Jobs In Myanmar
Load...

Tips to keep you happy at your workplace

by www.jobsinyangon.com


Tags: Knowledge-Tips-Workplace-Happy-JobsInYangon



လုပ်ငန်းခွင်အတွင်း ပျော်ရွှင်မှုရရှိနိုင်ရန် သင်လုပ်ဆောင်နိုင်သည့်အချက်များ 

 

ပျော်ရွှင်တဲ့ဝန်ထမ်းများဟာ အောင်မြင်တဲ့လုပ်ငန်းစီးပွားရေးများအတွက် အဓိကကျတဲ့ သော့ချက်တစ်ခုပဲဖြစ်ပါတယ်။ ဝန်ထမ်းတစ်ဦးဟာ အလုပ်သွားဖို့ ဓိတ်ဓါတ်တက်ကြွနေတဲ့အခါမှာ ပိုမို၍လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားလာပြီး စိတ်အားထက်သန်မှုလည်း ရှိလာမှာဖြစ်သလို ထိုအလုပ်တွင် ဆက်လက်၍နေထိုင်လိုစိတ်လည်း ရှိလာမှာဖြစ်ပါတယ်။ သို့ပေမယ့်လည်း တစ်ခါတစ်ရံမှာ လုပ်ငန်းခွင်အတွင်းတွင် အလုပ်တွေပိခြင်း၊ အလုပ်ပင်ပန်းခြင်းနှင့် လောက်ဌတဲ့လစာငွေမရခြင်းတို့ ဖြစ်လာနိုင်တဲ့အတွက် လုပ်ငန်းခွင်အတွင်း ပျော်ရွှင်မှုရရှိရန်နှင့် စိတ်ဓါတ်တက်ကြွနေစေရန်အတွက် မိမိဖက်မှ ကြိုတင်ပြင်ဆင်မှုများကို ပြုလုပ်ထားရမှာဖြစ်ပါတယ်။ ဒါဟာ ကုမ္ပဏီအတွက်ကိုသာမက သင့်ရဲ့တစ်ကိုယ်ရည်စိတ်ချမ်းသာမှုအတွက်ကိုလည်း အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ 

လုပ်ငန်းရှင်ဖက်မှ မက်လောက်စရာကောင်းတဲ့ အကျိုးခံစားခွင့်တွေပေးထားတာမျိုးမရှိရင်တောင်မှ ဝန်ထမ်းတစ်ဦးအနေနဲ့ သင်ကိုယ်တိုင် အလုပ်ခွင်အတွင်း လာရောက်ရသည်ကို ပျော်ရွှင်လာစေရန် လုပ်ဆောင်နိုင်မယ့် နည်လမ်းများရှိနေပါတယ်။ ဒီကနေ့တင်ပြပေးသွားမယ့်အချက်များကတော့ သင်မည်သည့်နေရာသို့ ရောက်နေပါစေ လုပ်ငန်းခွင်အတွင်း စိတ်ပျော်ရွှင်မှုကို ပေးစွမ်းနိုင်စေမယ့် အကြံပြုချက်များပဲဖြစ်ပါတယ်။ 


၁။ ရည်မှန်းချက်ပန်းတိုင်များသတ်မှတ်ပြီးနောက် ထိုအရာများကိုရအောင်ပြုလုပ်ပါ။ 

မိမိတို့ရဲ့တစ်ကိုယ်ရည်အောင်မြင်မှုအနေနဲ့ ကုမ္ပဏီအတွင်း မိမိရဲ့အရေးပါမှုကိုတွေ့မြင်ရခြင်းထက် ကောင်းမွန်တဲ့ စိတ်အားတက်ကြွမှုကိုပေးစွမ်းနိုင်မယ့်အရာ ရှိနိုင်မယ်မထင်ပါဘူး။ အကယ်၍ မိမိတို့ရဲ့ မြင်မှုကို သင့်ဘက်ကလိုလားတယ်ဆိုရင်တော့ သင့်ကိုယ်သင် စံနှုန်းများသတ်မှတ်ထားရှိပြီး ရည်မှန်းချက်အသေးစားများမှစတင်၍ အောင်မြင်မှုရရှိနိုင်စေရန်အတွက် တဖြည်းဖြည်းအာရုံစိုက်၍ ကြိုးစားသွားလိုက်ပါ။ 

