Jobs In Myanmar
Load...

Tips for New Manager

by www.jobsinyangon.com


Tags: Knowledge-Manager-Management-HR-JobsinYangon



မန်နေဂျာအသစ်များအတွက် အကြံပေးချက်များ 

စီမံခန့်ခွဲမှုများပြုလုပ်ရခြင်းဟာ လွယ်ကူသောအရာတော့မဟုတ်ပါဘူး။ ထုတ်ယူသုံးစွဲနိုင်သည့်ရာပေါင်းများစွာ သော အရင်းအမြစ်များရှိနေလျှင်တောင်မှ စီမံခန့်ခွဲမှုတာဝန်သို့ပထမဦးဆုံးဝင်ရောက်လာမည့်သူများအဖို့ သင့် ထံတွင် လေထီးရှိနေသော်လည်း၊ လေယာဉ်ပျံပေါ်မှခုန်ချရသကဲ့သို့ခံစားရစေနိုင်မှာဖြစ်ပါတယ်။ 

ရုတ်ချည်းဆိုသလို သင်ဟာ သင့်အဖွဲ့ရှိလူများ၏ ကောင်းကျိုးရလာဒ်များ၊ ကုန်ထုတ်လုပ်မှုစွမ်းရည်နှင့် အောင် မြင်မှုတို့အပေါ်တာဝန်ရှိလာပြီး သူတို့အနေဖြင့် တစ်ခုခုအမှားအယွင်းဖြစ်ခဲ့ပါက သင့်ထံသို့သာရောက်လာမှာ ဖြစ်ပါတယ်။ ထိုအရာက၊ အကယ်၍သင်ဟာ အခြားသူတစ်ဦးကိုသာ ဖြေရှင်းမှုများအတွက်အားကိုးနေခြင်းဖြင့် နေသားကျနေသူတစ်ဦးဖြစ်နေပါက ကြောက်မက်ဖွယ်ပြောင်းလဲမှုတစ်ခုဖြစ်လာနိုင်ပါတယ်။ 
အထူးသဖြင့် ပထမဦးဆုံးအကြိမ် မန်နေဂျာဖြစ်လာသူများအဖို့ လုပ်ငန်းတာဝန်အသစ်တွင် နေသားကျစေဖို့ရာ အတွက် အချိန်လိုအပ်ပါသည်။ လုပ်ကိုင်ရမည့်အရာများကိုလက်တွန့်ခြင်းလည်းဖြစ်ပွားရန်အတွက်လွယ်ကူလှပါ သည်။ သင်သိထားရမည်မှာ လူတိုင်းဟာ တစ်နေရာရာမှ စတင်ကြရတာချည်းပင်ဖြစ်ပြီး ထိုအရာများကို သင်တစ်ယောက်တည်းကြုံတွေ့ရတာမဟုတ်ဘူးဆိုတာပဲဖြစ်ပါတယ်။ 

မန်နေဂျာကောင်းတစ်ဦး၏ စရိုက်လက္ခဏာများ 

ယနေ့တွင် မန်နေဂျာကောင်းတစ်ဦး၏ အဓိကစရိုက်လက္ခဏာ (၄) ချက်ကို ကျွန်ုပ်တို့မှ အောက်တွင်ဖော်ပြပေး ထားမှာဖြစ်ပါတယ်။ အတွေ့အကြုံရှိသော ခေါင်းဆောင်များထံမှ မန်နေဂျာအသစ်များအတွက် အကောင်းဆုံး အကြံပြုချက်များကိုတောင်းဆိုပြီး သင့်၏အလုပ်တာဝန်အသစ်တွင် အောင်မြင်မှုရရှိစေရန်အတွက် ကူညီပေးနိုင် မည့် မိမိကိုယ်ကိုတိုးတက်ရန်လုပ်ဆောင်ရမည့်အချက်များကို စာရင်းပြုထားပါ။ 
ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိခြင်း

ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိခြင်း

လူတိုင်းက သူတို့ရဲ့ပြောကြားချက်များကိုနားထောင်ပေးကာ သူတို့အပေါ်လေးစားမှုရှိပြီး တန်ဖိုးထားမှုရှိသည်ဟု ခံစားရနိုင်စေမည့် ပူးပေါင်းပါဝင်ဆောင်ရွက်မှုရှိသည့် ပတ်ဝန်းကျင်တစ်ခုတည်ဆောက်ပေးရန်မှာ မန်နေဂျာတိုင်း အတွက် အဓိကကျသော အဆင့်တစ်ခုဖြစ်ပါသည်။ အတူတူပူးပေါင်းလုပ်ကိုင်နိုင်သော အဖွဲ့ရှိခြင်းသည် ပိုမို၍ ကြိုဆိုနွေးထွေးကာ၊ ပံ့ပိုးကူညီမှုရှိသော ကုမ္ပဏီယဉ်ကျေးမှုတစ်ခုကို ဖြစ်ပေါ်လာစေမည်ဖြစ်ပါသည်။ မန်နေဂျာ တစ်ဦးအနေဖြင့် ထိုသို့ဖြစ်ပေါ်လာစေရန် အလုပ်အပေါ်ချစ်မြတ်နိုးမှုနှင့် အကောင်းမြင်စိတ်ရှိမှုကိုပြသခြင်းအား ဖြင့် ထိုကုမွဏီယဉ်ကျေးမှုအား အကောင်အထည်ဖော်ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ 
လုပ်ငန်းတာဝန်များခွဲဝေခြင်း၊ တစ်ဦးခြင်းတွေ့ဆုံစည်းဝေးမှုများတွင် ပြောဆိုဆက်ဆံမှုများနှင့် ဝေဖန်အကြံပြု ချက်များကို အားပေးခြင်းနှင့် အဖွဲ့ဝင်များအကြား တစ်ဦးနှင့်တစ်ဦးအပြန်အလှန်ယုံကြည်မှုရှိစေရန်အတွက် အလေးဂရုပြုဆောင်ရွက်ခြင်းတို့ကိုပြုလုပ်ရမည်ဖြစ်ပါသည်။ 

ကြီးထွားတိုးတက်မှုရှိစေဖို့ကို အလေးထားဆောင်ရွက်ခြင်း

မန်နေဂျာတစ်ဦးအနေဖြင့် တစ်ဦးခြင်းစီ၊ ဒါမှမဟုတ် အသင်းအဖွဲ့တစ်ခုလုံးရှိ ဝန်ထမ်းများကို တိုးတက်မှုများ ရှိစေရန် ကူညီမှုပေးဖို့ကိုအာရုံစိုက်ရပါမည်။ သင့်ရဲ့အလုပ်သမားများတစ်ဦးခြင်းစီအပေါ် နားလည်မှုရှိစေရန် ပြု လုပ်ပြီး သူတို့၏စိတ်ဝင်စားမှုများနှင့် တစ်ကိုယ်ရေစွမ်းဆောင်ရည်ပါရမီများကိုတွန်းအားပေးခြင်းဖြင့် ကူညီပေး ပါ။ ဘယ်အရာကအလုပ်ဖြစ်လဲဆိုတာနှင့် ဘယ်အရာကအလုပ်မဖြစ်ဘူးဆိုသည်ကိုရှာဖွေပြီး သင့်ရဲ့ဝန်ထမ်းများ မှ အကောင်းဆုံးလုပ်ဆောင်နိုင်ရန်အတွက် အခက်အခဲများ၊ အတားအဆီးများကို ဖော်ထုတ်ကာဖယ်ရှားပါ။ 
မန်နေဂျာများတွင် “လုပ်ငန်းနှင့်မဆိုင်သော တိုးတက်အောင်မြင်စေဖို့ရည်မှန်းချက်များကိုယ်စီရှိကြပါသည်။ လူ တစ်ဦးတစ်ယောက် (သို့မဟုတ် လူအများ) တိုးတက်စေနိုင်မည့် အလုပ်ရလာဒ်နှင့်မသက်ဆိုင်သောရည်မှန်းချက် တစ်ခုအား သင့်၏အဖွဲ့အတွက်ထားရှိလိုက်ပါ။ ထိုအရာသည် အဖွဲ့ကြီးတစ်ခုအား အလုပ်တာဝန်များမျှဝေပေး ရန်အတွက်တင်ဆက်ပြသမှုများပြုလုပ်ရာတွင်မိမိကိုယ်ကိုယုံကြည်မှုရှိစေရန်သော်လည်းကောင်း ဘာသာစကား အသစ်တစ်ခုအား လေ့လာရန်သော်လည်းကောင်းဖြစ်နိုင်ပါသည်။” 

ကောင်းမွန်စွာပြောဆိုဆက်ဆံနိုင်စွမ်းရှိသူ  

ပြောဆိုဆက်ဆံမှုပြုလုပ်ခြင်းသည် လူသားများအနေဖြင့် ကျွန်ုပ်တို့ပြုလုပ်နေသော အရာအားလုံးနီးပါး၏ အဓိက မောင်းနှင်အားတစ်ခုဖြစ်ပြီး မန်နေဂျာများအဖို့ ရှင်းလင်းစွာပြောဆိုတတ်သူဖြစ်ရန်မှာ အလွန်တရာပင် အရေးကြီးလှပါသည်။ သင့်အနေဖြင့် သင့်ဝန်ထမ်းများအတွက် တိကျသောမျှော်မှန်းချက်များကို သန်မှတ်ထားရှိ ရမည်ဖြစ်ပြီး အရေးပါသောအကြောင်းအရာများကို သိသာမြင်သာမှုရှိစေရမည်ဖြစ်ပါသည်။ ထို့အပြင် ဝေဖန် အကြံပြုချက်များပေးရန်နှင့် လက်ခံရန်တို့အတွက် လမ်းညွှန်မှုများကိုထားရှိပေးရမည်ဖြစ်ပါသည်။ 
တစ်မူထူးခြားသောအတွေးအမြင်များကို လှုံ့ဆော်အားပေးရန်အတွက် မန်နေဂျာများသည် အားလုံးမှ သူတို့၏ စိတ်ပူပင်မှုများ၊ အထင်အမြင်များ၊ အကြံအစည်များကို အားလုံးမှပါဝင်မှုပြုလုပ်နိုင်သော ယဉ်ကျေးမှုအား ဖန်တီးပြုလုပ်ရမည်ဖြစ်ပါသည်။ စံနမူနာအနေဖြင့် စစ်မှန်မှုရှိမှုကိုအားပေးကာ အားနည်းချက်များကို အားပေး ကူညီခြင်းဖြင့် ဦးဆောင်မှုပြုရမည်ဖြစ်ပါသည်။ သင့်အနေနဲ့ဘာလုပ်ရမှန်းမသိဖြစ်နေပါက သင့်ရဲ့အဖွဲ့အား အကူ အညီတောင်းပါ။ စကားဝိုင်းတစ်ခုကိုစတင်ပြီး စကားစမြည်ပြောဆိုမှုများကိုပြုလုပ်ပေးပါ။ 

အကျိုးသက်ရောက်မှုများကိုလိုလားခြင်း

အလုပ်သမားတိုင်းဟာသူတို့အပေါ်တန်ဖိုးထားမှုအား လိုလားကြပါတယ်။ သူတို့အနေဖြင့် သင့်ရဲ့အလုပ်ဟာ တစ် နည်းအားဖြင့် ပြောင်းလဲမှုများဖြစ်ပေါ်လာစေမည်ဟု ယုံကြည်မှုမရှိပါက သူတို့ကိုစိတ်အားတက်ကြွစေမှာ မဟုတ်ပါဘူး။ “မန်နေဂျာအသစ်များအနေဖြင့် အဖွဲ့ဝင်တိုင်း၏အားသာချက်များနှင့် ဘယ်နေရာများတွင်တော့ သူတို့ဟာ အကူအညီများလိုအပ်နေသည်ဆိုသည်ကို နားလည်စေရန် အချိန်အချို့ယူပြီးဆောင်ရွက်သင့်ပါသည်။ အလုပ်တာဝန်များကို သင်နှင့် သင့်ရဲ့အဖွဲ့ဝင်များအတွက် သင်ယူမှုပြုလုပ်နိုင်သောလုပ်ငန်းစဉ်တစ်ခုအနေဖြင့် အသုံးချဆောင်ရွက်ပါ။ ထို့နောက်သူတို့လိုအပ်သောနေရာများတွင်အကူအညီများပေးပါ၊ သင့်အနေနဲ့အကူအညီ လိုအပ်လာသည့်အခါတွင်လည်း သူတို့ထံမှအကူအညီကိုရယူလိုက်ပါ။ “ 

ထပ်တလဲလဲလုပ်ဆောင်ခြင်းအားဖြင့် သင့်ရဲ့အလုပ်တာဝန်များတွင် သင်တိုးတက်လာသည်နှင့်အမျှ သင့်ရဲ့အဖွဲ့နဲ့ အတူ အစဉ်တစိုက်လေ့လာမှုများကိုပြုလုပ်ပါ။ သင်ဟာပိုမိုကောင်းမွန်လာစေရန်အတွက် ကြိုးပမ်းဆောင် ရွက်လျှက်ရှိသည်ဆိုသည်ကို ဝန်ထမ်းများအနေဖြင့် သိမြင်လာမည်ဖြစ်ပြီး သူတို့ကို သူတို့၏လုပ်ငန်းတာဝန်များ တွင် ပိုမိုကောင်းမွန်စွာလုပ်ဆောင်လာနိုင်စေရန်အတွက် လှုံ့ဆော်အားပေးမှုများကိုဖြစ်ပေါ်နိုင်မည်ဖြစ်ပါသည်။ 
နောက်ရက်များတွင်၊ ကျွန်ုပ်တို့မှ မန်နေဂျာကောင်းတစ်ဦးဖြစ်လာစေရန် အတွက် ရှောင်ကြဉ်ရမည့်အချက်များ ကိုလည်းဖော်ပြပေးသွားမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုအားပေးကြပါဦးခင်ဗျာ။ 

 

ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


International Travel Asia Co., Ltd.

International Travel Asia Co., Ltd.

.International Travel Asia Co.,Ltd....
Show the postings (3)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)
Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Digital Dots

Digital Dots

.DigitalDots specialises in building quality business websites that people are proud of by using our expertise in all areas of website design, development and Internet marketing. Our passion for se...
Show the postings (7)
PENTA-OCEAN CONSTRUCTION CO., LTD.

PENTA-OCEAN CONSTRUCTION CO., LTD.

.“Creative company” for land and sea As a leading contractor in coastal and waterfront area, we seek to create attractive environment and pursue customer satisfaction and social contribution as a...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS