Jobs In Myanmar
Load...

Things to do if you are laid off in these tough times

by www.jobsinyangon.com


Tags: Knowledge-Career-Advise-Laidoffs-JobsInYangon



ယခုကဲ့သို့သော ခက်ခဲသည့် အချိန်ကာလများတွင် သင့်ကိုအလုပ်မှထုတ်ပယ်ခြင်း ခံခဲ့ရပါက သင်လုပ်ဆောင်နိုင်သော အရာများ 

 

ယခုကဲ့သို့သော စီးပွားရေးကြပ်တည်းသောကာလများတွင် အလုပ်မှထုတ်ပယ်ခြင်း၊ နှုတ်ထွက်ရခြင်းများဟာ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် အတွေ့များလာပြီး မြန်မာနိုင်ငံတွင်လည်း အလုပ်လက်မဲ့နှုန်းဟာ မြင့်တက်လာလျှက်ရှိနေပါတယ်။ COVID-19 ကပ်ရောဂါကာလအတွင်း သင့်အလုပ်မှသင့်ကိုထုတ်ပယ်လာနိုင်ခြေများဟာလည်း တိုးမြင့်လာလျှက်ရှိနေတဲ့အတွက်ကြောင့် အကယ်၍ သင့်အနေနဲ့ အလုပ်မှထုတ်ပယ်ခြင်းခံရခဲ့ပါက လုပ်ဆောင်နိုင်မယ့်အချက်အချို့ကို ဒီကနေ့မှာ ဆွေးနွေးတင်ပြပေးသွားမှာဖြစ်ပါတယ်။ ပထမဦးဆုံးအနေနဲ့ သင့်အလုပ်ရှင်က သင့်ကိုအလုပ်မှနှုတ်ထွက်ဖို့အတွက် ပြောလာခဲ့ပါက သင့်အနေနဲ့အံ့အားသင့်မသွားစေဖို့အတွက် ကြိုတင်ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ ဆိုလိုသည်မှာ သင့်အနေနဲ့ ဖြစ်လာနိုင်တဲ့အရာများအတွက် ကြိုတင်ပြင်ဆင်ထားပြီး အလုပ်မှထုတ်ပယ်ခြင်းကို ရုတ်တရက်ခံရခဲ့ပါက ဘယ်လိုလုပ်မလဲဆိုတာကို ကြိုတင်စဉ်းစားပြီး ပြင်ဆင်ထားသင့်ပါတယ်။ 

တစ်နည်းအားဖြင့် သတိပေးနေတဲ့နိမိတ်လက္ခဏာများကို သတိထားရှာဖွေပြီး သင့်ကိုယ်သင်ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားကာ အလုပ်မှထုတ်ပယ်ခြင်းခံရတဲ့အခါမှာ တွဲလျှက်ပါရှိလာမယ့် ထိခိုက်မှုများ၊ နစ်နာမှုများကို နည်းနိုင်သမျှနည်းအောင် ကြိုတင်ပြင်ဆင်ထားရပါမယ်။ ဒီအဆင့်များတွင် သင့်ရဲ့အလုပ်လျှောက်လွှာဖောင်ကို စိတ်ဝင်စားမှုရှိအောင်ပြင်ဆင်ထားခြင်း၊ ကြွေးမြီအသစ်များကို ထပ်မယူခြင်းနှင့် သင့်မိသားစုဝင်များအနေနဲ့ ခက်ခဲသောအချိန်များကို ကျော်ဖြတ်နိုင်စေရန်အတွက် သင်အလုပ်ထုတ်ခြင်းကို မခံရမှီကတည်းက ကြိုတင်ပြင်ဆင်ထားခြင်းတို့ပင် ပါဝင်နေနိုင်ပါတယ်။ 

ဒီအရာများအပြင် သင်လုပ်ဆောင်နိုင်တဲ့ အရေးအကြီးဆုံး အရာတစ်ခုကတော့ အလုပ်ရှာဖွေရေးဈေးကွက်အတွင်းတွင် သင်ဟာ ဘယ်နေရာတွင်ရှိနေသလဲဆိုတာကို ရှာဖွေခြင်းနှင့် သင်နဲ့ သင့်မိသားစုဝင်များအပေါ် ထိခိုက်ဆုံးရှုံးမှုများ သိပ်မဖြစ်စေပဲ အခြားသောလုပ်ငန်းတစ်ခုထံသို့ မြန်ဆန်စွာကူးပြောင်းနိုင်စေဖို့ သင့်အနေနဲ့ မည်မျှအခွင့်အရေးရှိသလဲဆိုတာကို သိရှိအောင်ပြုလုပ်ထားဖို့ပါပဲ။ အစိုးရဌာနများမှလည်း အလုပ်လက်မဲ့ဖြစ်သွားသူများအတွက် “unemployment benefit” များကို ပေးအပ်လာနိုင်ခြေရှိတဲ့အတွက်  သင့်ရဲ့အသုံးစရိတ်များကို သင်နဲ့သင့်မိသားစုအနေနဲ့ အနည်းဆုံး ၆လခန့် အလုပ်မရှိပဲဖြတ်သန်းနိုင်စေဖို့အတွက်ကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

အခြားအရေးကြီးသော ဖြစ်လာနိုင်တဲ့အချက်တစ်ခုကတော့ အကယ်၍ သင်အလုပ်မှထုတ်ပယ်ခြင်းကိုခံခဲ့ရပါက ဖြစ်နိုင်သမျှကောင်းမွန်တဲ့ "အလုပ်မှနှုတ်ထွက်ခြင်းအကျိုးခံစားခွင့် package" တစ်ခုကို ညှိနှိုင်းတောင်းဆိုဖို့ပဲ ဖြစ်ပါတယ်။ အကယ်၍သင်က အုပ်ချုပ်ရေးတွင် အကြီးပိုင်းနေရာများ၌ တာဝန်ထမ်းဆောင်ခဲ့ရသူတစ်ဦးဖြစ်နေပါက သင့်ရဲ့လုပ်ငန်းရှင်က သင့်ကို အနည်းဆုံး ၆လစာအထိ "အလုပ်မှနှုတ်ထွက်ခြင်းအကျိုးခံစားခွင့် package" ကို ပေးအပ်သွားနိုင်ခြေရှိနေပါတယ်။ အကယ်၍ သင်က အနိမ့်ပိုင်းရာထူးများတွင်တာဝန်ထမ်းဆောင်ရသူတစ်ဦးဖြစ်နေခဲ့ပါကလည်း သင့်အနေနဲ့ အနည်းဆုံး ၂လစာ၊ ၃လစာအထိ "အလုပ်မှနှုတ်ထွက်ခြင်းအကျိုးခံစားခွင့် package" ကို ရရှိအောင်တောင်းဆိုသင့်ပါတယ်။ 

အလုပ်မှထုတ်ပယ်ခြင်းခံရရာတွင် ဖြစ်လာနိုင်သော တတိယအချက်ကတော့ သင့်ကုမ္ပဏီနဲ့ညှိနှိုင်း၍ တစ်ပတ် နှစ်ပတ်ခန့် ကုမ္ပဏီရဲ့အခြေခံအဆောက်အအုံများကိုအသုံးပြုပြီး အခြားအလုပ်တစ်ခုကိုရှာဖွေ၍ရနိုင်စေဖို့ တောင်းဆိုညှိနှိုင်းနိုင်ပါသေးတယ်။ ယနေ့ခေတ်တွင် များစွာသောသူများဟာ အင်တာနက်ရရှိနိုင်သော ကွန်ပြူတာများ၊ Printer များနဲ့ Fax များကို မိမိတို့ရဲ့အိမ်နေရာအတွင်းတွင် ပိုင်ဆိုင်ထားကြပြီးဖြစ်သော်လည်း ထိုသို့ပိုင်ဆင်ထားခြင်းမရှိသူများအနေနဲ့ သင့်ကုမ္ပဏီရဲ့ facility များကို ယာယီအသုံးပြု၍ အလုပ်တစ်ခုကို ပြန်လည်ရှာဖွေနိုင်စေဖို့အတွက် ညှိနှိုင်းခြင်းဟာလည်း သင့်အတွက်အကျိုးရှိစေမှာဖြစ်ပါတယ်။ 

စတုတ္ထအချက်ကတော့ တတ်နိုင်သရွေ့ကောင်းမွန်သော recommendation ကို သင့်ရဲ့ boss (သို့) မန်နေဂျာထံမှ တောင်းဆိုခြင်းပဲဖြစ်ပါတယ်။ အလုပ်မှထုတ်ပယ်ခံရခြင်းဟာ လွန်စွာနာကျင်ရသော အတွေ့အကြုံတစ်ခုဖြစ်ပါသော်လည်း ဒီနေရာတွင် စနစ်တကျစဉ်းစားဆင်ခြင်တတ်ဖို့နဲ့ လက်တွေ့ကျဖို့က လွန်စွာအရေးကြီးတဲ့အတွက် မိမိတို့ရဲ့ စိတ်ခံစားချက်များကိုထိန်းချုပ်၍ ဒေါသထွက်ခြင်း၊ မကျေနပ်မှုများကို ထုတ်ဖော်ခြင်းတို့ကိုမပြုလုပ်သင့်ပါဘူး။ သင်သိထားရမှာက ဒီလိုအချိန်များတွင် အလုပ်မှထုတ်ပယ်ခံရခြင်းများဟာ ဖြစ်နေကျအရာတစ်ခုဖြစ်တဲ့အတွက် ကြိုတင်၍အသိပေးခြင်းကိုခံရခြင်းအားဖြင့် သင့်အနေနဲ့ဖြစ်လာနိုင်တဲ့ ရှောင်လွှဲမရနိုင်သောအရာများအတွက် ကြိုတင်ပြင်ဆင်နိုင်စွမ်းရှိမှာဖြစ်ပါတယ်။ 

ပဉ္စမအချက်ကတော့ အကယ်၍ အလုပ်ထုတ်ခြင်းခံလာခဲ့ပါက ရက်သတ္တပတ်အနည်းငယ်အတွင်းတွင် အလုပ်မှထုတ်ပယ်ခံရခြင်းကြောင့် shock ရသောအခြေအနေမှ ပြန်လည်နိုးထနိုင်ပြီး အလုပ်အသစ်တစ်ခုကို ဖြစ်နိုင်သမျှ မြန်ဆန်စွာပြန်လည်ရှာဖွေနိုင်ဖို့မှာ အရေးကြီးလှပါတယ်။ ဆိုလိုသည်မှာ အလုပ်မှထုတ်ပယ်ခံရသည့်အခြေအနေမှ ပြန်လည်၍ recover ဖြစ်အောင်ပြုလုပ်ခြင်းအား တတ်နိုင်သမျှ မြန်ဆန်စွာပြုလုပ်ပြီး အခြားအလုပ်နေရာအသစ်တစ်ခုကို အမြန်ဆုံးရှာဖွေရမှာဖြစ်ပါတယ်။ 

နောက်ဆုံးအနေနဲ့ သင်မှတ်သားထားရမယ့်အချက်ကတော့ အလုပ်မှထုတ်ပယ်ခြင်းကိုမခံရစဉ်ကတည်းက မိမိကိုယ်ကို invest ပြုလုပ်ပြီး မိမိတို့ရဲ့ ကျွမ်းကျင်မှုများကို အဆင့်မြှင့်တင်မှုများကိုပြုလုပ်ထားသင့်ပါတယ်။ ဒါမှသာ အခြားသောဝန်ထမ်းများနဲ့နှိုင်းစာလျှင် မိမိကအမြဲတမ်းအသာစီးရနေမှာဖြစ်ပြီး သင့်လက်ရှိအလုပ်ရှင်က သင့်အားအလုပ်မှထုတ်ပယ်ခဲ့ပါကလည်း အခြားသောအလုပ်နေရာတစ်ခုတွင်မြန်ဆန်စွာ အလုပ်ရနိုင်မှာဖြစ်ပါတယ်။ ဒီအရာက ဘာကြောင့်အရေးကြီးရပါသလဲဆိုပါလျှင် ကုမ္ပဏီများစုဟာ ဘယ်သူတွေကိုတော့ချန်ထားပြီး ဘယ်သူတွေကိုတော့ အလုပ်မှထုတ်ပယ်ပစ်ရမလဲဆိုတာကို စီးပွားရေးအမြင် သီးသန့်ဖြင့်သာ ဆုံးဖြတ်မှုပြုကြတာဖြစ်တဲ့အတွက် သင့်ကိုယ်သင် ပိုမို၍တန်ဖိုးရှိစေရန် ပြုလုပ်ထားပြီး လက်လွှတ်မခံနိုင်တဲ့သူတစ်ဦးဖြစ်နေစေရန် ကြိုးစားပြုလုပ်ထားနိုင်ခဲ့ပါက သင့်အားအလုပ်မှထုတ်ပယ်ခံရနိုင်ခြေများကို လျှော့ချနိုင်မှာဖြစ်ပြီး အကယ်၍ အလုပ်မှသင့်ကိုထုတ်ပယ်လာပါကလည်း အခြားသောအလုပ်တစ်ခုထံသို့ ချောမွေ့မှုရှိစွာ ပြောင်းရွှေ့နိုင်မှာဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Myanmar Promotional Services ( Event Management )

Myanmar Promotional Services ( Event Management )

To Promote business and enhance trades in academic ways ( Exhibitions and Trade Show ) for the country to develop and grow rapidly in many respective fields We are promoting the business and enha...
Show the postings (4)
Amazing One Trading Co., Ltd.

Amazing One Trading Co., Ltd.

.Elegant in style. Unique in designs. Serviced by professionals. Your most satisfying experience to decorate your home. All at Amazing One....
Show the postings (8)
Shwe Set Kyar Ko Tint Wai Group Of Co.,Ltd

Shwe Set Kyar Ko Tint Wai Group Of Co.,Ltd


Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS