ချိတ်ဆွဲရန်စာတန်း: News-PS5-WillHave-NoAudioPorts-JobsInYangon
PS5 တွင် optical audio port ပါဝင်လာမည်မဟုတ်
The Verge သတင်းစာရဲ့ သတင်းများအရ Sony ရဲ့နောက်မျိုးဆက်သစ် console (PS5) တွင် optical audio port ပါဝင်လာမှာမဟုတ်တော့ပါဘူး။ ယခင် PS4 slim တွင်လည်း optical audio port ဟာ ပါဝင်လာခြင်းမရှိခဲ့ တဲ့အတွက် ဒါဟာ အံ့အားသင့်စရာတော့မဟုတ်ပါဘူး။
ယခင် Astro Headset အဟောင်းများအနေနဲ့ PS5 တွင် အလုပ်လုပ်နိုင်မှာလားဆိုတာကိုမေးမြန်းခဲ့ရာမှာတော့ Headphone အဟောင်းများရှိနေသေးတဲ့ ဂိမ်းကစားသူများ အဆင်ပြေစေရန်အတွက် Sony က HDMI-to-optical audio splitter ကိုလည်းထုတ်လုပ်ပေးသွားမှာဖြစ်ပြီး Headset အဟောင်းများကို PS5 နဲ့ နောက်ထပ် hardware တစ်ခုခုအကူအညီမလိုပဲ ချိတ်ဆက်နိုင်မှာဖြစ်တယ်လို့ဆိုခဲ့ပါတယ်။
ဒီ Splitter ဟာ 40$ ခန့် ကျသင့်မှာဖြစ်သော်လည်း အသုံးပြုသူများထံတွင်ရှိနေတဲ့ Astro Headphone များရဲ့ serial code ကို ကုမ္ပဏီရဲ့ website ပေါ်တွင် ထည့်သွင်းပေးလိုက်မယ်ဆိုရင်တော့ 15$ discount ကို ရရှိခံစား နိုင်မှာဖြစ်ပါတယ်။ Optical audio port များဟာ Sony Playstation 2 စတင်ထုတ်လုပ်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်ကတည်းကပါဝင်လာခဲ့တာဖြစ်တဲ့အတွက် ထိုသို့ audio port ကို ဖြုတ်ချလိုက်မယ့်ဆုံးဖြတ်ချက်ဟာ အချို့ သူတွေကို စိတ်ပျက်စေမှာဖြစ်သော်လည်း ဒါက Sony အနေနဲ့ ရှေ့သို့ဆက်ပြီးတီထွင်မှုတွေပြုလုပ်နေတာကိုလဲ ပြသနေပါတော့တယ်။
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။