ချိတ်ဆွဲရန်စာတန်း: News-Update-For-iOS-JobsInYangon
iOS အတွက် update အသစ်ကတော့ ထွက်ရှိလို့လာခဲ့ပါပြီ
Apple ရဲ့ iOS 13.7 update ဟာ ထွက်ရှိလာခဲ့ပြီဖြစ်ပြီး ဒီအရာဟာ iOS အသုံးပြုသူများအတွက် အရေးကြီးတဲ့ update တစ်ခုဖြစ်ပါတယ်။ မေးခွန်းကတော့ - ဒီ update က ပြင်ဆင်ပေးနိုင်မယ့်အရာတွေထက် ပြဿနာကပိုများနေနိုင်သလား?
iOS 13.7 ဟာ iOS 13 နဲ့ကိုက်ညီတဲ့ device များတွင် update ပြုလုပ်၍ရနိုင်မှာဖြစ်ပြီး ဒီအရာကို iPhone 6S နဲ့ အထက်ဖုန်းများနဲ့ 7th generation iPod touch တို့တွင် update ပြုလုပ်၍ရရှိနိုင်မှာဖြစ်ပါတယ်။ အဆိုပါ update ကို update ပြုလုပ်ဖို့အတွက် အလိုအလျှောက်အကြောင်းကြားပေးတဲ့ notification ကို ရရှိမှာဖြစ်သော်လည်း Settings>General>Software Update ကနေတဆင့်လဲ ကိုယ်တိုင်စစ်ဆေးကြည့်၍ရနိုင်ပါတယ်။
ယခုအချိန်အထိမှာတော့ iOS 13.7 ကို update ပြုလုပ်ခဲ့တဲ့သူများက graphics glitches များ၊ WiFi နဲ့ မိုဘိုင်းဖုန်းလိုင်းပြတ်တောက်မှုများ၊ Face ID bugs များနဲ့ ဘက်ထရီအားမခံတဲ့ပြဿနာတွေအကြောင်း ကွန်ပလိန်းများတက်ခဲ့ကြတာကိုတွေ့ရှိရသော်လည်း လူအနည်းမျှသာ ထိုသို့ကြုံတွေ့ခဲ့ရပါသေးတယ်။ အကယ်၍ သင်ဟာဖုန်းအပေါ်ဂရုတစိုက်ရှိတဲ့သူတစ်ဦးဆိုရင်တော့ သင့်အနေနဲ့ အဆိုပါ update stable ဖြစ်တဲ့ အထိစောင့်ဆိုင်းပြီးမှ update ပြုလုပ်ဖို့အတွက်ကို ကျွန်ုပ်တို့က အကြံပေးလိုပါတယ်။
အဆိုပါ iOS update အသစ်တွင် ယခင် iOS version အတွက် bug fixes နဲ့ တိုးတက်အောင် ပြင်ဆင်ဆောင်ရွက်မှုများအပြင် ကိုရိုနာဗိုင်းရပ်စ်ကို ကူညီတိုက်ဖျက်နိုင်ရန်အတွက် Exposure Notifications System ဆိုတဲ့လုပ်ဆောင်ချက်အသစ်တစ်ခုလည်း ပါဝင်လာမှာဖြစ်သလို Memoji စတေကာအသစ်များနဲ့ Files app ကနေတဆင့် iCloud Drive Folder Sharing ပြုလုပ်နိုင်ဖို့လုပ်ဆောင်ချက်များလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့ကို ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။