ချိတ်ဆွဲရန်စာတန်း: News-Apple-iPadAir-4-JobsInYangon
ထွက်ရှိလာမည့် iPad Air အသစ်တွင် Lightning Cable အစား USB-C connector ပါဝင်လာမှာဖြစ်ပါတယ်။
ပြီးခဲ့သောမတ်လအတွင်း Apple ဟာ ကာလအတန်ကြာရပ်နားထားပြီးနောက်တွင် iPad Air ပုံစံ အသစ်တစ်ခုကိုစတင်မိတ်ဆက်ခဲ့ပါတယ်။ ယခုအခါတွင် စတုတ္ထမျိုးဆက်ဖြစ်လာမယ့် ထိုပစ္စည်း ဟာ ပုံမှန်ပါနေကျ lightning connector အစား USB-C အားသွင်းပေါက်နဲ့ထွက်ရှိလာမှာဖြစ်ပါ တယ်။
ဒေါ်လာ ၆၀၀ခန့်ရှိမယ့် ဒီ iPad Air ဟာ Apple ရဲ့ထုတ်ကုန်များထဲမှ အလယ်အလတ်တန်းစား Tablet တစ်လုံးဖြစ်ပြီး မကြာမှီကာလများအတွင်း ဒီစီးရီးအတွင်းကနောက်ထပ်မော်ဒယ်အသစ် တစ်ခုကို တွေ့မြင်နိုင်တော့မှာပဲဖြစ်ပါတယ်။
Mac Otakara ဟုခေါ်တွင်တဲ့ ဂျပန်လူမျိုးသတင်းပေးသူရဲ့အဆိုအရ တရုတ် supplier များက ဒီ စတုတ္ထမျိုးဆက် iPad Air တွင် USB-C connector နဲ့ထွက်ရှိလာလိမ့်မည်ဟု တိုက်ရိုက်အတည်ပြု ပြောကြားခဲ့တယ်လို့သိရှိခဲ့ရပါတယ်။
iPad Air 3 ဟာ iPad Pro 2019 ရဲ့ ဒီဇိုင်းအပေါ်တွင်အခြေခံပြီးထုတ်လုပ်ထားခြင်းဖြစ်ပြီး ယခု ထုတ်ကုန်အသစ်ဟာလည်း ဒီစီးရီးကိုပဲအခြေခံပြီးထုတ်လုပ်လာနိုင်ခြေရှိနေပါတယ်။ Otakara ရဲ့ ပြောဆိုချက်အရတော့ ဒီ iPad Air 4 ဟာ iPad Pro 11 ကို ပိုမိုပေါ့ပါးတဲ့ပုံစံနဲ့ပြန်လည်ထုတ်လုပ် ထားခြင်းဖြစ်တယ်ဟု ဆိုခဲ့ပါတယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။