by www.jobsinyangon.com
Tags: Knowledge-Employee-Performance-Coaching-JobsInYangon
ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်လာစေရန် လမ်းညွှန်ပြသမှုများပြုလုပ်ခြင်းအတွက် အကြံပြုချက်များ (အပိုင်း - ၂)
ကောင်းမွန်စွာ လမ်းညွှန်ပြသနိုင်ခြင်းကို အလွယ်တကူတွေ့ရှိ/ သိရှိနိုင်သော်လည်း အတုယူဖို့၊ ထိုအတိုင်း လိုက်လုပ်ဖို့ဟာတော့ ခက်ခဲလှပါတယ်။
ပထမဦးဆုံး သင့်အနေနဲ့ သင့်ရဲ့ team member များရှိနေတဲ့နေရာတွင် သူတို့နဲ့ ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံပေးဖို့လိုအပ်မှာဖြစ်ပါတယ်။ Coaching (လမ်းညွှန်ပြသခြင်း) ဆိုသည်မှာ ပုံစံခွက်တစ်ခုဟာ အားလုံးနဲ့ကိုက်ညီရမည်ဟူသော ယူဆပုံမျိုး၊ လုပ်ဆောင်ချက်မျိုး မဟုတ်ပါဘူး။ အချို့သောသူများဟာ အခြားသူများနဲ့စာလျှင် ပိုမို၍ ကိုင်တွယ်တတ်ဖို့လိုအပ်ကောင်း လိုအပ်လာနိုင်ပါတယ်။ ဝန်ထမ်းများရဲ့ အလုပ်ရာထူးနဲ့ သက်မွေးမှုလမ်းကြောင်းများအပေါ်တွင်မူတည်၍ သင့်ရဲ့ကိုင်တွယ်ပုံများကို ကောင်းစွာ ချိန်ညှိပေးတတ်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
မတူညီတဲ့ အဆင့်များရှိတဲ့ ဝန်ထမ်းများအား မည်သို့လမ်းညွှန်နည်းပြမှုများ ပြုလုပ်နိုင်မလဲ?
အကောင်းဆုံး သင်ကြားပြသပေးနိုင်သူများဟာ မတူညီတဲ့လူတစ်ဦးချင်းစီအား သင်ကြားပေးရာတွင် တူညီတဲ့ သင်ကြားမှုပုံစံတစ်ခုတည်းကိုသာ အသုံးပြုလေ့မရှိကြပဲ အခြေအနေကိုလိုက်၍ ပြောင်းလဲမှုများကို ပြုလုပ်နိုင်စွမ်းရှိကြပါတယ်။
ဝန်ထမ်းများရဲ့ လုပ်ငန်းစွမ်းဆောင်ရည်ကို အဆင့် (၅) ဆင့်ခွဲခြားသတ်မှတ်ထားပြီး သင့်အနေနဲ့ တစ်ဦးချင်းစီအား သင်ကြားနည်းပြမှုများ ပြုလုပ်ရာတွင် ထိရောက်မှုရှိစေရန် သင်ကြားမှုပုံစံကို လိုက်လျောညီထွေစွာ ပြောင်းလဲမှုများ ပြုလုပ်ရမှာဖြစ်ပါတယ်။
၁။ လူသစ်များ
၂။ လုပ်ကိုင်တတ်လာသူများ
၃။ စွမ်းဆောင်နိုင်လာသူများ
၎။ ကျွမ်းကျင်သူများ
၅။ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူများ
အဆင့် ၁ ။ ။ လူသစ်များ
လူသစ်များဟာ သင်ယူလေ့လာမှုအဆင့်တွင် “နာယူမှတ်သားမှုများ” ကို ပြုလုပ်ရမည့်အဆင့်ပဲဖြစ်ပါတယ်။ ထိုသူတို့အတွက် ညွှန်ကြားမှုများကို များစွာလက်ခံရရှိနိုင်ဖို့လိုအပ်မှာ ဖြစ်သလို အပြုသဘောဆောင်တဲ့ အမှန်ပြင်ဆင်ပေးနိုင်မှုကိုလည်း လိုအပ်မှာဖြစ်ပါတယ်။ သင်ဌားရမ်းခေါ်ယူလိုက်တဲ့ ဝန်ထမ်းများအပေါ် သင့်အနေနဲ့ စိတ်ချယုံကြည်ထားနိုင်ပါက သူတို့အနေနဲ့ ဒီအဆင့်တွင် အကြာကြီးရှိနေဖို့လိုအပ်မှာမဟုတ်ပါဘူး။ ထို့အပြင်သင့်ရဲ့ အသေးစိတ်အစစအရာရာ စီမံခန့်ခွဲလိုစိတ်ကိုလည်း သတိထားသင့်ပါတယ် - ထိုအရာကြောင့် သင့်အနေနဲ့ ဝန်ထမ်းများနောက်တစ်ဆင့်သို့ ကူးပြောင်းနိုင်ဖို့တွင် အဟန့်အတားဖြစ်သွားစေလိုမှာမဟုတ်ပါဘူး။
အဆင့် ၂ ။ ။ လုပ်ကိုင်တတ်လာသူများ
လူသစ်များအနေနဲ့ အလုပ်ကိုပိုမိုနားလည်သဘောပေါက်လာပြီး လုပ်ငန်းဆောင်ရွက်ချက်များကို ပြုလုပ်နိုင်လာပြီဆိုပါက ဒါဟာ “လုပ်ကိုင်တတ်လာသူများ” အဆင့်သို့ ကူးပြောင်းလာတာပဲဖြစ်ပါတယ်။ အလုပ်တစ်ခုကို အပြည့်အဝကျွမ်းကျင်မှုမရသေးတဲ့အတွက် အများအပြား ပြောဆိုလမ်းညွှန်မှုများကို ပြုလုပ်ပေးဖို့လိုအပ်ဦးမှာဖြစ်သော်လည်း ယခုအခါတွင်တော့ အလုပ်အချို့ကိုကောင်းမွန်စွာလုပ်ဆောင်နိုင်ပြီဖြစ်ကာ Team ကို အကူအညီအချို့ပေးလာနိုင်ပြီပဲဖြစ်ပါတယ်။ ထို့ကြောင့် ဒီအဆင့်တွင် အမူအကျင့်အသစ်များကို အားပေးခြင်းနှင့် ကောင်းမွန်တဲ့ရလာဒ်များကို စွမ်းဆောင်နိုင်ခဲ့ပါက ချီးမွမ်းဂုဏ်ပြုခြင်းတို့ကို ပြုလုပ်ပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။
အဆင့် ၃ ။ ။ စွမ်းဆောင်နိုင်လာသူများ
လုပ်ကိုင်တတ်လာသူများအနေနဲ့ လုပ်ငန်းဆောင်ရွက်ချက်များကို စံနှုန်းသတ်မှတ်ချက်များနဲ့အညီ ဆောင်ရွက်နိုင်လာပြီဆိုပါက ဒါဟာ “စွမ်းဆောင်နိုင်လာသူများ” အဖြစ်သို့ ကူးပြောင်းလာတာပဲဖြစ်ပါတယ်။ ယခုအခါ သူတို့အနေနဲ့ အလုပ်ကိုအမှန်တကယ်လုပ်ကိုင်လာနိုင်ပြီဖြစ်ပြီး သူတို့လုပ်ရမယ့်အလုပ်များကို အပြည့်အဝ လုပ်ကိုင်နိုင်လာပြီဖြစ်ပြီး မှန်ကန်စွာလည်းဆောင်ရွက်လာနိုင်ကြမှာဖြစ်ပါတယ်။ ထိုသူများအတွက်တော့ ပြောဆိုလမ်းညွှန်မှု အနည်းငယ်သာလိုအပ်တော့မှာဖြစ်သော်လည်း ပိုမိုကောင်းမွန်တဲ့ ရလာဒ်များကို ရရှိနိုင်စေရန်နှင့် မျှော်မှန်းချက်များနှင့် မကိုက်ညီတဲ့ရလာဒ်များအပေါ် ဝေဖန်ထောက်ပြခြင်း အစရှိတဲ့ဝေဖန်အကြံပြုချက်များကိုတော့ ပြုလုပ်ပေးနေရမှာဖြစ်ပါတယ်။
အဆင့် ၄ ။ ။ ကျွမ်းကျင်သူများ
အချို့သော စွမ်းဆောင်နိုင်လာသူများအနေနဲ့ အလုပ်လုပ်ရာတွင်ပိုမိုတိုးတက်မှုရှိလာပြီး “ကျွမ်းကျင်သူများ” အဆင့်သို့ ရောက်ရှိလာနိုင်ပါတယ်။ ဒီအဆင့်မှာတော့ သူတို့ဟာလုပ်ဆောင်ရမယ့်ကိစ္စရပ်များကို စံနှုန်းသတ်မှတ်ချက်များအရ ပြည့်မှီအောင် ဆောင်ရွက်နိုင်သည်သာမက ထိရောက်စွာနှင့် အားစိုက်ထုတ်စရာမလိုပဲ ပြုလုပ်လာနိုင်ကြမှာဖြစ်ပါတယ်။ ထို့အပြင် သူတို့တွင် ဘာတွေကိုလုပ်ထားသင့်သလဲဆိုတာနဲ့ပတ်သက်ပြီး လုံလောက်စွာနက်ရှိုင်းတဲ့ နားလည်သဘောပေါက်မှုရှိထားတဲ့အတွက် အဆိုပါအလုပ်အားလုပ်ကိုင်နေရတဲ့ အခြားသူများအား ပြန်လည်၍ သင်ကြားပေးခြင်း၊ လမ်းညွှန်ပြသခြင်းတို့ကို ပြုလုပ်လာနိုင်ကြပြီပဲဖြစ်ပါတယ်။ နောက်ပြီး ပုံမှန်လုပ်ငန်းစဉ္များကိုလည်း ပိုမိုတိုးတက်မှုရှိလာစေရန် အကူအညီပေးနိုင်ဖို့ လုံလောက်တဲ့ အသိပညာကိုလည်း ရရှိပိုင်ဆိုင်ထားကြပြီဖြစ်ပါတယ်။
အဆင့် ၅ ။ ။ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူများ
တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူများကတော့ Team တစ်ခုအတွက် တန်ဖိုးအကြီးဆုံး အဖွဲ့ဝင်များဖြစ်ကြပြီး အဖွဲ့ကိုဦးဆောင်နိုင်သူများဖြစ်လာနိုင်ပါတယ်။ တစ်ဖက်ကမ်းခတ် ကျွမ်းကျင်သူများအဖို့ လမ်းညွှန်မှုများကို အများအပြားလိုအပ်မှာမဟုတ်ပါဘူး - သူတို့ဟာ မိမိတို့ဘာသာထိန်းကျောင်းနိုင်စွမ်းရှိကြပါတယ်။ အကယ်၍ ကိစ္စတစ်စုံတစ်ရာပေါ်ပေါက်လာခဲ့ပါကလည်း သူတို့ဟာ အခြားသူများအား လမ်းညွှန်ချက်များကို ပြန်လည်ပေးစွမ်းနိုင်ကြတဲ့အတွက် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေသူများအဖို့မှာတော့ အလုပ်လုပ်ရသည်ကို တက်ကြွမှုရှိနေစေရန် သူတို့အား အသိအမှတ်ပြုပေးဖို့နဲ့ ချီးမွမ်းမှုများ အများအပြားပြုလုပ်ပေးဖို့ လိုအပ်တော့မှာ မဟုတ်သော်လည်း တစ်ခါတစ်ရံတွင်တော့ ပြုလုပ်ပေးသင့်ပါတယ်။ သူတို့ဟာလည်း ထိုအရာများကို လိုလားကြပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Camusat Myanmar Co., Ltd
OUR MISSION: In an extremely dynamic technological environment, we help telecom actors to efficiently build and optimize their networks development by integrating traditional telecom technologies with...
Show the postings (4)
Eastern Group of Companies
We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)
Tokyo Metropolitan Institute of Technology
To recruit and develop of our country’s most promising students and
most outstanding staff and be a truly global institute.
To Focus on highest international standards and teaching methods.
Prod...
Show the postings (5)
Young Investment Group
.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (28)
Myint Dachan Co.,LTD.
.Mission
Our mission is to create positive impact on the livestock industry, as well as benefiting the farmers and to the end consumers. Our company aims to produce animal feed for the whole country...
Show the postings (1)