အလုပ်ခွင်အတွင်း တစ်ယောက်တည်းဖြစ်နေတယ်လို့ ခံစားနေရခြင်း (သို့) မည်သို့သော အကျိုးခံစားခွင့်များနှင့်မဆို လွဲချော်နေတယ်လို့ ခံစားနေရခြင်းတို့ ဖြစ်နေချိန်များမှာ သင့်အနေနဲ့ မကျေမနပ်ဖြစ်လာမှာဖြစ်ပြီး တန်ဖိုးထားခြင်းမခံရဘူးဟူ၍ ခံစားလာရမှာဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ သင့်ရဲ့ boss မှ သင့်အတွက်ရည်မှန်းချက်ပန်းတိုင်များ ချမှတ်ပေးလာတာကို ထိုင်စောင့်နေမည့်အစား လုပ်ငန်းပရောဂျက်တိုင်းအတွက် ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်များကို သတ်မှတ်ထားပြီး အဆိုပါရည်မှန်းချက်ပန်းတိုင်များဟာ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ပဓါနမထားပဲ ထိုအရာများကို ရရှိအောင်မြင်နိုင်စေရန် ကြိုးစားကြည့်လိုက်ပါ။ 


၂။ အသင်းအဖွဲ့နှင့် လုပ်ကိုင်ပါ။ 

ရံဖန်ရံခါဆိုသလိုပင် ဝန်ထမ်းများဟာ တစ်ဦးချင်းစီ သီးခြားအလုပ်လုပ်လိုတတ်လေ့ရှိကြပါတယ်။ ဒါဟာကုမ္ပဏီရဲ့ ကုန်ထုတ်လုပ်မှုစွမ်းရည်အတွက်ရော သင့်ရဲ့ကိုယ်ပိုင် လုပ်ငန်းစွမ်းဆောင်ရည်အတွက်ကိုပါ ကောင်းမွန်မှုရှိလာစေနိုင်မယ့်အချက် မဟုတ်ပါဘူး။ လုပ်ဖော်ကိုင်ဖက်များနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးများရှိနေတဲ့ ဝန်ထမ်းများဟာ လုပ်ငန်းခွင်အတွင်းတွင် လုပ်ဖော်ကိုင်ဖက်များနှင့် သင့်မြတ်မှုမရှိသောသူများထက် ၂.၅ ဆခန့် ပိုမို၍ လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မှုရှိတတ်ကြပါတယ်။ သို့ပေမယ့်လည်း သင့်အနေနဲ့ အဆိုးမြင်ဝါဒီသမားများကိုတော့ ရှောင်ရှား၍ပေါင်းသင်းရပါမယ်။ သင်ဟာဘယ်လောက်ပဲအကောင်းမြင်တတ်သူဖြစ်နေပါစေ ထိုသို့သောသူများဟာ သင့်ရဲ့စိတ်အခြေအနေပေါ် လွှမ်းမိုးသက်ရောက်မှုများရှိလာနိုင်ပါတယ်။ 

အကယ်၍သင့်အနေနဲ့ လုပ်ငန်းခွင်အတွင်းရှိအချို့သောအဖွဲ့များဟာ အနုတ်သဘောဆောင်တဲ့ အပြုအမူများဖြစ်သော အတင်းပြောခြင်း၊ ငြီးတွားခြင်းတို့ကို ပြုလုပ်လေ့ရှိသူများဖြစ်ကြောင်း သိရှိလာပါက ထိုသူများနှင့်တတ်နိုင်သရွေ့ ခပ်ဝေးဝေးနေသင့်ပါတယ်။ အကယ်၍ ထိုသို့ပြုလုပ်၍ မဖြစ်နိုင်ပါကလည်း အဆိုးဖက်သို့ဦးတည်နေတဲ့ စကားဝိုင်းများကို တတ်နိုင်သရွေ့ အကောင်းဖက်သို့ ပြန်လည်လမ်းကြောင်းလွှဲပေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။ သင်ကိုယ်တိုင်က ထိုအဖွဲ့အတွင်းက အနုတ်သဘောဆောင်တဲ့လူတစ်ဦးဖြစ်မသွားစေဖို့ကိုတော့ သတိကြီးစွာထားရမှာဖြစ်ပါတယ်။ 

