Jobs In Myanmar
Load...

Tips For Managing In A New Industry

by www.jobsinyangon.com


Tags: Knowledge-Career-Management-NewJob-JobsinYangon



လုပ်ငန်းနယ်ပယ်အသစ်တစ်ခုတွင် စီမံခန့်ခွဲမှုပြုလုပ်ခြင်းအတွက် သိမှတ်ဖွယ်ရာများ
 
ကျွန်ုပ်တို့အားလုံးသိရှိထားတဲ့အတိုင်းပါပဲ၊ လုပ်ငန်းများဟာ အကျိုးရလာဒ်များနဲ့မောင်းနှင်နေရတာဖြစ် ပါတယ်။ ခေတ်ပေါ်လုပ်ငန်းခွင်တွေရဲ့ ပြောင်းလဲလွယ်တဲ့သဘောတရားအရ လုပ်ငန်းများဟာ အဖွဲ့ဝင် များကိုဦးဆောင်ပြီး ကောင်းမွန်တဲ့ရလာဒ်ကောင်းများရရှိအောင်စွမ်းဆောင်နိုင်တဲ့မန်နေဂျာများကိုသာ ခေါ်ယူဌားရမ်းတတ်ကြပါတယ်။ သို့သော်လည်းတစ်ခါတစ်ရံတွင် ခေါင်းဆောင်သူဟာ ကုမ္ပဏီအနေနဲ့ အမြတ်အစွန်းရရှိနေတဲ့ လုပ်ငန်းတစ်ခု (သို့) အခန်းကဏ္ဍတစ်ခုရဲ့အကြောင်း လေးနက်တဲ့အသိ/ အတွေ့အကြုံတွေရှိမနေတတ်ပါဘူး။ 
 
အကယ်၍သင့်ကိုယ်သင် ဒီအခြေအနေမျိုးနဲ့ကြုံတွေ့ရတဲ့အခါများတွင် အောက်ပါ ရိုးရှင်းတဲ့ အခြေခံ လမ်းညွှန်ချက်များဟာ သင့်ရဲ့လုပ်ငန်းရှင်အတွက် မြန်ဆန်စွာရလာဒ်ကောင်းတွေကိုရရှိနိုင်ဖို့အတွက် ဆောင်ရွက်နိုင်စေမှာပဲဖြစ်ပါတယ်။ 
 
၁။ စိန်ခေါ်မှုများအတွက်ပြင်ဆင်မှုပြုလုပ်ထားပါ။ 
သင့်ရဲ့စိတ်ကို မှန်ကန်တဲ့နေရာတွင်ရှိနေစေရန်အတွက် ပြင်ဆင်ထားရမှာဖြစ်ပါတယ်။ သင့်ရဲ့မာန်မာန တွေကို တံခါးဝတွင်ထားပစ်ခဲ့ပြီး ကိုယ်ကျိုးကိုမငဲ့တတ်တဲ့စိတ်ထားရှိနေပါစေ။ ကျွန်ုပ်အနေနဲ့ လုပ်လေ့ ရှိတဲ့ idea ၂ ခုကတော့ အလုပ်စတင်လုပ်ရတဲ့သူတစ်ဦးရဲ့အမြင် (ဂျပန်လို ရှိုးရှင်း) နှင့် “နားလည်မှုရှိစေ ရန်အတွက် ဦးစွာရှာဖွေဖော်ထုတ်လေ့လာခြင်း” တို့ပဲဖြစ်ပါတယ်။ 
ဒီနေရာအတွက်ခက်ခဲနိုင်တဲ့အချက်ကတော့ အထင်အမြင်တွေ အများကြီးဖြစ်မလာမှီတွင် အရင်ဆုံး ပွင့် လင်းသောစိတ်ထားနဲ့ လေ့လာသင်ယူမှုများကိုပြုလုပ်ဖို့ပဲဖြစ်ပါလိမ့်မယ်။ 
 
၂။ အခွင့်အလမ်းများဖြစ်ပေါ်လာစေမယ့် နေရာများကို ရှာဖွေဖော်ထုတ်ပါ 
အဖွဲ့အစည်းတွင်းရှိနေတဲ့ ဘယ်လို reporting tool မျိုးကိုမဆို အသုံးပြုပြီး သင့်ကို team (သို့) organization တစ်ခုဟာ လက်ရှိအခြေအနေတွင် ဘယ်နေရာသို့ရောက်နေသလဲဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်စေမယ့် ရှိနေတဲ့အချက်အလက်များကိုစုစည်းအသုံးပြုပါ။ အရာအရာတိုင်း ဟာ ပျက်စီးမှုရှိနေတာမဟုတ်ပဲ သင့်အနေနဲ့ မြန်ဆန်ပြီးအရေးပါတဲ့ အကျိုးအမြတ်များကိုရရှိနိုင်မယ့်နေ ရာများကို ရှာဖွေဖော်ထုတ်ပြီး အဖွဲ့အစည်းအတွင်း ယုံကြည်အားကိုးမှုများရရှိစေရန်ပြုလုပ်လိုက်ပါ။ 
 
၃။ သင့်ပတ်ဝန်းကျင်အား အလွှာများပိုင်းခြားသတ်မှတ်ထားပါ 
အကြောင်းအရာတိုင်းကို တိုးတက်အောင်ပြုလုပ်၍မရနိုင်တဲ့အတွက်ကြောင့် သင့်ရဲ့အင်အားများကို သင့်အနေနဲ့ ကွဲပြားခြားနားမှုရှိလာစေရန်လုပ်ဆောင်နိုင်တဲ့အပိုင်းများတွင်သာ အာရုံစိုက်ထားသင့်ပါ တယ်။ ကျွန်ုပ်ကတော့ အောက်ပါ matrix ကိုအသုံးပြုပြီး ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်အား အလွှာများပိုင်း ခြားထားတတ်ပါတယ်။ 
• အောက်ခြေ ၂၀% - သင့်ရဲ့အချိန်များကိုအကျိုးရှိရှိအသုံးချနိုင်ရန်အတွက် တစ်ယောက်နှင့် အများ တွေ့ဆုံသည့်ပုံစံဖြင့်တွေ့ဆုံပါ။ 
• အလယ် ၇၀% - သင့်ရဲ့အားအင်များကို အထက်ပိုင်းနဲ့ အလယ်ပိုင်းများတွင် အာရုံစိုက်ထားပါ။ နောက်ထပ်သင်လေးစားအားကျရတဲ့သူများဟာ ဒီအလွှာတွင်ရှိနေပါတယ်။ 
• ထိပ်ဆုံး ၁၀% - ဒီအဖွဲ့ထံမှ သင်ယူပါ။ သင့်ကိုယ်သင် ထိပ်တန်းစွမ်းဆောင်ရည်ရှိသူများနဲ့ပေါင်း သင်းပါ။ နောက်ပြီး အကြံဉာဏ်ကောင်းတွေအတွက် တိုင်ပင်၍ရနိုင်သူတစ်ဦးဖြစ်နေပါစေ။ 
 
၎။ လုပ်ငန်းတွင်းကျွမ်းကျင်သူများထံမှ သင်ယူမှုပြုပါ။ 
များစွာသောမေးခွန်းတွေကိုမေးမြန်းတာနဲ့အတူ မှတ်မိသိရှိနိုင်ရန်လည်းကြိုးစားပါ။ ဘယ်အရာတွေက တော့ အလုပ်ဖြစ်သလဲဆိုတာကိုလေ့လာပါ၊ ဘယ်နေရာတွေကတော့ တိုးတက်အောင်ဆောင်ရွက်ရန် အခွင့်အလမ်းများဖြစ်သလဲဆိုတာကိုလေ့လာပါ။ ဘယ်လိုတစ်မူထူးခြားတဲ့တွန်းအားများကို အောင်မြင် နေသူများဟာစွဲကိုင်ထားကြပါသလဲ? ဘယ်အရာတွေကတော့ သင့်အတွက် သတင်းအချက်အလက်များ ကိုပေးနိုင်တိုင် အရင်းအမြစ်တွေလဲ? Online ပေါ်မှတဆင့်လား? ဂျာနယ်များ ဘလော့ဂ်များမှတဆင့် လား? နောက်ပြီး သင့်အနေနဲ့လေ့လာတွေ့ရှိတဲ့အရာများကိုမျှဝေမှုပြုလုပ်ပေးပါ။ 
 
၅။ သင့်ရဲ့အမြင်များကို လက်တွေ့အကောင်အထည်ဖော်လုပ်ဆောင်ပါ။ 
လုပ်ဆောင်ဖို့အတွက်လုံလောက်စွာရဲရင့်မှုရှိစေပြီး ရလာဒ်များကိုလက်ခံနိုင်ပါစေ။ လွန်စွာကောင်းမွန် တဲ့ရလာဒ်များဟာ ဆက်လက်ပြီးတိုးတက်အောင်ပြုလုပ်ဆောင်ရွက်နိုင်စေဖို့အတွက် ရလာဒ်များဖြစ်ပါ တယ်။ အရာရာတိုင်းဟာ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါမှာလည်း ချိန်ညှိမှုပြုလုပ်ပေးဖို့ လိုလို လားလားရှိနေပါစေ၊ ထို့နောက် နောက်တစ်ကြိမ်ပြန်လည်ကြိုးစားပါ။ ဒီအရာကို ထပ်တလဲလဲလုပ် ဆောင်ပြီး လုပ်ဆောင်ချက်တိုင်းတွင် တိုးတက်အောင်ဆောင်ရွက်နိုင်မည့်အချက်များကိုရှာဖွေကြည့်ပါ။ 
 
၆။ ထင်သာမြင်သာရှိစွာခေါင်းဆောင်မှုပြုပါ။ 
အဖွဲ့ဝင်များကို ရှင်းလင်းပြီးတိကျတဲ့စနစ်များနဲ့ ရလာဒ်မျှော်မှန်းချက်များကို ပြောဆိုထားဖို့က အရေး ကြီးပါတယ်။ အာရုံစိုက်ထားတဲ့ ပန်းတိုင်အချို့ရှိခြင်းဟာ ပြန့်ကျဲနေတဲ့ပန်းတိုင်များစွာရှိနေခြင်းထက် ပိုကောင်းပါတယ်။ သင့်ရဲ့ပြောဆိုဆက်ဆံမှုတိုင်းဟာ မကြာခဏ၊ တသမတ်တည်းနှင့် တိုက်ရိုက် ပြောဆို နေရမှာဖြစ်ပါတယ်။ ပါဝင်ဆောင်ရွက်ပေးသူတစ်ဦးချင်းစီတိုင်းကို သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုများဟာ ပိုကြီးတဲ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်သလဲဆိုတာကို ရှင်းလင်းစွာ သိရှိထားစေရန်ပြုလုပ်ပေးရပါမယ်။ SMART goal များကို မှတ်သားထားပြီး ကောင်းမွန်တဲ့ရလာဒ်များ ရရှိအောင်ဆောင်ရွက်နိုင်တဲ့အခါမှာ အများရှေ့တွင် ဆုချပေးပါ။ 
 
သင့်ရဲ့ report များကိုပြန်လည်လေ့လာဆန်းစစ်ပါ။ ကိန်းဂဏ္ဍန်းများအတွင်းကြည့်ရှုတတ်ရန်လေ့လာပါ နောက်ပြီး ဒီနေရာဟာပန်းတိုင်မဟုတ်ဘူးဆိုတာကို သတိပြုပါ။ ဒီအရာဟာ ခရီးလမ်းတစ်ခုဖြစ်ပြီး သင့်ရဲ့ တာဝန်ဝတ္တရားများဟာ အသက်ရှင်နေထိုင်ခြင်း၊ အသက်ရှုခြင်းကဲ့သို့သော ပုံမှန်ပြုစုပျိုးထောင် ပြီး ဖြည့်တင်းနေရသည့်အရာတစ်ခုအဖြစ်တွေးမြင်ထားပါ။ လူတိုင်းဟာ report ထဲက သတင်းအချက် အလက်များကို ဆွဲထုတ်တတ်ကြပါတယ်။ သင့်အနေနဲ့ ဒီ အချက်အလက်များကို အဓိပ္ပါယ်ရှိလာအောင် နဲ့ သင့်အနေနဲ့ တင်ဆက်မှုပြုလုပ်သည့်အခါတွင် ဆက်စပ်မှုရှိနေစေရန် ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ 
 
အောင်မြင်မှုအချို့ရရှိလိုက်တဲ့အခါမှာ အေးအေးဆေးဆေးဖြစ်သွားတတ်ကြပါတယ်။ သင့်အနေနဲ့ အောင်မြင်သွားတဲ့အခါမှာတောင်မှ ဒီလုပ်ငန်းစဉ်များကို ပြန်လည်လုပ်ဆောင်ကြည့်သင့်ပါတယ်။ အောင်မြင်မှုရှိခြင်းဟာ သင့်ကိုပိုမိုကြိုးစားမှုမရှိစေတော့ပဲ ဒီအရာက ထိပ်ဆုံးတွင်ရပ်တည်နိုင်ရန်မှ သင့် ကို ဆွဲချနေတဲ့အရာတစ်ခုဖြစ်ပါတယ်။ လူသစ်တစ်ယောက်အနေနဲ့ ပြန်လည်စတင်ဖို့လိုလိုလားလားနဲ့ လုပ်ဆောင်ပြီး အကြောင်းအရာအသစ်များကို သင်ယူလိုက်ပါ။ ဒါဟာ အနည်းငယ်သက်တောင့်သက် သာတော့ရှိစေမှာမဟုတ်သော်လည်း ရင်းနှီးမြှုပ်နှံလိုက်တဲ့အချိန်တိုင်းဟာ ထိုသို့ပြုလုပ်ရခြင်းအတွက် ထိုက်တန်မှုရှိစေမှာပါ။ 
 
အဆုံးသတ်အမြင်အနေနဲ့ ကမ္ဘာပေါ်ရှိလုပ်ငန်းစဉ်တိုင်းဟာ သင့်အနေနဲ့ အောင်မြင်မှုအတွက်အဆုံးအ ဖြတ်ပေးနိုင်တဲ့ တစ်ခုတည်းသောအရာဖြစ်တဲ့ စိတ်ပါဝင်စားမှုမရှိရင်တော့ သင်နဲ့ကိုက်ညီမှုရှိနိုင်မှာ မဟုတ်ပါဘူး။ စိတ်ပါဝင်စားမှုရှိခြင်းကို ရေရှည်တွင် အတင်းအကြပ်လုပ်ယူ၍မရနိုင်ပါဘူး ဘာလို့လဲဆို တော့ လူတွေက တဖြည်းဖြည်းခြင်းရိပ်မိလာမှာဖြစ်လို့ပါပဲ။ သင့်အနေနဲ့ သင့်ကိုယ်သင် ကုမ္ပဏီအတွက်၊ ပတ်ဝန်းကျင်အတွက်နဲ့ အလုပ်အပေါ် ဘယ်လောက်စိတ်ပါဝင်စားမှုရှိသလဲဆိုတာနဲ့ပတ်သက်ပြီး ရိုးရိုး သားသားဖြေကြည့်ဖို့လိုပါလိမ့်မယ်။ သင်ဟာ စိတ်ပါဝင်စားမှုမရှိဘူးဆိုပါက ထိရောက်မှုရှိစေရန် အတွက်လိုအပ်တဲ့ ကြိုးကြိုးစားစားလုပ်ဆောင်ခြင်းနှင့် အကောင်းဆုံးအားထုတ်လုပ်ဆောင်ခြင်းတို့ကို ပြုလုပ်ပေးမှာမဟုတ်တော့တဲ့အတွက် မှန်ကန်စွာစိတ်ပါဝင်စားမှုရှိနေဖို့က အရေးကြီးပါတယ်။ 
 
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com

Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
PROQC INTERNATIONAL PVT. LTD.

PROQC INTERNATIONAL PVT. LTD.

To nurture the trust of our customers and our team through dynamic interactions, creative supply chain solutions, and integrated partnership The global quality solution, engineering, and consulting s...
Show the postings (3)
Talent and Technology Co.,Ltd

Talent and Technology Co.,Ltd

Vision - Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply. Mission - Reduce poverty and imp...
Show the postings (10)
W.H.K Co., Ltd.

W.H.K Co., Ltd.

..Since established in 1997, W.H.K Company Limited has built a credible reputation as Myanmar’s leading distributor of automotive spare parts. W.H.K became the touchstone of quality and trustworthi...
Show the postings (5)
Polymer Company Limited

Polymer Company Limited

Vision - To be the leader in the market. Mission - We will provide best and services available to make a difference. - We will inspire lifestyle of people. - We will treat all individuals (stak...
Show the postings (9)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS