tags: the most common interview questions hire lack of experience employee employers.
ဒီလို မေးခွန်းမျိုးကို သွေးတိုးစမ်းတဲ့ မေးခွန်းလို့ ခေါ်ပါတယ်။ ဘယ်အလုပ်ရှင်မဆို ကိုယ်ခန့်လိုက်တဲ့ အလုပ်သမားကို လုပ်ငန်းနဲ့ မြန်မြန်ဆန်ဆန် အံဝင်ဂွင်ကျတာကို လိုချင်ကြမှာပါ။ ဒါကြောင့် အလုပ်ခေါ်တဲ့အခါ အတွေ့အကြုံရှိသူတွေကို ဦးစားပေးခေါ်ယူလေ့ရှိ ကြပါတယ်။ လုပ်ငန်း အတွေ့အကြုံ မရှိသေးသူ၊ အားနည်းသူတွေအနေနဲ့လည်း ဒီလိုမေးခွန်းမျိုးနဲ့ ကြုံလာတဲ့အခါ စိတ်ပျက် အားငယ်စရာ မလိုပဲ လုပ်ငန်းရှင် အကြိုက် အကောင်းဆုံး အဖြေကို ဖြေတတ်ဖို့ လိုပါတယ်။ ဘယ်လိုအဖြေလဲဆိုတော့ -
"လူတိုင်းက လုပ်ငန်းသဘော၊ သဘာဝတွေကို သင်ယူတတ်မြောက်ကြရတာပါ။ အတွေ့အကြုံထက် အရည်အချင်းက အလေးသာပါတယ်။ အတွေ့အကြုံကောင်းတွေရပြီး ဝေဖန်ပိုင်းခြားသုံးသပ်နိုင်တဲ့ အရည်အချင်းမရှိရင် သိတာက သိတာပဲ ဖြစ်နေမှာပါ။ သိထားတဲ့ အသိကို ရှိအောင်လုပ်တဲ့နေရာမှာ စွမ်းဆောင်ရည်နဲ့ အရည်အသွေးက အရေးကြီးပါတယ်။"
ဒီလို အဖြေမျိုးက အတွေ့အကြုံ မရှိသေးသူတွေ၊ အားနည်းသူတွေအတွက် အကောင်းဆုံး အဖြေပါ။ ဒီထက်ပို ထင်ရှားချင်ရင်၊ အသိအမှတ်ပြုခံချင်ရင်တော့ လုပ်ငန်းခွင်ပြင်ပဖြစ်တဲ့ လူမှုပတ်ဝန်းကျင်၊ ကျောင်းပတ်ဝန်းကျင်၊ နေထိုင်ရာ ပတ်ဝန်းကျင်တွေမှာ ကိုယ်က ဦးဆောင်ပြီး ရရှိခဲ့တဲ့ အောင်မြင်မှုတွေကို ဥပမာပေး ထည့်သွင်း ရှင်းပြသင့်ပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.