 

၃။ မိမိကိုယ်ကို တိုးတက်မှုရှိလာစေရန် ကြိုးစားပါ။ 

မိမိကိုယ်ကိုတိုးတက်မှုရှိလာစေရန်အတွက် ကျွမ်းကျင်မှုအသစ်များကို လေ့လာသင်ယူပေးခြင်းဟာ မိမိကိုယ်ကိုယုံကြည်မှုမြင့်တက်လာစေနိုင်ဖို့အတွက် အရေးကြီးတဲ့အချက်တစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ပိုမိုခက်ခဲတဲ့အလုပ်များကို လက်ခံ၍လုပ်ကိုင်လာနိုင်မှာဖြစ်တဲ့အတွက် ပိုမိုကောင်းမွန်တဲ့ အခွင့်အလမ်းများကိုလည်း ရရှိလာစေနိုင်မှာဖြစ်ပါတယ်။ မိမိရဲ့ သက်မွေးမှုလမ်းကြောင်းအတွက်ဖြစ်စေ၊ လူမှုဆက်ဆံရေးဆိုင်ရာ လေ့ကျင့်သင်ကြားမှုများဖြစ်စေ ကျွမ်းကျင်မှုအသစ်များကို အမြဲတမ်းသင်ယူနေခြင်းဟာ လုပ်ငန်းခွင်အတွင်းတွင် စိတ်ဓါတ်တက်ကြွနိုးကြားနေစေနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ 

 

၎။ သင့်ကိုပျော်ရွှင်မှုတွေပေးနိုင်မယ့်နေရာအား ရွေးချယ်ရှာဖွေပါ။ 

သင့်ရဲ့အလုပ်ဆိုတာဟာ လစာငွေရဖို့တစ်ခုတည်းထက်ကိုပိုပါတယ်။ ဒါဟာ သင့်ရဲ့ကျွမ်းကျင်မှုများကို ပိုမိုတိုးတက်မှုရှိလာစေနိုင်ရန် လေ့ကျင့်နိုင်သောနေရာ၊ ပိုမိုကောင်းမွန်တဲ့အရာများကိုရရှိနိုင်ရန်အတွက် တစ်တပ်တစ်အားပါဝင်တည်ဆောက်နိုင်သောနေရာတစ်ခု ဖြစ်တဲ့အပြင် အခြားသောကျွမ်းကျင်သူများနှင့်ပူးပေါင်း၍ အတူတကွ အလုပ်လုပ်ကိုင်နိုင်သော နေရာတစ်ခုလည်းဖြစ်ပါတယ်။ အကယ်၍ သင်လုပ်ကိုင်နေရတဲ့အလုပ်ဟာ တိုးတက်မှုရှိမလာဘူးဟူ၍ ခံစားရပါက သင့်ရဲ့ ဆဌမအာရုံကိုယုံကြည်၍ အခြားအလုပ်တစ်ခုကိုရဲရဲကြီးရှာဖွေလိုက်ပါ။ 

သင့်အတွက်ပျော်ရွှင်မှုမပေးနိုင်တဲ့အလုပ်တစ်ခုမှ ထွက်ခွာခြင်းဟာ သင့်ရဲ့စိတ်ပိုင်းဆိုင်ရာနှင့် စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးအတွက် လွန်စွာအရေးကြီးလှပါတယ်။ အကယ်၍ သင့်အနေနဲ့ လက်ရှိလုပ်ကိုင်နေတဲ့အလုပ်မှာ အလုပ်လုပ်ရတာစိတ်မပါဖြစ်နေပြီး စိတ်တိုင်းမကျဖြစ်နေရင်တော့ အကောင်းဆုံးက ထိုအလုပ်တစ်ခုကနေထွက်ခွာ၍ နောက်ထပ်အလုပ်အသစ်တစ်ခုကို ရှာဖွေလိုက်ဖို့ပဲဖြစ်ပါတယ်လို့ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက် 
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


One Two Three Express

One Two Three Express

..Door to door express delivery service last-mile delivery service.....
Show the postings (8)
Power Light Co.,Ltd

Power Light Co.,Ltd

...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (15)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (10)
DHL Global Forwarding Myanmar

DHL Global Forwarding Myanmar

Vision: Our Purpose Our Guiding Principle Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS