Jobs In Myanmar
Load...

The Top 3 Benefits of An Employee Upskilling Program

by www.jobsinyangon.com


Tags: Knowledge-HRM-Upskilling-Benefits-JobsInYangon



ဝန်ထမ်းများကို Upskilling ပြုလုပ်ပေးနိုင်သော Program များထားရှိရခြင်းကြောင့် ရရှိလာနိုင်သော အဓိက အကျိုးကျေးဇူး (၃) ချက်

 

ဝန်ထမ်းများရဲ့ နည်းပညာကျွမ်းကျင်မှုများကို တိုးတက်မှုရှိလာစေရန် ရေးဆွဲထားသော သင်ယူလေ့လာရေးနှင့် တိုးတက်မှုရှိစေရေးအစီအစဉ် (Upskilling Program) များဟာ လွန်စွာလျှင်မြန်စွာတိုးတက်၍လာနေပြီပဲဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Verizon မှလည်း Covid-19 ကပ်ရောဂါကြောင့် အလုပ်လက်မဲ့ဖြစ်နေသော အမေရိကန်နိုင်ငံသားများကို Junior Cloud Practitioner, Junior Web Developer, IT Help Desk Technician နဲ့ Digital Marketing Analyst ကဲ့သို့သော position များကို လုပ်ကိုင်နိုင်စွမ်းရှိလာစေရန်အတွက် အမေရိကန်ဒေါ်လာ ၄၄ သန်းခန့် မတည်ရင်းနှီး၍ upskilling program တစ်ခုကိုပြုလုပ်ပေးသွားဖို့ စီစဉ်လျှက်ရှိကြောင်း မကြာသေးမှီက ပြောကြားသွားခဲ့ပါတယ်။ Amazon, AT&T နဲ့ JP Morgan Chase ကဲ့သို့သော ကုမ္ပဏီကြီးများဟာလည်း ယခုအခါတွင် Upskilling program များတွင် ရင်းနှီးမြှုပ်နှံမှုများကို ပြုလုပ်လာနေကြပြီပဲဖြစ်ပါတယ်။ 

ကပ်ရောဂါကာလအတွင်း ကုမ္ပဏီများနဲ့ ဝန်ထမ်းများအဖို့ တွေ့ကြုံနေရသော အခက်အခဲများနဲ့ စိန်ခေါ်မှုများကြောင့် ဒီ program များဟာ HR leader တိုင်းကပြုလုပ်ပေးဖို့ စဉ်းစားပေးသင့်တဲ့အရာတစ်ခုဖြစ်ပါတယ်။ Upskilling ပြုလုပ်ပေးဖို့အတွက်ကို အာရုံစိုက်မှုမရှိပါက ကုမ္ပဏီများအနေနဲ့ ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုများတိုးတက်မှုရှိလာစေဖို့လုပ်ဆောင်ရာတွင်၊ ဝန်ထမ်းများရဲ့ ဘဝနေထိုင်မှုကောင်းမွန်ရေးအတွက်အပြောင်းလဲများကို ပြုလုပ်ပေးရာတွင်နှင့် လုပ်ငန်း operation များကို ပိုမို၍အကျိုးအမြတ်များရရှိစေဖို့အတွက် ပြောင်းလဲရာတွင် ခက်ခဲမှုများရှိလာမှာဖြစ်ပါတယ်။ 

 

အလုပ်မရှိခြင်းနှင့် အလွန်အမင်းအလုပ်လုပ်နေရခြင်း 

ကျွန်ုပ်တို့ HR leader များဖြေရှင်းရန်လိုအပ်နေသော အဓိကလုပ်ငန်းခွင်ပြဿနာ ၂ ရပ်ရှိနေပါတယ် - လူများဟာ အလုပ်လက်မဲ့ဖြစ်နေခြင်းနဲ့ အလုပ်လုပ်နေရသော ဝန်ထမ်းများဟာလည်း လုပ်ငန်းခွင်ပင်ပန်းမှုပြဿနာများနဲ့ ရင်ဆိုင်နေရခြင်းတို့ပဲဖြစ်ပါတယ်။ အမေရိကန်နိုင်ငံအတွင်းတွင် ၂၅% သော အရွယ်ရောက်ပြီးသူတို့၏ ပြောဆိုချက်အရ COVID-19 ကပ်ရောဂါကြောင့် သူတို့ကိုယ်တိုင် (သို့) သူတို့အိမ်ရှိ မိသားစုဝင်တစ်ဦးဦးဟာ အလုပ်ပြုတ်ခဲ့ရတယ်လို့ ဆိုခဲ့ပါတယ်။ ဖော်ပြပါ အရွယ်ရောက်ပြီးသူများတွင် တစ်ဝက်ခန့်ဟာ အလုပ်လက်မဲ့ဖြစ်နေဆဲပဲဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပင် ဆက်လက်၍အလုပ်လုပ်ကိုင်နေဆဲဝန်ထမ်းများကိုလည်း ပိုမိုနည်းပါးသောလစာငွေများကိုသာ ပေးအပ်ပြီး အလုပ်တာဝန်များပိုမိုခိုင်းစေခြင်းခံရနေတဲ့အတွက် အလုပ်များကို အချိန်မှီပြီးမြောက်မှုရှိစေနိုင်ရန်အတွက် ရုန်းကန်နေကြရပါတယ်။ 

လက်တလောအတွင်းပြုလုပ်ခဲ့သော စစ်တမ်းကောက်ယူမှုများအရ အမေရိကန်နိုင်ငံအတွင်းတွင် အလုပ်လုပ်ကိုင်နေသော ဝန်ထမ်းများ၏ ၆၀% ခန့်ဟာ လုပ်ငန်းခွင်ပင်ပန်းမှုများကို ခံစားနေရပြီး ထိုအထဲမှ ၄၇% ဟာ သူတို့လုပ်ဆောင်ရသော များပြားလှတဲ့အလုပ်များကြောင့် လုပ်ငန်းခွင်ပင်ပန်းမှုများ ဖြစ်ပေါ်နေပြီး၊ ၃၇% ဟာ လုပ်ငန်းများမှ ထောက်ပံ့ကူညီပေးခြင်းမရှိသောကြောင့် ထိုသို့ဖြစ်နေရပါတယ်။ ကျန် ၂၈% ဟာတော့ သတ်မှတ်ထားတဲ့ လုပ်ငန်းစွမ်းဆောင်ရည်မျှော်မှန်းချက်များကြောင့် ထိုသို့ဖြစ်နေရကြောင်းကို ပြောကြားလာခဲ့ပါတယ်။ ဒီဝန်ထမ်းများရဲ့အခက်အခဲများဟာ လုပ်ငန်းခွင်အတွင်း ပျက်စီးနေတဲ့/ ပြည့်စုံခြင်းမရှိတဲ့ လုပ်ငန်း Process များ၊ လမ်းညွှန်ချက် (manual) များရှိနေကြောင်းကို ပြသလျှက်ရှိနေပါတယ်။ အလုပ်များဟာ တောင်ပုံယာပုံဖြစ်နေပြီး ဝန်ထမ်းများအနေနဲ့လဲ ဘယ်ကစလုပ်ရမှန်းမသိဖြစ်နေသည့်အပြင် လုပ်ငန်းစွမ်းဆောင်ရည်မျှော်မှန်းချက်များဟာလည်း ယခင်ကထက် ပိုမို၍ မြင့်မားလျှက်ရှိနေပါတော့တယ်။  

လက်ရှိ workforce အတွင်းဖြစ်ပေါ်နေသော အခက်အခဲများကို ကြည့်ရှုကြည့်လိုက်ပါက ကုမ္ပဏီများဟာ upskilling လုပ်ဆောင်ချက်များအပေါ်တွင် သိသာစွာရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာကြသည်မှာ အံ့အားသင့်ဖွယ်ရာတော့ မဟုတ်တော့ပါဘူး။ ကပ်ရောဂါအခြေအနေများကြောင့် Digital Transformation Project များကို လျှင်မြန်စွာလုပ်ဆောင်လာကြဖို့အတွက် တွန်းအားဖြစ်ပေါ်စေခဲ့ပြီး ထိုအရာများကို အချိန်နဲ့ တပြေးညီဆောင်ရွက်ပေးနိုင်စေရန်အတွက် ကျွမ်းကျင်သောအရည်အချင်းရှိသူများ လုံလောက်မှုမရှိခြင်းနဲ့ ရင်ဆိုင်နေရပါတော့တယ်။ မည်သို့ပင်ဆိုစေကာမူ ယခုအချိန်တွင် လက်ရှိအလုပ်လုပ်နေသူဝန်ထမ်းများဟာလည်း သူတို့ရဲ့လက်ရှိအလုပ်ဖိစီးနေသောအခြေအနေများမှ အနားရဖို့ လိုအပ်နေပြီး အလုပ်မရှိသေးသူများဟာလည်း အလုပ်များကို လိုအပ်လျှက်ရှိနေပါတယ်။ ဒီအတွက် Upskilling Program များဟာ ဖော်ပြပါ ပြဿနာနှစ်ရပ်စလုံးကိုဖြေရှင်းပေးနိုင်မယ့်အရာတစ်ခုဖြစ်လာပြီး Digital Transformation ဖြစ်ပေါ်လာစေရန်အတွက် လိုအပ်သော talent လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် HR leader များမှ ကြားခံတစ်ခုအနေနဲ့ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ 


Digital Transformation ပြုလုပ်နိုင်ရန် လိုအပ်သော Talent လိုအပ်ချက်များကို ဖြည့်ဆည်းခြင်း

 

၁။ ဝန်ထမ်းများရဲ့တိုးတက်မှုနှင့် လုပ်ငန်းအဖွဲ့အစည်း၏ တိုးတက်မှုတို့ကို ကိုက်ညီမှုရှိစေရန် ချိန်ညှိခြင်း

HR ရဲ့ အဓိကကျတဲ့ လုပ်ဆောင်ချက်များထဲမှ တစ်ခုကတော့ ဝန်ထမ်းများကို တိုးတက်မှုရှိလာစေရေး လုပ်ဆောင်ချက်ပဲဖြစ်ပါတယ်။ များစွာသော Organization များဟာ သူတို့ရဲ့ HR team ကို ဝန်ထမ်းများအား traning ပေးဖို့နဲ့ လုပ်ငန်းအတွက်ကိုလည်း အကျိုးပြုစေနိုင်မည့် skill-building program များကို ပြုလုပ်ပေးဖို့အတွက် ညွန်ကြားမှုများပြုလုပ်နေကြပြီပဲဖြစ်ပါတယ်။ 

Upskilling program တစ်ခုဟာ လုပ်ငန်းစီးပွားရေးလုပ်ဆောင်ချက်များကို နည်းပညာဖြင့်ပေါင်းစည်းကာ ဝန်ထမ်းများရဲ့ တိုးတက်မှုရှိစေရေးနှင့် အဖွဲ့အစည်းဆိုင်ရာရည်မှန်းချက်များ ကိုက်ညီမှုရှိလာစေရေးအတွက်ကို ထိရောက်စွာ ချိန်ညှိမှုများ ပြုလုပ်ပေးနိုင်စွမ်းရှိပါတယ်။ ဥပမာ - သင့်ရဲ့လုပ်ငန်းအဖွဲ့အစည်းတွင် ပိုမိုမြန်ဆန်ထိရောက်သော ငွေပေးချေရေးလုပ်ငန်းစဉ်တစ်ခုကို လိုအပ်နေတယ်ဆိုပါစို့၊ No-code tool များ၏ အကူအညီကိုရယူပြီး သင့်ရဲ့ Finance team ကို ရှိနေပြီးသား company system များကို အချိန်ကုန်၊ ငွေကုန်သက်သာစေမည့် တစ်စုတစ်စည်းတည်းရှိနေသော digital workflow တစ်ခုအဖြစ်သို့ ပြောင်းလဲပေးဖို့အတွက် တာဝန်ပေးလိုက်နိုင်ပါတယ်။ ဒီအခါမှာ Finance team အနေနဲ့လည်း ထိုကဲ့သို့သော အလိုအလျှောက်ပြုလုပ်နိုင်တဲ့ နည်းပညာများကို လုပ်ငန်းစဉ်အတွင်းထည့်သွင်းပေးလိုက်ခြင်းအားဖြင့် data entry ကဲ့သို့သော ငွေပေးချေမှုလုပ်ငန်းစဉ်များကို လုပ်ဆောင်ရာတွင် ပိုမို၍ထိရောက်မြန်ဆန်မှုရှိလာမှာ ဖြစ်ပါတယ်။ 

ထိုကဲ့သို့သော လုပ်ငန်းတစ်ခုအတွင်းရှိ လုပ်ဆောင်ရသောလုပ်ငန်းစဉ်များကို တိုးတက်မှုရှိလာစေရန် ပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းများရဲ့ကျွမ်းကျင်မှုများကိုလည်း တိုးတက်လာစေမှာဖြစ်ပါတယ်။ ဝန်ထမ်းများအနေနဲ့ သီးခြားဖြေရှင်းနည်းများကို မည်သို့တည်ဆောက်ရမည်ဆိုသည်ကို လေ့လာခြင်းအားဖြင့် ဒီကျွမ်းကျင်မှုများကိုအသုံးပြုပြီး နောက်ပိုင်းလုပ်ငန်းစီးပွားရေးဆောင်ရွက်ချက်များတွင် အချိန်ကြာလာသည်နှင့်အမျှ အသုံးချလာနိုင်ကြမှာပဲဖြစ်ပါတယ်။ 

Upskilling program များဟာ ဝန်ထမ်းများကို ယနေ့အလုပ်ဈေးကွက်အခြေအနေအတွက် လိုအပ်သော ကျွမ်းကျင်မှုအသစ်များရရှိလာစေရန်အတွက် ကူညီပေးနိုင်ပြီး လုပ်ငန်းများအတွက်ကိုလည်း အမြတ်ငွေများ ပိုမိုဖြစ်ထွန်းလာစေနိုင်မည့်လုပ်ငန်းစဉ်များကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ စွမ်းဆောင်ရည်မြင့်မားသော Organization များ၏ ၈၆% ခန့်ကလည်း Digital upskilling program များဟာ ဝန်ထမ်းများရဲ့ အလုပ်အပေါ်စိတ်အားထက်သန်မှုနဲ့ စွမ်းဆောင်ရည်များကို တိုးတက်မှုရှိလာစေခဲ့တယ်လို့ ပြောဆိုခဲ့ကြပါတယ်။ 

 

၂။ အလုပ်အကိုင်အသစ်များ 

Upskilling program များဟာ ဝန်ထမ်းများရဲ့ လက်ရှိအလုပ်တာဝန်များအတွက် လိုအပ်သောကျွမ်းကျင်မှုများကို တိုးတက်မှုရှိလာစေသည်သာမကပဲ အလုပ်အကိုင်အသစ်များကိုလည်း ပေါ်ထွန်းလာစေနိုင်ပါတယ်။ 

ဥပမာအားဖြင့် Verizon ရဲ့ program ကဲ့သို့သော upskilling program များဟာ လုံးဝအသစ်ဖြစ်သော ကျွမ်းကျင်မှုများကို လေ့လာသင်ယူမှုပြုလုပ်နိုင်ဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ သို့သော် ထိုကဲ့သို့သော program များဟာ လွန်စွာအဆင်ပြေသော်လည်း ဝန်ထမ်းများကို လုံးဝအသစ်ဖြစ်နေသော နယ်ပယ်တစ်ခုအား သင်ကြားပေးရာတွင် အချိန်နှင့် ငွေကြေးများ မြောက်များစွာအကုန်အကျခံ၍ ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါတယ်။ 

No-code နည်းပညာကိုအသုံးချနိုင်ခဲ့ပါက အတွေ့အကြုံရှိပြီးသားဝန်ထမ်းများအနေနဲ့ သူတို့ထံတွင်ရှိနေသော အသိပညာများနဲ့ကျွမ်းကျင်မှုများကို အသုံးပြုပြီး Citizen Developer များဖြစ်လာနိုင်ပါတယ်။ အဆိုပါအရာအတွက် လေ့ကျင့်ပေးဖို့ဟာလည်း ရက်အနည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ်သာ ကြာမြင့်မှာဖြစ်ပြီး ထိုအရာကို စတင်ပြုလုပ်နိုင်ဖို့အတွက် လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ ကြာမြင့်မှာမဟုတ်ပါဘူး။ 


