by www.jobsinyangon.com
Tags: Recruitment-Management-Burnout-HR-JobsinYangon
မန်နေဂျာတစ်ဦးအနေနဲ့ (သို့) လုပ်ငန်းရှင်တစ်ဦးအနေနဲ့ ဝန်ထမ်းများခြေကုန်လက်ပန်းကျခြင်းကို ကိုင်တွယ် ဖြေရှင်းနိုင်မယ့်နည်းလမ်းများ (အပိုင်း-၁)
စာဖတ်သူပရိသတ်များအားလုံးကို ကျွန်တော်တို့ရဲ့ www.jobsinyangon အဖွဲ့သားများက ဦးစွာ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါရစေခင်ဗျာ။ ဒီကနေ့မှာတော့ မန်နေဂျာတစ်ဦး (သို့) လုပ်ငန်းရှင်တစ်ဦးအနေနဲ့ Employee Burnout လို့ခေါ်တဲ့ ဝန်ထမ်းများခြေကုန်လက်ပန်းကျခြင်းကိုကိုင်တွယ်ဖြေရှင်းနိုင်မယ့်နည်းလမ်းများကို အပိုင်း (၂) ပိုင်းခွဲပြီးဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အပိုင်း (၂) ကို မနက်ဖြန်တွင် ဆက်လက်ဖော်ပြပေးသွားမှာဖြစ်တဲ့ အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးခင်ဗျာ။
ဝန်ထမ်းများအနေနဲ့ ခြေကုန်လက်ပန်းကျမှုကိုခံစားလာရတဲ့အခါမှာ ဘာတွေကိုဖြစ်လာစေနိုင်ပါသလဲ? အကယ်၍ ဒီသို့ခံစားနေရတဲ့ဝန်ထမ်းတစ်ဦးဟာ သင့်ကုမ္ပဏီ/ လုပ်ငန်းတွင် လုပ်ငန်းစွမ်းဆောင်ရည် အကောင်း ဆုံးဝန်ထမ်းတစ်ဦး (သို့) အကောင်းဆုံးများထဲက တစ်ဦးဖြစ်နေရင်တော့ ကုမ္ပဏီအတွက် ဆုံးရှုံးနစ်နာမှုတွေ ကြီးမားမှာ အမှန်ပါပဲ။ ဝန်ထမ်းတစ်ဦးဟာ ခြေကုန်လက်ပန်းကျလာတဲ့အခါမှာ သူတို့အနေနဲ့ ဒီကုမ္ပဏီအတွက် လုပ်ဆောင်ပေးနေရတာဟာ အချည်းနှီးပဲလို့ ခံစားလာရနိုင်ပြီး လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းခြင်း၊ ဆက်ဆံ ရေးများတွင် အဆင်မပြေဖြစ်လာခြင်း၊ စိတ်ဓါတ်ကျခြင်း၊ လုပ်ဖော်ကိုင်ဖက်များနှင့်ပေါင်းသင်းဆက်ဆံမှုမရှိ တော့ခြင်း၊ မကောင်းတဲ့အမူအကျင့်များဟာ အခြားသောဝန်ထမ်းများထံသို့ပါကူးစက်နိုင်ခြင်း၊ အဆုံးသတ်တွင် အလုပ်မှထွက်ခွာခြင်းတို့ကိုဖြစ်ပွားစေတတ်ပါတယ်။ ဒါဟာ လူကြီးမင်းတို့ရဲ့လုပ်ငန်းတွေအတွက် နစ်နာဆုံးရှုံးမှု များကိုဖြစ်ပွားစေနိုင်ပြီး ထိုနစ်နာဆုံးရှုံးမှုများဟာလည်း ထင်ထားတာထက်ကြီးမားနေနိုင်ပါတယ်။ ဒီတော့ ကျွန် တော်တို့အနေနဲ့ လုပ်ငန်းရှင်များ/ မန်နေဂျာများအနေနဲ့ ဒီသို့မဖြစ်လာစေရန် ဘယ်လိုကြိုတင်ကာကွယ်မှုတွေကို ပြုလုပ်နိုင်မလဲ? ဒီအရာက ခက်ခဲကောင်းခက်ခဲနိုင်သော်လည်း တစ်ကယ်တမ်းလုပ်ဆောင်လိုစိတ်ရှိရင်တော့ လွယ်ကူတဲ့အရာများလည်းဖြစ်နေနိုင်ပါတယ်။
ရံဖန်ရံခါတွင် စွမ်းဆောင်ရည်ရှိသောဝန်ထမ်းတစ်ဦးဟာ စိတ်တိုဒေါသထွက်လွယ်လာပြီး အလုပ်နောက်ကျခြင်း များ ပုံမှန်ဖြစ်ပွားလာတာကို သင့်အနေနဲ့ သတိထားမိကောင်း ထားမိနိုင်ပါတယ်။ စိတ်အားတက်ကြွမှုများဟာ လျော့နည်းသွားပြီး ကုန်ထုတ်လုပ်မှုစွမ်းရည်များဟာလည်း လျော့နည်းသွားပါတော့တယ်။ ဒီအခါမှာ သင့်အနေနဲ့ ဒီလူကိုမြင်လိုက်တဲ့အခါတိုင်း စိတ်တိုလွယ်လာပြီး ဒီအခြေအနေဟာ လုပ်ဖော်ကိုင်ဖက်များကို ဆိုးကျိုးတွေ သက်ရောက်စေနိုင်သလဲဆိုတာကိုတွေးလိုက်တိုင်း စိတ်ညစ်လာမှာပဲဖြစ်ပါတော့တယ်။
ဒီပြဿနာဟာ ဝန်ထမ်းကြောင့်မဟုတ်ဘဲ သူ/ သူမလုပ်ကိုင်နေရတဲ့အလုပ်ကြောင့်ဖြစ်တယ်လို့ သင့်အနေနဲ့ ထည့်သွင်းစဉ်းစားခဲ့ဖူးပါသလား? ဒီလူဟာ လွန်စွာများပြားတဲ့တာဝန်များကိုထမ်းဆောင်နေရပြီး လုံလောက်စွာ အသိအမှတ်ပြုခြင်းမခံရသူလား? ဒါမှမဟုတ် သူ/ သူမဟာ လုပ်ငန်းခွင်အတွင်း ခြေကုန်လက်ပန်းကျခြင်း (Workplace Burnout) ဆိုတဲ့ ကာလကြာရှည် စိတ်ဖိစီးမှုများသော အခြေအနေများကြောင့် စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ခြေကုန်လက်ပန်းကျခြင်းများခံစားနေရပြီး စိတ်တိုစိတ်ရှုပ်ခြင်းတွေနဲ့ ဘဝဟာအဓိပ္ပါယ်မရှိဖြစ် နေတယ်လို့ခံစားနေရတာဖြစ်နေနိုင်ပါသလား?
ဝန်ထမ်းများကိုခြေကုန်လက်ပန်းကျစေတဲ့အရာများကို နားလည်သဘောပေါက်စေခြင်း
အကြောင်းအရင်းများ
အတွေ့များတဲ့ခြေကုန်လက်ပန်းကျခြင်းတစ်ရပ်ဟာတော့ လွန်စွာအလုပ်လုပ်ရပြီး လုံလောက်စွာ အသိအမှတ်ပြု ခြင်းကိုမရရှိတဲ့အခါမှာဖြစ်ပြီး ဝန်ထမ်းများဟာ အချိန်ပိုဆင်းနေခဲ့ရင်တောင်မှ ပြီးမြောက်အောင် မဆောင်ရွက် နိုင်တဲ့အရာများနဲ့ ပြည့်နေတတ်ခြင်းနဲ့ အဆုံးသတ်သွားတတ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ခြေကုန်လက်ပန်း ကျခြင်းများဟာ ဝန်ထမ်းများက အလုပ်တာဝန်တစ်ခုကို ငြီးငွေ့လာ၍သော်၎င်း၊ စိတ်ဓါတ်ကျခြင်းနဲ့ ကောင်းစွာ အားပေးလှုံ့ဆော်မှုများမရှိတဲ့အခါမှာသော်၎င်း ဖြစ်ပွားလာတတ်ပါတယ်။ အချို့သော်သူများက သူတို့ရဲ့အလုပ်ကို ဆုံးရှုံးရမည်အားကြောက်ရွံ့ခြင်းကြောင့်နှင့် သူတို့လုပ်ဆောင်နေရတဲ့ အလုပ်ရဲ့အခြေအနေ (သို့) အလုပ်မှ သူတို့ အပေါ်ထားရှိတဲ့ မျှော်မှန်းချက်များကို သေချာစွာ မသိရှိရတဲ့အခါများတွင်လည်း ခြေကုန်လက်ပန်းကျခြင်းကို တွေ့ကြုံရနိုင်ပါတယ်။
လက္ခဏာရပ်များ
ဝန်ထမ်းများခြေကုန်လက်ပန်းကျခြင်းမဖြစ်စေရန်ကာကွယ်နိုင်ဖို့အတွက်လုပ်ဆောင်ရခြင်းမှာ လွန်စွာကြိုးစား အားထုတ်ရမည့်အရာတစ်ခုဖြစ်သော်လည်း ထိုသို့ဖြစ်လာတော့မည်ဟု ပြသနေသောလက္ခဏာရပ်များဟာ ရှာဖွေတွေ့ရှိရန် သိပ်ပြီးခက်ခဲလှတဲ့အရာတွေတော့မဟုတ်ပါဘူး။ အောက်ပါအချက်များကို သတိထားလေ့လာ လိုက်ပါ။
- ရှင်းပြချက်တစ်စုံတစ်ရာမပြောကြားပဲ အလုပ်သို့လာရောက်ရန်ပျက်ကွက်ခြင်းများ
- အလုပ်သို့လာတာနောက်ကျပြီး၊ စောစီးစွာပြန်လိုခြင်း
- လုပ်ငန်းစွမ်းဆောင်ရည်ကျဆင်းခြင်း
- သိသာတဲ့ စိတ်တိုဒေါသထွက်မှုများ
- ကျန်းမာရေးဆိုးရွားလာခြင်း
- တက်ကြွမှုမရှိခြင်း
- တစ်ဦးတည်း သီးသန့်နေထိုင်နေခြင်း
စိတ်မကောင်းစရာအချက်တစ်ခုကတော့ သင့်ရဲ့ဝန်ထမ်းများခြေကုန်လက်ပန်းကျသလိုဖြစ်နေခြင်းကို ကုစားနိုင် ရန်အတွက် မြန်ဆန်တဲ့နည်းလမ်းမရှိတာပါပဲ။ သူတို့ကို နားရက်ရှည်ပေးပြီး ခရီးထွက်ခိုင်းခြင်းဟာလည်း သူတို့ ပြန်လာတဲ့အခါမှာ ဒီပြဿနာကို ပပျောက်သွားစေမှာမဟုတ်ပါဘူး။ သူတို့ရဲ့ အလုပ်၊ အလုပ်ခွင်ပတ်ဝန်းကျင်နဲ့ သူတို့ရဲ့ စိတ်ခံစားမှုအခြေအနေများကို အမှန်တကယ်ပြောင်းလဲပစ်နိုင်မယ့် အရွေ့တစ်ခုကို သူတို့ဟာလိုအပ်နေ လို့ပါပဲ။
သင်ဟာ အထက်လူကြီးတစ်ယောက်အနေနဲ့ ဒီနေရာများတွင် ကြီးစွာသောလွှမ်းမိုးသက်ရောက်မှုရှိနေပါတယ်။ သင့်ရဲ့ဝန်ထမ်းများနဲ့ ပြောဆိုဆက်ဆံခြင်း၊ အားပေးကူညီခြင်းနှင့် ဦးဆောင်ဦးရွက်ပြုခြင်းအားဖြင့် သူတို့ရဲ့ လုပ်ငန်းခွင်ဘဝများကို ပြန်လည်ပုံသွင်းတည်ဆောက်နိုင်ပါတယ်။
သင့်ရဲ့ဝန်ထမ်းများနဲ့ ဆက်သွယ်ပြောဆိုမှုပြုခြင်း
၁။ ပုံမှန်ဝန်ထမ်းအစည်းအဝေးများကိုပြုလုပ်ပေးခြင်း
ဒီအရာတွင် ဝန်ထမ်းများနဲ့ အစည်းအဝေးပြုလုပ်ခြင်းများအပြင် ဝန်ထမ်းတစ်ဦးချင်းစီနဲ့ တွေ့ဆုံမေးမြန်းခြင်းများ ပါဝင်နေပါတယ်။ တစ်လတွင် နှစ်ကြိမ်မတွေ့ဆုံနိုင်ရင်တောင်မှ အနည်းဆုံး တစ်လလျှင် တစ်ကြိမ်တွေ့ဆုံပေး သင့်ပါတယ်။ သင့်ရဲ့ဝန်ထမ်းများကို သူတို့ဟာဘာတွေလုပ်နေလဲဆိုတဲ့အပေါ်မှာဆွေးနွေးဖို့အခွင့်အရေးပေးသည် သာမက သူတို့အနေနဲ့ သူတို့ရဲ့လုပ်ငန်းတာဝန်များနဲ့ဆိုင်တဲ့ စိတ်သောကရောက်စေတဲ့ပြဿနာများ၊ သူတို့အလုပ် ရဲ့ ခက်ခဲမှုပမာဏ၊ အလုပ်ပတ်ဝန်းကျင်အခြေအနေများနဲ့ သူတို့ရဲ့သက်မွေးဝမ်းကျောင်းမှုလုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း တို့ကိုပါ ပြောဆိုစေရမှာဖြစ်ပါတယ်။ ဒီအချိန်မှာ သင့်ရဲ့ ဝန်ထမ်းများက သင့်ကိုပွင့်ပွင့်လင်းလင်းဖွင့်ဟပြောကြားလာစေဖို့အတွက် သင်ဟာသူတို့ရဲ့ကိုယ်စားလှယ်ဖြစ်ပြီး သူတို့ဖက်တွင် သင်ရှိနေတယ်ဆိုတဲ့အကြောင်းကို သူတို့အနေနဲ့သိရှိနေအောင်ပြုလုပ်ထားပေးရမှာဖြစ်ပါတယ်။
၂။ ကောင်းတဲ့အရာများကို ပိုမိုအလေးထားပြီး မကောင်းတဲ့အရာများကို ပပျောက်အောင်ဆောင်ရွက်ပါ။
အလုပ်တိုင်းတွင် အားသာချက်များနဲ့ အားနည်းချက်များရှိနေတတ်ပြီး ဝန်ထမ်းများအနေနဲ့ ခြေကုန်လက်ပန်းကျ တယ်လို့ခံစားလာရတဲ့အခါမှာ သူတို့ဟာ ကောင်းကွက်များကိုမေ့လျော့လာပြီး မကောင်းတဲ့အချက်များကိုသာ အာရုံစိုက်လာကြပါတယ်။ ဥပမာအားဖြင့် ဝန်ထမ်းတစ်ဦးဟာ သူ/ သူမအနေနဲ့လုပ်ဆောင်ရတဲ့ အသေးစိတ်ကျ တဲ့အလုပ်များအပေါ်တွင်သာ အဓိက အာရုံစိုက်နေနိုင်ပြီး သူ/ သူမလုပ်ဆောင်နေရတဲ့ လုပ်ငန်းပရောဂျက်တစ်ခု ဟာ ဘယ်လောက်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့အရာဖြစ်နေသလဲဆိုတာကိုမေ့လျော့နေတတ်ပါတယ်။ သူ/ သူမနဲ့ စကားပြောတဲ့အခါတိုင်းမှာသင့်အနေနဲ့သူတို့ကိုစိတ်လှုပ်ရှားတက်ကြွစေတဲ့အလုပ်အပေါ်တွင်သာပိုမိုအလေးပေး ပြောဆိုပေးသင့်ပါတယ်။ ဒီနည်းအားဖြင့် သင်ဟာသင့်ရဲ့ဝန်ထမ်းများကို သူတို့ရဲ့အလုပ်အပေါ်ပျော်ရွှင်စိတ်ကျေ နပ်မှုရှိလာစေပြီး ဒီအရာကို သူတို့က အမြဲသတိရနေစေမှာဖြစ်ပါတယ်။
၃။ သူတို့ရဲ့ကြိုးပမ်းအားထုတ်မှုများကို မှတ်မိသိရှိခြင်းနဲ့ အသိအမှတ်ပြုခြင်း
သင့်ဝန်ထမ်းများရဲ့ ကြိုးပမ်းအားထုတ်မှုများကို မှတ်မိသိရှိပြီး သင့်အနေနဲ့ ဒီအတွက်ကျေးဇူးတင်ကြောင်း၊ တန် ဖိုးထားကြောင်းပြောဆိုပေးပါ။ ထိုသို့ပြောဆိုတဲ့အခါမှာ ရိုးသားမှုရှိပါစေ၊ ဒီကဲ့သို့သော အကြောင်းအရာများကို ရှာဖွေဖို့မှာ သင့်အလုပ်ရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ခံယူထားပါ၊ သူတို့လုပ်ဆောင်ပေးနေတဲ့အရာများဟာ သမားရိုးကျဖြစ်ပွားနေတဲ့ ရိုးရှင်းတဲ့အရြာများဖြစ်နေရင်တောင်မှ သင့်အနေနဲ့ ရှာဖွေချီးကျူးမှုပြုပေးရမှာဖြစ်ပါ တယ်။ ဝန်ထမ်းတစ်ဦးရဲ့ customer ဝန်ဆောင်မှုစွမ်းဆောင်ရည်ကောင်းမွန်မှုများ၊ ကြိုးပမ်းအားထုတ်မှုများ (သို့) သူ/ သူမရဲ့ email ပို့ခြင်းနဲ့ပတ်သက်ပြီး အရေးအသား/ အထားအသိုကောင်းမွန်မှုများကို တွေ့ရှိကောင်းတွေ့ရှိ လာနိုင်ပါတယ်။ ဝန်ထမ်းများကို ပိုမိုကောင်းမွန်မှုရှိလာစေရန်အတွက် ပုံမှန်မွန်းမံပေးဖို့အတွက် အကြောင်းပြ ချက်တစ်ခုကိုရှာဖွေထားပါ၊ ပြီးနောက် သူတို့ကို ထိုအချိန်တွင် သင့်အနေနဲ့ ဘာတွေကိုလေ့လာတွေ့ရှိခဲ့သလဲဆို တာကိုပြောပြလိုက်ပါ။
၎။ ဝန်ထမ်းများအပေါ်ထားရှိတဲ့မျှော်မှန်းချက်များနဲ့ အလုပ်အတွက်လိုအပ်ချက်များကိုရှင်းလင်းစွာပြောဆိုပါ။
ဝန်ထမ်းများအနေနဲ့ လုပ်ငန်းခွင်အတွင်းခြေကုန်လက်ပန်းကျခြင်းကိုတွေ့ကြုံရတတ်တဲ့ အဖြစ်များတဲ့အကြောင်း တစ်ချက်ကတော့ သူတို့အနေနဲ့ ဘာတွေကိုလုပ်ရမလဲဆိုတာကိုရှင်းလင်းစွာသိရှိထားခြင်းမရှိလို့ပဲဖြစ်ပါတယ်။ သူတို့အနေနဲ့လုပ်ဆောင်နေရတဲ့လုပ်ငန်းတာဝန်များဟာ ဝေဝါးနေတာသော်၎င်း၊ များစွာသောကြီးကြပ်သူများထံ မှ လမ်းညွှန်ချက်တွေနဲ့ အကြံပြုချက်တွေကိုခံယူနေရ၍သော်၎င်းဖြစ်နိုင်ပါတယ်။ မည်သို့ပင်ဆိုစေ သူတို့အနေနဲ့ ဆောင်ရွက်လုပ်ကိုင်ရမယ့်အခန်းကဏ္ဍကို သိရှိထားလည်စေဖို့မှာသင့်ရဲ့တာဝန်ပဲဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ရင် ငွေကြေးနဲ့ အချိန်များကုန်ဆုံးစေပြီး စိတ်မကျေမနပ်ဖြစ်မှုများဟာ ဆက်လက်၍ကြီးထွားလာနေဦးမှာပဲဖြစ်ပါ တယ်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Asahi Loi Hein Co., Ltd.
.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
Global Technology Co., Ltd (Global Net)
Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (60)
I.E.M Co., Ltd.
Vision
“ One Stop Solution for Power, Generation, Drive & Control”
Mission
* Deliver quality products & services by meeting customer needs and
expectations.
* Dedicated with applicab...
Show the postings (1)
International Travel Asia Co., Ltd.
Talent and Technology Co.,Ltd
Vision -
Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply.
Mission -
Reduce poverty and imp...
Show the postings (10)