Tags: News-YouTube-Gmail-System-Failure-JobsInYangon
System Failure တစ်ခုကြောင့် YouTube နဲ့ Gmail ပြတ်တောက်ရခြင်းတို့ မကြာသေးမှီက ဖြစ်ပွားခဲ့
ပြီးခဲ့တဲ့အပတ် တနင်္လာနေ့ကဖြစ်ပွားခဲ့တဲ့ Global authentication system outage ဟာ Google User ID services ကို သက်ရောက်မှုရှိစေတဲ့ automated quota management system ပြတ်တောက်မှုကြောင့် ဖြစ်ပွားခဲ့ရတာဖြစ်ကြောင်းကို Google မှ ပြောကြားလာခဲ့ပါတယ်။
အဆိုပါတစ်ကမ္ဘာလုံးတွင် ဖြစ်ပွားခဲ့တဲ့ System failure ကြောင့် အသုံးပြုသူများဟာ သူတို့ရဲ့အကောင့်များသို့ ၀◌င်ရောက်နိုင်ခြင်း၊ Cloud ဝန်ဆောင်မှုတိုင်းကိုအသုံးပြုနိုင်ခြင်းမရှိဖြစ်ခဲ့ရပြီး Gmail, YouTube, Google Drive, Google Maps, Google Calendar နဲ့ အခြားသော Google ရဲ့ ဝန်ဆောင်မှုများကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ၁ နာရီခန့်ကြာ အသုံးပြု၍မရနိုင်ပဲဖြစ်ခဲ့ရပါတယ်။
အဆိုပါပြတ်တောက်မှုဖြစ်ပွားစဉ်အတွင်း အသုံးပြုသူများဟာ Gmail mobile app များမှတဆင့် e-mail များပေးပို့၍မရခြင်း၊ POP3 desktop client များမှ e-mail များ မရရှိနိုင်ခြင်းတို့ကို တွေ့ကြုံခဲ့ရပြီး YouTube အသုံးပြုသူများကတော့ YouTube တွင် error message တစ်ခုဖြစ်တဲ့ “There was a problem with the server (503) – Tap to retry.” ဆိုတဲ့စာသားများကိုသာ ပြသနေခဲ့တယ်လို့ ဆိုထားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.