၃။ ဝန်ထမ်းများရဲ့ ဓိတ်ဓါတ်အင်အားကို မြှင့်တင်ပေးနိုင်ခြင်း 

ကပ်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း အလုပ်မှထုတ်ပယ်ခြင်းခံရနိုင်ခြေများမြင့်တက်လာနေခြင်းကို ကြောက်ရွံ့ခြင်းနှင့် ဝန်ထမ်းများလုပ်ငန်းခွင်ဆိုင်ရာပင်ပန်းမှုအခြေအနေများကို ခံစားနေရခြင်းတို့ဟာ ပိုမို၍ မြင့်တက်လာနေတဲ့အတွက် ထိရောက်မှုရှိသော upskilling program တစ်ခုဟာ ဝန်ထမ်းများရဲ့ စိတ်ဓါတ်အင်အားကို ယခုကဲ့သို့သော အလိုအပ်ဆုံးအချိန်များတွင် မြှင့်တင်ပေးနိုင်မှာဖြစ်ပါတယ်။ 

ထပ်ခါတလဲလဲ ပြုလုပ်ရသောလုပ်ငန်းစဉ်များကို အလိုအလျှောက်လုပ်ဆောင်သွားနိုင်စေရန် နည်းပညာများ အကူအညီဖြင့်လုပ်ဆောင်ပေးလိုက်ခြင်းအားဖြင့် ဝန်ထမ်းများအနေနဲ့ သူတို့ပါဝင်လုပ်ဆောင်နေရသော အခန်းကဏ္ဍကို ပြန်လည်ပုံဖော်နိုင်စေမှာဖြစ်ပြီး ပိုမို၍အရေးကြီးသော တန်ဖိုးရှိတဲ့တာဝန်များကိုထမ်းဆောင်ရာတွင် အနှောက်အယှက်ဖြစ်ပေါ်စေနိုင်မည့် အလုပ်များကို ထိရောက်စွာ ဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်များကို ဖယ်ရှားပေးလိုက်ခြင်းအားဖြင့် ဝန်ထမ်းများထံတွင် ဖြစ်ပေါ်နေသော စိတ်ဖိစီးမှုများကို အထိုက်အလျှောက်လျှော့ချပေးနိုင်မှာဖြစ်ကာ လုပ်ငန်းခွင်ပင်ပန်းမှု၊ အလုပ်ဖိစီးမှုများကိုလည်း ဖယ်ရှားပစ်လိုက်နိုင်မှာဖြစ်ပါတယ်။ 

ထို့အပြင် Upskilling လုပ်ဆောင်ချက်များဟာ သင့်ရဲ့ Organization မှ ဝန်ထမ်းများကို အစားထိုးပစ်ဖို့လုပ်ဆောင်ခြင်းထက် လက်ရှိဝန်ထမ်းများအပေါ်ရင်းနှီးမြှုပ်နှံပေးကာ နည်းပညာကိုအသုံးပြု၍ သူတို့ရဲ့ကျွမ်းကျင်မှုများတိုးတက်မှုရှိလာစေရန်အတွက် ပြုလုပ်ပေးလိုကြောင်းကိုလည်း ဖော်ပြနိုင်မှာဖြစ်တဲ့အတွက် ဒီ program ဟာ ဝန်ထမ်းများရဲ့ နည်းပညာများကြောင့် ဖြစ်ပေါ်လာနိုင်ခြေရှိသော အလုပ်ဆုံးရှုံးရမှုအခြေအနေများအပေါ် ကြောက်ရွံ့ခြင်းကိုလည်း ဖြေဖျောက်ပေးနိုင်မှာဖြစ်ကာ ဝန်ထမ်းများကို စိတ်အားထက်သန်မှုရှိလာစေမှာဖြစ်ပါတယ်။ အရေးအကြီးဆုံးအချက်ကတော့ ဒီ program များကို လုပ်ဆောင်ပေးခြင်းအားဖြင့် သင်ဟာ ဝန်ထမ်းများရဲ့ တစ်ကိုယ်ရည်အောင်မြင်မှုအပေါ် ဂရုစိုက်၊ အလေးထားမှုရှိကြောင်း ပြသနိုင်မှာဖြစ်ပြီး ကုမ္ပဏီအပေါ် သစ္စာရှိမှု၊ အလုပ်မှနှုတ်ထွက်မှုနှုန်း နည်းပါးလာခြင်းနဲ့ ပိုမိုကောင်းမွန်တဲ့အရည်အချင်းရှိသူများကို ခေါ်ယူနိုင်စေခြင်း အစရှိတဲ့အကျိုးကျေးဇူးများကို ရရှိလာမှာဖြစ်ပါတယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myint Dachan Co.,LTD.

Myint Dachan Co.,LTD.

.Mission Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.

DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS