Tags: Knowledge-ThingsToDo-When-Boss-Quits-JobsInYangon
မိမိတို့ရဲ့ အထက်လူကြီးတစ်ဦး အလုပ်မှထွက်ခွာသွားသည့်အခါတွင် ပြုလုပ်သင့်သောအချက်များ
အထက်လူကြီးတစ်ယောက်အလုပ်မှထွက်ခွာသွားခြင်းဟာ စာဖတ်သူတို့ရဲ့ သက်မွေးမှုလမ်းကြောင်း တိုးတက်စေဖို့အခွင့်အလမ်းတစ်ရပ်လည်းဖြစ်လာနိုင်သလို သင့်အနေနဲ့ အခြားတစ်နေရာတွင် အလုပ်အသစ်ကိုရှာဖွေရဖို့လည်း ဖြစ်လာနိုင်ခြေရှိနေပါတယ်။ အခြေအနေများက မည်သို့ပင်ဖြစ်နေပါစေ သင့်အနေနဲ့ မိမိတို့ရဲ့အထက်လူကြီးတစ်ဦး အလုပ်မှထွက်ခွာသွားခဲ့ပါက အချိန်မဆိုင်းပဲ အောက်ပါအချက်များကို ပြုလုပ်ထားသင့်ပါတယ်။ ဒါမှသာ သင့်အနေနဲ့ ဘာတွေကိုဆက်လုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ကောင်းမွန်စွာသိရှိနိုင်မှာဖြစ်ကာ ဆုံးဖြတ်ချက်များကို မှန်ကန်ကောင်းမွန်စွာချမှတ်နိုင်မှာလည်းဖြစ်ပါတယ်။
၁။ မေးခွန်းများမေးမြန်းပါ။
သင့်ရဲ့ အထက်လူကြီးဖြစ်သူဟာ ဘာကြောင့် သင်အလုပ်လုပ်နေတဲ့ လုပ်ငန်းအဖွဲ့အစည်းမှ ထွက်ခွာဖို့ဆုံးဖြတ်လိုက်တာလဲဆိုတာကို နားလည်သဘောပေါက်နိုင်ရန်အတွက် တိုးတိုးတိတ်တိတ်စုံစမ်းကြည့်လိုက်ပါ။ သင်တို့အလုပ်လုပ်နေတဲ့ လုပ်ငန်းအဖွဲ့အစည်းရဲ့ လုပ်ငန်းများကျဆင်းလာမှုကြောင့်လား (သို့မဟုတ်) အခြားသောအခွင့်အလမ်းများကို နောက်ထပ်နေရာတစ်ခုတွင် ရှာဖွေနိုင်ဖို့အတွက်လား အစရှိသည့် အကြောင်းအရင်းကို သိရှိနိုင်အောင် ကြိုးပမ်းပါ။
မှန်ကန်တဲ့မေးခွန်းကိုမေးမြန်းနိုင်ခြင်းအားဖြင့် သင့်အနေနဲ့ ဘာတွေကိုပြုလုပ်ထားသင့်သလဲဆိုတာကို သိရှိနိုင်စေမှာဖြစ်ပါတယ်။
၂။ အစီအစဉ်ဆွဲပါ။
သင့်ရဲ့အထက်လူကြီးဖြစ်သူက အလုပ်မှနှုတ်ထွက်ခဲ့တဲ့အခါ (သင်ဟာ အဆိုပါလစ်လပ်နေရာနှင့် ကိုက်ညီမှုရှိပြီး သတ်မှတ်ထားတဲ့အရည်အချင်းများနှင့်လည်း ပြည့်စုံသူတစ်ဦးဖြစ်ပါက) အဆိုပါရာထူးအားရယူနိုင်ရန်ပြင်ဆင်ခြင်း၊ အလုပ်ထွက်ခြင်း၊ ဒါမှမဟုတ် လုပ်ငန်းအဖွဲ့အစည်းအတွင်းသို့ မကြာမှီရောက်ရှိလာမည့် အထက်လူကြီးအသစ်နှင့် ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေးများကိုတည်ဆောက်ခြင်း အစရှိသည့် သင်လုပ်ဆောင်လိုသောအရာများအပေါ်မူတည်၍ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားရမှာဖြစ်ပါတယ်။
၃။ ပရော်ဖက်ရှင်နယ်ဆန်ဆန် ပြုမူနေထိုင်ပါ။
ယခင်က သင့်အထက်လူကြီးနဲ့ သင်နဲ့အကြားဆက်ဆံရေးဟာ တင်းမာမှုများရှိခဲ့ဖူးပါသလား? သင့်အနေနဲ့ ထိုသူအား မနှစ်မြို့မှုတွေရှိခဲ့ဖူးပါသလား? ထိုကဲ့သို့သောသူတစ်ဦး အလုပ်မှထွက်ခွာသွားသည့်အခါမှာလည်း သင့်အနေနဲ့ professional ဆန်စွာ ပြုမူနေထိုင်၍ သူ/ သူမနှင့် ပုံမှန်အတိုင်း ဆက်ဆံမှုပြုလုပ်ထားသင့်ပါတယ်။ ယခင်ကအလုပ်အတူတွဲလုပ်ခဲ့ဖူးသော အထက်လူကြီးများနဲ့ အသိအကျွမ်းဖြစ်ထားခြင်းဟာ အနာဂါတ်တွင် သင့်ရဲ့သက်မွေးဝမ်းကျောင်းမှုအပေါ် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုများ ရှိလာစေနိုင်ပါတယ်။ ဒါကြောင့် ထိုသူ/ သူမ ဘာကြောင့်အလုပ်မှထွက်ခွာသွားရတယ်ဆိုတဲ့အကြောင်း နောက်ကွယ်တွင် အတင်းပြောခြင်းများ၊ သင့်ရဲ့အထက်လူကြီး အလုပ်မှထွက်ခွာခြင်းကို ဝမ်းသာဟန်ပြခြင်းများကို မည်သို့သောအခြေအနေများကြောင့် သူ/ သူမ အလုပ်မှထွက်ခွာခဲ့ရသည်ဖြစ်စေ ပြုလုပ်ခြင်းကို ရှောင်ရှားရပါမယ်။
၎။ ဒီအချိန်ဟာ ပို၍ကြိုးစားရမယ့်အချိန်ပဲဖြစ်ပါတယ်။
သင်အလုပ်တစ်ခုတွင်လုပ်ကိုင်နေစဉ်အတွင်း သင့်ရဲ့အထက်လူကြီးတစ်ဦး အလုပ်မှထွက်ခွာသွားခြင်းအား ကြုံကြိုက်ခဲ့ပါက ဒါဟာသင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ပိုမိုကြိုးစားမြှင့်တင်ထားသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ များသောအားဖြင့် အထက်လူကြီးတစ်ဦးမှ resign ပြုလုပ်သွားတဲ့အခါမှာ သင်တို့အလုပ်လုပ်နေတဲ့ organization တစ်ခုအနေနဲ့ နစ်နာဆုံးရှုံးမှုများရှိမလာစေဖို့အတွက် သင့်အနေနဲ့ဆောင်ရွက်ပေးနိုင်မည့် အခွင့်အလမ်းများလည်း ပေါ်ပေါက်လာမှာဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ လုပ်ငန်းခွင်ဝင်နေတဲ့သူအများစုဟာ ထိုသို့သောအချိန်မျိုးတွင် မိမိတို့ရဲ့အလုပ်အပေါ် တာဝန်ယူမှု/ တာဝန်ခံမှုနည်းပါးလာတာကို တွေ့ရှိခဲ့ရပါတယ်။ သင့်အနေနဲ့ ဘယ်လိုအကြောင်းပြချက်ကြောင့်ဖြစ်ဖြစ် ထိုသို့ (လုံးဝ) မပြုလုပ်သင့်ပါဘူး။ မိမိတို့လုပ်စရာရှိတဲ့ အလုပ်များကို တာဝန်ယူမှု/ တာဝန်ခံမှုအပြည့်နဲ့ ဆက်လက်လုပ်ကိုင်သွားလိုက်ပါ။ ကုမ္ပဏီရဲ့ စီမံခန့်ခွဲသူများမှ သင်တို့အား ရာထူးတိုးပေးရန်အတွက် စောင့်ကြည့်မှုများပြုလုပ်နေနိုင်ပါတယ်။
၅။ အလုပ်မှထွက်ခွာရန်အတွက်ပြင်ဆင်ပါ။
အကယ်၍ သင့်ရဲ့အထက်လူကြီးတစ်ဦးက လက်ရှိအလုပ်လုပ်နေတဲ့အဖွဲ့အစည်းအတွင်း တိုးတက်မှုများရှိစေဖို့အတွက် ခိုင်မာတိကျတဲ့အစီအစဉ်များရှိမနေခြင်းကြောင့် အလုပ်မှထွက်ခွာသွားခြင်း (သို့) တိကျကောင်းမွန်တဲ့ အုပ်ချုပ်မှုစနစ်တစ်ခုမရှိသောကြောင့် လုပ်ငန်းနယ်ပယ်အတွင်း အခြားသောလုပ်ငန်းများနှင့် ယှဉ်ပြိုင်ရင်ခက်ခဲလာပြီး အလုပ်လုပ်ဖို့ မလွယ်ကူတော့တဲ့အတွက် အလုပ်မှထွက်ခွာသွားခဲ့ခြင်းဖြစ်ပါက သင့်အနေနဲ့လည်း အလုပ်မှထွက်ခွာနိုင်ဖို့အတွက် ကြိုတင်ပြင်ဆင်မှုများကိုပြုလုပ်ထားသင့်နေပြီပဲဖြစ်ပါတယ်။ ဒါကို ချက်ချင်းပြုလုပ်ဖို့ လိုအပ်မှာမဟုတ်သော်လည်း အစီအစဉ်များကိုတော့ ရေးဆွဲထားသင့်ပါတယ်။ သင့်အနေနဲ့ အလုပ်မှထွက်ခွာနိုင်ဖို့အတွက် ကြိုတင်၍ပြင်ဆင်ထားခြင်းအားဖြင့် အနာဂါတ်မရှိတဲ့ ကုမ္ပဏီတစ်ခုအတွင်း မိမိရဲ့အချိန်များကို အလဟသတ်ကုန်ဆုံးနေမိခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
၆။ အထက်လူကြီးအသစ်နှင့် သိကျွမ်းလာအောင်ပြုလုပ်ပါ။
သင်ဟာ လက်ရှိနေရာနဲ့ (သို့) ပိုမိုမြင့်မားတဲ့နေရာတစ်ခုနဲ့ ထိုက်တန်သူတစ်ဦးဖြစ်တယ်ဆိုတာကို သင့်ရဲ့ အထက်လူကြီးအသစ်အား သက်သေပြနိုင်ရန်အတွက် အလုပ်ကိုကြိုးစား၍လုပ်ကိုင်ပါ။ ဒါ့အပြင် သင့်အနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်များ၊ အုပ်ချုပ်မှုပုံစံများနှင့် သင့်ရဲ့ team အတွက် နောက်ပြီး အဖွဲ့အစည်းတစ်ခုလုံးအတွက် သူရည်မှန်းထားတဲ့ အစီအစဉ်များကိုလည်း သိရှိနားလည်နိုင်ရန် ကြိုးပမ်းပါ။ သင့်ရဲ့အထက်လူကြီးတစ်ဦးအနေနဲ့ သင်ယခင်ကအောင်မြင်စွာစွမ်းဆောင်နိုင်ခဲ့တဲ့ ကိစ္စရပ်များနှင့် သင့်အနေနဲ့ လက်ရှိအလုပ်များကို မည်သို့လုပ်ကိုင်နေသလဲဆိုတာကိုလည်း သိရှိလိုမှာဖြစ်ပါတယ်။ သင့်အနေနဲ့ သူတို့ရဲ့အုပ်ချုပ်မှုပုံစံနှင့် လိုက်လျောညီထွေဖြစ်နေစေဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။ ဒါမှသာ ပိုမိုကောင်းမွန်တဲ့ရလာဒ်များနဲ့အတူ ခိုင်မာတောင့်တင်းပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ team တစ်ခုကို ရရှိနိုင်မှာဖြစ်ပါတယ်။
မိမိတို့ရဲ့ အထက်လူကြီးတစ်ဦး အလုပ်မှထွက်ခွာသွားတဲ့အခါမှာ စာဖတ်သူတို့အတွက် အခွင့်အလမ်းများစွာနဲ့ ကြုံတွေ့လာရမှာဖြစ်ပြီး ရရှိလာတဲ့ အဆိုပါအခွင့်အလမ်းများကိုလည်း တန်ဖိုးရှိစွာအသုံးချနိုင်စေဖို့အတွက် လိုအပ်တဲ့ကြိုတင်စီစဉ်မှုများကို ပြုလုပ်ထားသင့်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.