by www.jobsinyangon.com
Tags: Knowledge-Career-Improving-Performance-JobsinYangon
သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်အောင်လုပ် ဆောင်နိုင်စေရန်အတွက် အကြံပြုချက်များ (အပိုင်း-၁)
နှစ်စဉ် လုပ်ငန်းစွမ်းဆောင်ရည်အကဲဖြတ်မှုမပြုလုပ်မှီတွင်မှသာ သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မှုရှိစေ ရန်အတွက်ကြိုးစားဖို့စဉ်းစားနေသူဟာ သင်တစ်ယောက်တည်းတော့မဟုတ်ပါဘူး။ ယနေ့ခေတ်တွင် ကျွန်တော် တို့အများစုဟာလည်း ဆိတ်ဆိတ်နေပြီး အခြားသောသူများက သူတို့ရဲ့အလုပ်တွင်ဖြစ်နိုင်ခြေရှိတဲ့တိုးတက် အောင်ဆောင်ရွက်နိုင်တဲ့အရာများကိုထောက်ပြလာဖို့ကို လိုလားကြပါတယ်။ ဘာကြောင့်လဲ? ဘာလို့လဲဆိုတော့ ဒါဟာ ပိုမိုရိုးရှင်းတဲ့ရွေးချယ်မှုတစ်ခုဖြစ်နေလို့ပါပဲ။ သို့သော်လည်း ဒီအရာနဲ့ပတ်သက်ပြီး ဂရုတစိုက်လေ့လာ စဉ်းစားကြည့်ကြရအောင် - သင်ဟာပါရမီရှိတယ်၊ လုပ်ငန်းစွမ်းဆောင်ရည်ကောင်းတယ်၊ သင်လုပ်ရတဲ့အရာ တွေမှာ ကောင်းစွာလုပ်ဆောင်နိုင်တယ်၊ ဒါပေမယ့် သင့်ကိုယ်သင်တိုးတက်မှုရှိအောင်လုပ်ဆောင်မနေဘူးဆိုရင် ဒီအရာနဲ့လိုက်ပါပြီး ဘယ်လိုလုပ်ကြီးပွားအောင်မြင်မှုတွေရနိုင်မှာလဲ။
သင့်အနေနဲ့ ဘယ်လောက်ပဲစွမ်းဆောင်ရည်ရှိပြီး လုပ်နိုင်စွမ်းရှိရှိ၊ အလုပ်တစ်ခုကိုအရင်ကထက်ပိုပြီး ကောင်းမွန်စွာလုပ်ကိုင်နိုင်ခြေတွေရှိနေပါတယ်။ သင့်ရဲ့စွမ်းဆောင်ရည်များကိုပိုမိုကောင်းမွန်မှုရှိစေရန် ပြုလုပ်ပြီး အခြားပညာရပ်အသစ်တစ်ခုခုကိုသင်ယူဖို့နည်းလမ်းများကိုစဉ်းစားခြင်းဟာ သင့်အနေနဲ့ ပိုကောင်းတဲ့သူတစ်ယောက်ဖြစ်လာစေဖို့အတွက် ပဏာမအဆင့်တစ်ခုဖြစ်ပြီး ဒီအရာက သင့်ရဲ့လုပ်ငန်း စွမ်းဆောင်ရည်ကိုတိုးတက်မှုရှိစေသည်သာမက သင့်ရဲ့ professional ဆန်ဆန်တိုးတက်မှုများကိုဖြစ် လာနိုင်စေမယ့်အခွင့်အလမ်းများကိုလည်းပေါ်ပေါက်လာစေမှာဖြစ်ပါတယ်။
မိမိကိုယ်ကိုတိုးတက်မှုရှိစေရန်အတွက် အမြဲတမ်းလုပ်ဆောင်နေရခြင်းရဲ့အရေးပါမှုများအကြောင်းကို ထည့်သွင်းစဉ်းစားပြီး ကျွန်ုပ်တို့ဟာ သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်နဲ့ အလုပ်ခွင်အတွင်း သင့်ရဲ့အရေးပါ မှုပိုမိုတိုးတက်လာစေရန်အလုပ်များကိုစီမံခန့်ခွဲနိုင်စေပြီးရေရှည်အသုံးဝင်စေမယ့်အကြံပြုချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
၁။ ရှင်းလင်းတိကျတဲ့မှတ်တိုင်များသတ်မှတ်ထားပါ။
ရှင်းလင်းတိကျတဲ့ မှတ်တိုင်များသတ်မှတ်ထားခြင်းဟာ လုပ်ငန်းခွင်အတွင်းဘဝမှာရော တစ်ကိုယ်ရည်ဘဝမှာပါ အရေးကြီးပါတယ်။ လူတစ်ဦးအနေနဲ့ ကျွန်ုပ်တို့တွင် ဓူဝံကြယ်ကိုဆွတ်ခူးလိုတဲ့စိတ်တွေရှိနေပြီး ကျွန်ုပ်တို့ချမှတ် လိုက်တဲ့ ရည်မှန်းချက်ပန်းတိုင်များတွင်လည်း ထိုအရာကိုတွေ့မြင်နိုင်ပါတယ်။ အနည်းငယ်ရဲရဲတင်းတင်းရှိခြင်း ဟာကောင်းမွန်သော်လည်း ရည်မှန်းချက်ပန်းတိုင်များနဲ့ပတ်သက်ရင်တော့ ရှင်းရှင်းလင်းလင်းတွေးတောတတ်ပြီး လက်တွေ့ဆန်တတ်ဖို့က ပိုကောင်းပါလိမ့်မယ်။
Pro tips:
ရည်မှန်းချက်ပန်းတိုင်များကိုချမှတ်ရခြင်းဟာ တစ်ခါတစ်ရံတွင် လွန်စွာရှုပ်ထွေးတဲ့လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သင့်ရဲ့ တစ်ကိုယ်ရည်အစီအစဉ်များနဲ့ လုပ်ငန်းခွင်ဆိုင်ရာအစီအစဉ် များကို ပိုမိုသေးငယ်တဲ့အပိုင်းတွေပိုင်းခြားသတ်မှတ်ပြီး သင့်ရဲ့ရည်မှန်းချက်များကို သင့်လျှော်စွာချမှတ် ပေးဖို့လိုအပ်ပါလိမ့်မယ်။ ဒီသို့ပြုလုပ်ခြင်းအားဖြင့် သင့်ကိုအမြဲတမ်းစိတ်အားတက်ကြွမှုရှိနေစေမှာဖြစ် ပြီး ခရီးတစ်လျှောက်လုံးတွင် အားတိုက်အင်တိုက်နဲ့ ဆောင်ရွက်နိုင်စေမှာပဲဖြစ်ပါတယ်။ ဒီ့အပြင် ရည်မှန်းချက်ပန်းတိုင်များကို ရှင်းလင်းစွာချမှတ်ထားခြင်းအားဖြင့် သင့်အနေနဲ့ရောက်ရှိနေတဲ့လက်ရှိ အခြေအနေကိုသိရှိနိုင်မှာဖြစ်ပြီး သင်အောင်မြင်အောင်လုပ်ဆောင်နိုင်ခဲ့တဲ့အရာများအတွက် သေးငယ် တဲ့အောင်မြင်မှုများကိုပါ အောင်ပွဲခံနိုင်မှာဖြစ်ပါတယ်။ မှတ်တိုင်များချမှတ်၊ သတ်မှတ်ရာတွင် အောက်ပါ သိမှတ်ဖွယ်အချက်များကို ထည့်သွင်းစဉ်းစားထားသင့်ပါတယ် -
• နောက်ဆုံးထားလုပ်ဆောင်ရမည့်အရာများကို မျက်ခြေမပြတ်ပါစေနဲ့။
• အရေးကြီးတဲ့နေ့ရက်များကို online ပေါ်က ပြက္ခဒိန်ပေါ်တွင်မှတ်သားထားပါ။
• သင့်ရဲ့ project များကိုအကဲဖြတ်ဆုံးဖြတ်နိုင်သည့်စွမ်းရည်များပိုမိုတိုးတက်မှုရှိအောင်လေ့ကျင့်ပါ။
• မှတ်တိုင်တိုင်း (ရည်မှန်းချက်တိုင်း) ကို လေ့လာသင်ယူနိုင်တဲ့အရာများအဖြစ် သဘောထားပါ။
၂။ ကြိုတင်စီစဉ်ပြီး အရေးကြီးသည့်အရာများကိုဦးစားပေးလုပ်ဆောင်ပါ
သင့်အနေနဲ့ ဒီအချက်ကို အရင်ကကြားဖူးကောင်းကြားဖူးနိုင်ပါတယ်။ ဟုတ်ပါတယ်၊ စီစဉ်မှုပြုလုပ်ခြင်း ၊ ကြိုတင်စီစဉ်ခြင်းနှင့် အရေးကြီးသည့်အရာများကို ဦးစားပေးလုပ်ဆောင်ခြင်းများဟာ ကျွန်ုပ်တို့အနေ နဲ့ နေ့စဉ်လုပ်ဆောင်ရမယ့်အရေးပါတဲ့အရာများဖြစ်ပါတယ်။ တစ်ကယ်တမ်းတွင် ထိုအရာနဲ့ပတ်သက် ပြီး ဆွေးနွေးတင်ပြမှုပြုလုပ်ထားတဲ့ ဆောင်းပါးများစွာကို အင်တာနက်ပေါ်တွင်တွေ့မြင်နိုင်ပါတယ်။ ဒီအောက်ပါအချက်များကတော့ သင့်ကိုအချိန်မှီအလုပ်ပြီးမြောက်မှုရှိစေပြီး သင့်ရဲ့လုပ်ငန်းစွမ်းဆောင် ရည်တစ်ရပ်လုံးကိုတိုးတက်မှုရှိစေမယ့် ရိုးရှင်းတဲ့ လုပ်ငန်းခွင်အမူအကျင့်များနဲ့ အချိန်စီမံခန့်ခွဲမှုများရဲ့ အကြောင်း အကြံပေးချက်အချို့ပဲဖြစ်ပါတယ်။
Pro tips:
သင့်ရဲ့နေ့တစ်နေ့မစတင်မှီတွင် ထိုနေ့အတွက်သင်စီစဉ်ထားတဲ့ လုပ်ငန်းတာဝန်များ (သို့) လုပ်ဆောင်ချက်များ ကိုပြန်လည်ဖတ်ရှုကြည့်ပါ။ ပြီးနောက် project planning tool ကိုအသုံးပြုပြီး နောက်ဆုံးထားလုပ်ဆောင် ရမည့်နေ့ရက်နဲ့ တစ်ခုချင်းစီအတွက် ဦးစားပေးလုပ်ဆောင်ရမယ့်အခြေအနေများကိုတည်ဆောက်ထားပါ။ ပြီးနောက် အလျှင်အလိုဆုံးနဲ့ အရေးအကြီးဆုံးလုပ်ငန်းတာဝန်တစ်ရပ်ကို စဉ်းစားပြီးနောက် တတ်နိုင်သလောက် မြန်မြန်ပြီးမြောက်အောင်ဆောင်ရွက်လိုက်ပါ။ အောက်ပါအချက်များကတော့ ထိုကိစ္စနဲ့ပတ်သက်ပြီး သင့်ကို ကူညီပေးနိုင်မယ့်အရာများပဲဖြစ်ပါတယ်။
• အရေးကြီးနေတဲ့အရာနဲ့ အလျှင်လိုနေတဲ့အရာတို့အကြား နားလည်သဘောပေါက်ကာ ချက်ချင်းဆောင် ရွက်ဖို့လိုအပ်နေတဲ့ကိစ္စများကို အာရုံစိုက်လုပ်ဆောင်ပါ။
• သင့်ရဲ့လုပ်ငန်းတာဝန်များကို ကြိုးစားအားထုတ်ရမယ့်ပမာဏအလိုက် အစဉ်လိုက်စီစဉ်မှုပြုထားပါ။
• ဘယ်အရာကမှ သေချာမှုမရှိပါဘူး။ ဒါကြောင့် ရွှေ့ပြောင်းရလွယ်ကူပြီး flexible ဖြစ်ပါစေ။ ဒါပေမယ့် အရေးကြီးတဲ့ ဦးစားပေးလုပ်ဆောင်ရမယ့်အရာများကိုတော့ အမြဲမှတ်သားထားပါ။
၃။ သင့်ရဲ့အစည်းအဝေးများကို ကောင်းမွန်စွာကြိုတင်စီမံထားပါ။
အစည်းအဝေးပွဲများဟာ အကျိုးဖြစ်ထွန်းစေပါသော်လည်း ဒီအရာကို လူအတော်များများက လွဲမှားစွာ သဘောပေါက်နေကြပါတယ်။ အစည်းအဝေးပွဲများကိုကြိုတင်စီစဉ်ပြီး အချိန်စာရင်းဆွဲထားခြင်းက လုပ်ငန်းခွင်တိုင်းတွင်လုပ်ဆောင်နေကြတဲ့အရာတစ်ခုဖြစ်နေပါပြီ။ ဒါကြောင့် အစည်းအဝေးပွဲတိုင်းကို ဂရုတစိုက်နဲ့အစီအစဉ်ရေးဆွဲကာ အကောင်းဆုံးထိရောက်မှုရှိစေရန်အတွက်လုပ်ဆောင်ပေးဖို့ကအရေး ကြီးပါတယ်။
Pro tips:
သင့်အနေနဲ့ အစည်းအဝေးပွဲများကိုကြိုတင်စီစဉ်နိုင်ဖို့ လိုအပ်သလောက်အချိန်ယူပြီးပြင်ဆင်ထားပါ။ ဒါပေမယ့် အစည်းအဝေးပြုလုပ်ချိန်ကိုတော့ တိုနိုင်သမျှတိုအောင်ပြုလုပ်ထားပါ။ အစည်းအဝေးပွဲမစတင်မှီမှာ လိုအပ်တဲ့ အရာတိုင်းဟာ နေရာတကျရှိနေဖို့သေချာစွာစစ်ဆေးပါ။ အစည်းအဝေးအတွက် ရှင်းလင်းတိကျတဲ့ ဆွေးနွေးရန် ခေါင်းစဉ်များထားရှိထားပြီး ပါဝင်တဲ့သူများအားလုံးကိုလည်း တူညီတဲ့အစီအစဉ်များကိုပေးပို့ထားကာ သူတို့ အနေနဲ့ ပိုမိုကောင်းမွန်စွာပြင်ဆင်လာနိုင်စေရန်အတွက်ပြုလုပ်ပေးပါ။ ထို့အပြင် -
• အစည်းအဝေးပွဲအတွက် ဖိတ်ခေါ်မှုများကိုမပေးပို့မှီတွင် ဒီအရာက အမှန်တကယ်လိုအပ်သလားဆို တာကို သင့်ကိုယ်သင်မေးမြန်းကြည့်ပါ။
• လူတိုင်းဟာ အား/ မအားကိုစစ်ဆေးကြည့်ပြီး အစည်းအဝေးပြုလုပ်ရန်အတွက် အကောင်းဆုံး အချိန် ကို ရွေးချယ်ပါ။
• ကြိုတင်ပြင်ဆင်မှုပြုလုပ်နိုင်ရန်အတွက် သင်ပေးနိုင်သမျှ အသေးစိတ်အချက်အလက်များကိုပေးပါ။
• နိဂုံးချုပ်နိုင်ရန်အတွက် အချိန်အနည်းငယ်ပိုယူထားပြီး အစည်းအဝေးအတွင်းရှိအရာများအားလုံးကို အတိုချုံးကာ ပြန်လည်ပြောကြားပေးပါ။
၎။ ပိုမိုကောင်းမွန်စွာပြောဆိုဆက်ဆံမှုပြုခြင်း
ပြောဆိုဆက်ဆံမှုပြုခြင်းဟာ နှစ်လမ်းသွားလမ်းမတစ်ခုနဲ့ဆင်တူပါတယ်။ ထိရောက်သော ပြောဆိုဆက်ဆံမှု ဆိုတာဟာ သင့်အနေနဲ့အလုပ်ခွင်အတွင်းရှိအကြောင်းအရာများကို သေသေချာချာနားလည်သဘောပေါက်စေရန် အတွက်ပြုလုပ်ပေးနိုင်တဲ့အရာတစ်ခုဖြစ်ပြီး ပိုမိုကောင်းမွန်တဲ့ရလာဒ်များကိုရရှိနိုင်ရန်အတွက် အသစ်အသစ် သောအရာများနဲ့ ပိုကောင်းတဲ့နည်းလမ်းများကိုလေ့လာနိုင်စေပြီး အဆုံးသတ်ရလာဒ်အနေနဲ့ သင့်ရဲ့လုပ်ငန်းစွမ်း ဆောင်ရည်တစ်ရပ်လုံးကိုတိုးတက်မှုရှိလာစေနိုင်ပါတယ်။ မှတ်သားထားရမည့်အချက်က အတွေးအမြင်များအား လုံးဟာအရေးပါပြီး ဒီအရာက သင့်ရဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို နောက်တစ်ဆင့်သို့တိုးတက်မှုရှိလာစေရန် အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။
Pro tips:
အဖွဲ့လိုက်ပြောဆိုဆက်ဆံမှုပြုရန်ကောင်းမွန်တဲ့ app (သို့) tool တစ်ခုခုကို သင့်ရဲ့ပုံမှန်လုပ်နေကျအရာများတွင် ပေါင်းစည်းအကောင်အထည်ဖော်ဖို့စဉ်းစားထားပါ။ ရှိနေတဲ့ရွေးချယ်မှုတွေဖြစ်တဲ့ အဖွဲ့လိုက်စာတိုပေးပို့မှု app များ၊ ဆွေးနွေးမှုပြုလုပ်နိုင်သည့် board များ၊ group chat ပြုလုပ်နိုင်သည့် app များ၊ ရုပ်သံအစည်းအဝေးပြု လုပ်နိုင်သည့် tool များ အစရှိသည့်အရာများကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ ဘယ် tool (သို့) software ဟာ သင့်ရဲ့အဖွဲ့အတွက် အကောင်းဆုံးဖြစ်ပြီး ထိုအရာကိုအသုံးချကာအလုပ်ခွင်အတွင်းအောင်မြင်စွာပူးပေါင်းဆောင် ရွက်မှုရှိလာစေရန်အသုံးချလိုက်ပါ။ နောက်ပြီးထိုသို့လုပ်ဆောင်ရင်းနဲ့ အောက်ပါအချက်များကိုလည်း ထည့်သွင်း စဉ်းစားထားရမှာဖြစ်ပါတယ်။
• စတင်ပြီး ရရှိနိုင်တဲ့ရွေးချယ်မှုတွေကို ဆုံးဖြတ်မှုမပြုမှီတွင် သင့်လျှော်တဲ့ပူးပေါင်းဆောင်ရွက်မှုနည်းစနစ်များ ကို နေရာတကျချမှတ်နိုင်ဖို့ကိုလုပ်ဆောင်ထားရပါမယ်။
• ဘယ် tool တွေကတော့ သင့်ရဲ့ ရေရှည်လုပ်ငန်းလိုအပ်ချက်နဲ့ကိုက်ညီမှုရှိမလဲဆိုတာကိုစဉ်းစားပါ။
• သင်သုံးလိုတဲ့ tool ကို သုံးခဲ့ဖူးတဲ့သူများထံမှ ဝေဖန်အကြံပြုချက်များကိုလေ့လာပါ။
၅။ ခက်ခဲသောအလုပ်များကိုအရင်ပြီးအောင်လုပ်ပါ
ဒီအချက်ဟာ အထက်က ကျွန်ုပ်တို့ပြောဆိုသွားခဲ့တဲ့အချက်ဖြစ်တဲ့ “ကြိုတင်စီစဉ်ပြီး အရေးကြီးတဲ့ အရာများကိုဦးစားပေးလုပ်ဆောင်ပါ” ဆိုတဲ့အချက်နဲ့ တိုက်ရိုက်သက်ဆိုင်မှုရှိနေပါတယ်။ သင့်အနေနဲ့ လုပ်စရာရှိတဲ့အရာများနဲ့ activity တိုင်းကို တစ်ချိန်တည်းမှာလုပ်ဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် မို့ သင့်အနေနဲ့ ဘယ်အရာတွေကိုတော့ အရင်ဆုံးလုပ်ဆောင်သင့်သလဲဆိုတာနဲ့ ဘယ်အရာတွေကိုတော့ နောက်ရွှေ့ထားနိုင်လဲ (သို့) ပရောဂျက်များကိုကြိုတင်စီစဉ်မှုပြုလုပ်သည့်အဆင့်တွင် ကိုယ်စားခိုင်းစေ နိုင်သလဲဆိုတာကို ရှာဖွေဖော်ထုတ်ရမှာဖြစ်ပါတယ်။
Pro tips:
သင့်အနေနဲ့လုပ်ဆောင်ရမယ့်အရာများစာရင်း (to-do list) တွင်ရှိနေတဲ့အရာများကို သူတို့ရဲ့အရေးပါမှု နဲ့ အလျှင်လိုမှုတွေအရ အဆင့်သတ်မှတ်စီစဉ်မှုပြုရမှာဖြစ်ပြီး အရေးအကြီးဆုံးလုပ်ဆောင်ရမယ့်အရာ များကိုဦးစားပေးလုပ်ဆောင်ပြီး သင့်ရဲ့ list ကို ထိပ်ဆုံးမှအောက်ဆုံးအထိဆောင်ရွက်သွားရမှာဖြစ်ပါ တယ်။ ဒီအကြံပြုချက်ရဲ့နောက်ကွယ်ကအကြောင်းကတော့ရိုးရှင်းပါတယ် - အကယ်၍ လုပ်ဆောင်ရ တဲ့အရာတစ်ခုဟာ သင့်အတွက်ခက်ခဲမယ်လို့ထင်ပါက ဒီအရာကိုမြန်နိုင်သမျှမြန်မြန်ပြီးမြောက်အောင် လုပ်ဆောင်လိုက်ခြင်းအားဖြင့် သင့်ရဲ့စိတ်ပူပင်ရမှုတွေကိုဖြေရှင်းလိုက်တာပါပဲ။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Myanmar First Asia Group
The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Polymer Company Limited
Vision
- To be the leader in the market.
Mission
- We will provide best and services available to make a difference.
- We will inspire lifestyle of people.
- We will treat all individuals (stak...
Show the postings (9)
I.E.M Co., Ltd.
Vision
“ One Stop Solution for Power, Generation, Drive & Control”
Mission
* Deliver quality products & services by meeting customer needs and
expectations.
* Dedicated with applicab...
Show the postings (8)
DHL Global Forwarding Myanmar
Vision:
Our Purpose
Our Guiding Principle
Our Customer PromiseDHL Global Forwarding Myanmar was opened in August 2013 and is providing freight forwarding services, international supply chain servic...
Show the postings (2)
Smilax Global Company
The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)