by www.jobsinyangon.com
Tags: Knowledge-Sales-Professionals-HR-JobsinYangon
အောင်မြင်တဲ့ အရောင်းပရော်ဖက်ရှင်နယ်များအတွက် အကြံပြုချက်များ
အရောင်းပရော်ဖက်ရှင်နယ်တွေဟာ အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှု သို့ ကျရှုံးမှုမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့အဓိကတာဝန်ယူဆောင်ရွက်ရတဲ့ ကိစ္စတွေမှာ ကုန်ပစ္စည်းတစ်ခုကိုကြော်ငြာခြင်း နှင့် ပစ္စည်းအမှတ်တံဆိပ်တစ်ခုကို အသုံးပြုသူများအကြားရေပန်းစား လူကြိုက်များလာအောင်ဆောင်ရွက်ရခြင်းတွေပါဝင် ပါတယ်။
အရောင်းကိုယ်စားလှယ်တွေဟာ အဖွဲ့အစည်းအတွက် ဝင်ငွေရရှိဖို့ ဆာင်ရွက်ပေးပြီး အမြတ်ရရှိအောင်လည်း လုပ်ဆောင်ပေးပါတယ်။
အောင်မြင်တဲ့ အရောင်းပရော်ဖက်ရှင်နယ်များအတွက် အကြံပြုချက်အချို့ကို လေ့လာ ကြည့်လိုက်ရအောင်။
- သင့်ရဲ့ထုတ်ကုန်ကို ကောင်းစွာနားလည်ထားပါ။ သင်ကိုယ်တိုင်က သင့်ရဲ့ထုတ်ကုန်ကို အပြည့်အဝယုံကြည်နားလည်ထားခြင်း မရှိဘူးဆိုရင် ဝယ်ယူသူတွေ အနေနဲ့ သင့်ကိုယုံကြည်ဖို့ ခက်ခဲနိုင်ပါတယ်။ သင့်ရဲ့ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုရဲ့ အားသာချက်တွေအားလုံးကို သိရှိအောင် ပြုလုပ်ထားပါ။ အရောင်းပရော်ဖက်ရှင်နယ်တွေဟာ ဝယ်ယူသူတွေရဲ့ ယုံကြည်မှုကို ရရှိနိုင်ရန်အတွက် ထုတ်ကုန်ပစ္စည်းတွေရဲ့ USPs (အများနဲ့မတူ ညီတဲ့ ရောင်းချခြင်းဆိုင်ရာအဆိုပြုချက် Unique Selling Propositions) တွေကို ရှင်းလင်းစွာနားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။
- သင့်ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်နဲ့ ပတ်သက်ပြီး ဂုဏ်ယူပါ။ လူတစ်ယောက်ဟာ ခံစားခွင့်တွေအရ ပိုက်ဆံအများကြီးမြန်ဆန်စွာရှာဖွေနိုင်တာကြောင့် အရောင်းဝန်ထမ်း အလုပ်ကို အသက်မွေးဝမ်းကြောင်း အလုပ်အဖြစ်ရွေးချယ်တာမျိုး မဖြစ်သင့်ပါ။ အရောင်းဝန်ထမ်းအလုပ်ကို လုပ်ကိုင်လိုသူဟာ ရောင်းချတာနဲ့ပတ်သက်ပြီး စိတ်အား ထက်သန်မှုရှိရပါမယ်။ အကောင်းဆုံးရလာဒ်တွေ ရရှိနိုင်ဖို့အတွက် သင့်ရဲ့အလုပ်ကို ပျော်ရွှင်မှုအပြည့်နဲ့ လုပ်ကိုင်နိုင်ရပါမယ်။ သင့်ရဲ့အလုပ်ကို ဝန်ထုပ်ဝန်ပိုးတစ်ခုအဖြစ် ဘယ်တော့မှ မသတ်မှတ်မိပါစေနှင့်။
- အရောင်းကိုယ်စားလှယ်တွေဟာ စိတ်မရှည်လို့မရပါဘူး။ ဝယ်ယူသူတွေအနေနဲ့သင်နဲ့ သင့်ရဲ့ထုတ်ကုန်ကို ယုံကြည်ဖို့အတွက် အချိန်ယူရနိုင်ပါတယ်။ အဲ့တာက လုံးဝကို အဆင်ပြေ(ဖြစ်သင့်)ပါတယ်။ ဝယ်ယူသူတွေကို ကောင်းကောင်းမွန်မွန်မဆက်ဆံတာတွေ အော်ဟစ်ပြောဆိုတာတွေက အမှားကျူးလွန်မိတာဘဲ ဖြစ်ပါတယ်။ သူတို့ကို အကောင်းဆုံးစိတ်ရှည်သည်းခံပြီး ဂရုစိုက်ရမှာဖြစ်ပါတယ်။ သင့်ရဲ့ ဝယ်ယူသူတွေကို ကြင်နာမှုအပြည့်နဲ့ ဆက်ဆံပါ။
- ဝယ်ယူသူတွေနဲ့ မကြာခဏ ထိတွေ့ဆက်ဆံပြီး သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ မျှော်လင့်ချက်တွေကို သိရှိဖို့ကြိုးစားပါ။ လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ရိုးသားမှုရှိပါ။ သူတို့နဲ့ သင့်တော်တဲ့အရာတွေကိုသာ အကြံပြုညွှန်ပြပေးပါ။
သင့်ရဲ့ထုတ်ကုန်တွေကို ရောင်းချဖို့အတွက် သင်ရည်ရွယ်တဲ့ ဈေးကွက်တစ်ခုဖန်တီးပါ။ တစ်လကို ရူပီးတစ်သောင်းခန့်သာ ရှိတဲ့သူတစ်ယောက်ကို Flat Screen TV သို့မဟုတ် အဲယားကွန်းရောင်းချဖို့ မကြိုးစားပါနှင့်။ အဲဒါဟာ အချိန်၊အင်အားနဲ့ စွမ်းရည် ကို ဖြုန်းပစ်လိုက်သလိုဘဲ ဖြစ်နေပါလိမ့်မယ်။ ဝယ်ယူသူရဲ့ ဝယ်နိုင်စွမ်း(Purchasing Power) ကို နားလည်ထားပါ။
- အတင်းအကျပ်ရောင်းတာမျိုး မလုပ်ပါနှင့်။ အရောင်းဝန်ထမ်းတစ်ယောက်ဟာ ဝယ်ယူသူ တွေကို စိတ်အနှောင့်အယှက်ဖြစ်အောင် မပြုလုပ်သင့်ပါ။ သူတို့ရဲ့ ဘဝတွေကိုခက်ခဲ အောင်မပြုလုပ်ပါနှင့်။ အတင်းအကျပ်တွန်းအားပေးခြင်းမျိုးက အရောင်းအဝယ်ညှိနှိုင်း မှုတွေကို မအောင်မြင်စေနိုင်ဘဲ သင့်ရဲ့ဖောက်သည်တွေကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ သူတို့ကို စဉ်းစားဆုံးဖြတ်ဖို့အတွက် အချိန်ပေးပါ။ တက်ကြွတာက ကောင်းပေမယ့် စည်းမကျော်မိဖို့တော့ လိုအပ်ပါတယ်။
- အရောင်းကိုယ်စားလှယ်တစ်ယောက်ဟာ သူအရမ်းရောင်းချင်နေတယ် ဆိုတာကို သူ့ရဲ့ ဝယ်ယူသူတွေရှေ့မှာ ဘယ်တော့မှ မပြသင့်ပါဘူး။ သင့်အနေနဲ့ သင့်ရဲ့ သတ်မှတ်ချက်တွေ ပြည့်မှီဖို့အတွက် ဒီထုတ်ကုန်တွေကို ရောင်းချဖို့ ဘယ်လောက်အထိ လိုအပ်နေတယ်ဆိုတာကို သင့်ရဲ့ဝယ်ယူသူတွေကို မပြသင့်ပါ။ အဲ့ဒီကိစ္စဟာဝယ်ယူသူနဲ့ လုံးဝမသက်ဆိုင်ပါဘူး။ သူဟာ ထုတ်ကုန်ပစ္စည်းကို တကယ်လိုအပ်နေတယ်ဆိုရင် သေချာပေါက်ဝယ်ယူပါလိမ့်မယ်။
- မိမိကိုယ်မိမိ အားပေးနိုင်သူဖြစ်ပါစေ။ သင်အတွက် ရည်မှန်းချက်ပန်းတိုင်တစ်ခု သင်ကိုယ်တိုင်သတ်မှတ်ပြီး အဲ့ဒီရည်မှန်းချက်ကို အကောင်းဆုံးနည်းလမ်းနဲ့ ပြည့်အောင်လုပ်နိုင်ဖို့ ကြိုးစားပါ။ အရောင်းအဝယ်ကိစ္စတစ်ခုချင်းစီတိုင်းမှာ သင့်ရဲ့စိတ်ရောကိုယ်ပါ နှစ်မြှုပ်ထားပါ။
- သာမန်စိတ်နေစိတ်ထားမျိုး မွေးမြူခြင်းကို ရှောင်ရှားပါ။ အရောင်းဆွေးနွေးပွဲတွေဆီကို သာမန်အဝတ်အစားဝတ်ပြီး မသွားသင့်ပါ။ သာမန်လိုဘဲ ဝတ်စားထားမယ်ဆိုရင် သင့်ကို ဖောက်သည်တွေက လေးစားမှာ မဟုတ်ပါဘူး။
ပေါင်းသင်းဆက်ဆံရေးကောင်းသူတစ်ယောက်ဖြစ်ပါစေ။ ဝယ်ယူသူတွေနဲ့ စကားပြော နေတဲ့ အချိန်တွေမှာ သင့်ရဲ့အရောင်းစကားနဲ့ ပတ်သက်ပြီး ဂရုစိုက်ပါ။ အသံအရမ်းတိုး လွန်း / ကျယ်လွန်းတာမျိုးကို ရှောင်ပါ။ သုံးစွဲသူအနေနဲ့ သင့်ရဲ့အသံကိုကြားနိုင်ပြီး သင့်ပြောနေတာတွေကို နားလည်ကြောင်းသေချာပါစေ။
- သင့်ရဲ့ ထုတ်ကုန်က အမှန်တကယ်လုပ်ပေးနိုင်တဲ့အရာတွေ အကြောင်းကိုဘဲပြောပါ။ အလိမ်အညာတွေ နဲ ပုံပြင်တုတွေဟာ နောက်ပိုင်းမှာ ဒုက္ခပေးနိုင်ပါတယ်။
- သတ်မှတ်ချက်တွေကို မကြောက်ပါနဲ့။ လက်တွေ့ကျပြီး ဖြစ်နိုင်ချေရှိမှသာ သတ်မှတ်ချက်တွေကို လက်ခံပါ။
- ရုံးခန်းထဲမှာ ထိုင်နေခြင်းက အရောင်းအဝယ်ပြုလုပ်တဲ့နေရာမှာ အထောက်အကူမပြု နိုင်ပါ။ အရောင်းကိုယ်စားလှယ်တွေဟာ အပြင်ကိုသွားပြီး လူတွေနဲ့ တွေ့ဆုံစကားပြော ရမှာ ဖြစ်ပါတယ်။ ဝယ်ယူနိုင်ချေရှိတဲ့ သုံးစွဲသူတွေကို စာရင်းပြုစုထားပါ။ ပိုပြီးများပြား တဲ့ လူတွေနဲ့ တွေ့ဆုံနိုင်ဖို့အတွက် ဆက်သွယ်ရန်အချက်အလက် အသေးစိတ်နဲ့ လိပ်စာကပ်ပြားတွေ အလဲအလှယ်ပြုလုပ်ပြီး သိမ်းထားပါ။
- သင့်အနေနဲ့ အရောင်းအဝယ်ကိစ္စတစ်ခုကို အောင်မြင်အောင် မပြုလုပ်နိုင်ခဲ့ဘူးဆိုရင် စိတ်မပျက်ပါနဲ့။ သင်ဘယ်နေရာမှာ မှားသွားပြီး ဘယ်အရာတွေကို ပိုကောင်းအောင် ပြောနိုင်(လုပ်နိုင်)ခဲ့သင့်လည်းဆိုတာကို နားလည်အောင်ပြုလုပ်ပါ။
သင့်ကိုယ်သင် ဝေဖန်ပါ။
- ကောင်းကောင်းနားထောင်သူတစ်ယောက်ဖြစ်ပါစေ။ အခြားအဖွဲ့မှ ပြောစရာရှိတဲ့ အကြောင်းအရာတွေကို ကောင်းစွာနားထောင်ပါ။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
VPower Group Holdings Limited
We provide career development and attractive remuneration package and fringe benefits to the right candidates.VPower Group are one of the world's leading large gen-set system integration providers and...
Show the postings (2)
Synergy Plus Co., Ltd
Vision - To be one the Leading Construction Companies
Mission - To provide our High Quality Services First after SAFETY
Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Tharaphu Soe Myint Company Limited
Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)
Phee Group
MISSION:
To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs.
VISION:
To be the P...
Show the postings (58)
Eastern Group of Companies
We are currently seeking dedicated staffs that have a desire to serve others while building a professional career.Over the years, our company has expended and diversified business in poultry farming, ...
Show the postings (8)