Tags: News-TikTok-Kitchens-VDC-JobsInYangon
TikTok Kitchens လို့အမည်ရတဲ့ဝန်ဆောင်မှုတစ်ခုကို TikTok မှ VDC နှင့်အကျိုးတူပူးပေါင်း၍ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိ
TikTok မှ Virtual Dining Concepts (VDC) နှင့် အကျိုးတူပူးပေါင်းမှုများပြုလုပ်၍ မကြာမှီတွင် TikTok Kitchens လို့အမည်ပေးထားတဲ့ TikTok app ပေါ်ရှိ ရေပန်းအစားဆုံး ဟင်းချက်နည်းများကို ချက်ပြုတ်၍ delivery-only ဝန်ဆောင်မှုပေးသွားတော့မှာဖြစ်တယ်လို့ Bloomberg ပေါ်ရှိ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
TikTok နဲ့ VDC တို့ဟာ သတင်းများအရ အမေရိကတိုက်ရှိ နေရာပေါင်း ၃၀၀ ခန့်တွင် စတင်၍ဖွင့်လှစ်သွားမှာဖြစ်ပြီး ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းခန့်တွင်တော့ နေရာပေါင်း ၁,၀၀၀ အထိ တိုးချဲ့ဖွင့်လှစ်သွားဖို့အတွက် အစီအစဉ်ရှိထားတယ်လို့လည်း သိရှိခဲ့ရပါတယ်။
အဆိုပါ TikTok Kitchens ဆိုတဲ့ ဝန်ဆောင်မှုကို ဖွင့်လှစ်ထားပြီးသားဖြစ်တဲ့ စားသောက်ဆိုင်များမှတဆင့် operate ပြုလုပ်သွားမှာဖြစ်ပြီး ၎င်းတို့အနက်တွင် VDC ရဲ့ ပူးတွဲတည်ထောင်သူ Robert Earl ရဲ့ restaurant chain များဖြစ်တဲ့ Buca di Beppo နှင့် Bertucci’s ကဲ့သို့သော restaurant များလည်းပါဝင်နေပါတယ်။ ထိုဝန်ဆောင်မှုနှင့်စပ်လျင်း၍ VDC မှ ရှင်းလင်းပြောကြားချက်အရ TikTok Kitchens ဟာ လက်ရှိဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်များရဲ့ မီးဖိုချောင်နှင့် ဝန်ထမ်းများကိုအသုံးပြုသွားမှာဖြစ်ပြီး လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှု၊ အစားအသောက်ထုပ်ပိုးမှုပုံစံနှင့် TikTok မှ ရယူထားတဲ့ ဟင်းချက်နည်းပုံစံများကို ပေးအပ်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.