Tags: News-TikTok-Privacy-Controls-JobsInYangon
ဆယ်ကျော်သက်လူငယ်များအတွက် ကိုယ်ရေးအချက်အလက်ထိန်းချုပ်မှုစနစ်များ ပိုမိုကောင်းမွန်လာစေရန် TikTok မှ ပြုလုပ်ပေးခဲ့
တရုတ်နိုင်ငံအခြေစိုက် short video-sharing app တစ်ခုဖြစ်တဲ့ TikTok မှ ပိုမို၍လုံခြုံမှုရှိစေမယ့် ကိုယ်ရေးအချက်အလက်ထိန်းချုပ်မှုစနစ်များကို ဆယ်ကျော်သက်များအတွက်ထုတ်လွှင့်ပေးလိုက်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့ ဩဂုတ်လ ၁၂ ရက်နေ့က ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
အသက် ၁၆ နှစ်အောက် အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ video များကို ဘယ်သူတွေကကြည့်ရှုနိုင်မလဲဆိုတာကို ရွှေးချယ်ပေးဖို့တောင်းဆိုမယ့် pop-up တစ်ခုကို Post တင်ခြင်းမပြုလုပ်မှီတွင် တွေ့မြင်လာရမှာဖြစ်ပြီး အဆိုပါပြောင်းလဲမှုကို ကမ္ဘာတစ်ဝှမ်းရှိ အသက် ၁၃ နှစ်မှ ၁၇ နှစ်အကြား အသုံးပြုသူများအနေနဲ့ မကြာမှီလများအတွင်း စတင်၍ တွေ့မြင်လာရတော့မှာဖြစ်ပါတယ်။
“တေးသီချင်းများကိုရွေးချယ်ခြင်း၊ effect များကို ရွေးချယ်ခြင်းနဲ့ ပြောင်းလဲမှုများအကြား ချောမွေ့မှုများရှိစေရန်ပြုလုပ်ရခြင်းကြောင့် TikTok ဗီဒီယိုတစ်ခုကို ဖန်တီးပြုလုပ်ရခြင်းဟာ ပျော်ဖို့ကောင်းပြီး တီထွင်ဆန်းသစ်မှုစွမ်းရည်ကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဒီ ဗီဒီယိုများကို ဘယ်သူတွေကိုပြသဖို့စဉ်းစားထားသလဲဆိုတာကို ရွေးချယ်ဖို့ဟာလည်း အရေးကြီးတဲ့အချက်တစ်ခုပဲဖြစ်ပါတယ်” ဟူ၍ TikTok ရဲ့ Child Safety နှင့် Public Policy ဆိုင်ရာအကြီးအကဲဖြစ်သူ Alexandra Evans နှင့် Global Head of Privacy ဖြစ်သူ Aruna Sharma တို့က blogpost တစ်ခုတွင် ပြောဆိုခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.