by www.jobsinyangon.com
Tags: Knowledge-Work-ToDoLists-Tasks-JobsinYangon
To-Do Lists (လုပ်ဆောင်ရန်မှတ်သားထားသည့်စာရင်းများ)
To-do list များဟာ အလုပ်တာဝန်များကို စီမံမှုပြုရာတွင်နှင့် တစ်ကိုယ်ရေလုပ်ငန်းများကို အကဲဖြတ်မှု ပြုရာတွင် အရိုးရှင်းဆုံးပြုလုပ်နိုင်တဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ သို့သော် ဒီအရာက ပိုမိုနက်နဲမှုရှိတဲ့ လုပ်ငန်းတာဝန်များအတွက်ရောလုံလောက်ပါသလား? ဒီကိစ္စရပ်နဲ့ပက်သတ်ပြီး ကျွန်တော်တို့အတူ လေ့လာကြည့်ကြရအောင်။
ဒီဆောင်းပါးအတွင်းတွင် ပုံမှန် to-do list တစ်ခုရဲ့ အားသာချက်တွေနဲ့ ၎င်းရဲ့ လုပ်ဆောင်ချက်တွေကို စာဖတ်သူတို့အတွက် ရှင်းလင်းဖော်ပြပေးလိုပါတယ် (ဒီအရာကထင်တာထက်ခက်ခဲပါတယ်) နောက်ပြီး to-do list များကိုပိုမိုကောင်းမွန်မှုရှိလာစေရန်အတွက် ကူညီလုပ်ဆောင်ပေးနိုင်တဲ့ အကူပစ္စည်းအချို့နဲ့ application အချို့ကိုလဲ လေ့လာဖော်ပြပေးလိုပါတယ်။
To-do list များရဲ့ အရေးပါတဲ့အချက်များနဲ့ ရည်ရွယ်ချက်
ဦးစွာအနေနဲ့ပုံမှန် to-do list (a lists of things, a lits of errands, things-to-do list စသည်ဖြင့်လည်း ခေါ်ဝေါ်ကြသည်) တစ်ခုဆိုတာဟာ အချိန်ကာလတစ်ခုအတွင်း၊ တစ်ရက် (သို့) တစ်ပတ် အတွင်း လုပ် ဆောင်ရမည့်အရာများရဲ့ စာရင်းတစ်ခုဖြစ်တယ်ဆိုတာကိုပြောကြားလိုပါတယ်။
အရင်ကတည်းက to-do list များကို လုပ်ငန်းအစီအစဉ်များကိုပိုမိုကောင်းမွန်စွာချမှတ်ရေးဆွဲနိုင်ရန်နှင့် လူတိုင်းကို သူတို့ရဲ့လက်ရှိအလုပ်တာဝန်အခြေအနေကိုတွေ့မြင်နိုင်စေပြီး လိုအပ်တဲ့လုပ်ငန်းဆောင်တာ များကိုလုပ်ဆောင်၊ ဆောင်ရွက်နိုင်စေရန်အတွက် ဖန်တီးပြုလုပ်ခဲ့ခြင်းဖြစ်ပါတယ်။ ယခုအခါတွင် ၎င်းကို လူတိုင်းကအသုံးပြုလျက်ရှိပြီး ဒီအရာက များပြားသောအလုပ်တာဝန်များကြောင့်ဖြစ်ပေါ်လာ တဲ့ ပြဿနာရပ်များစွာကိုဖြေရှင်းနိုင်စွမ်းရှိပါတယ်။
To-do list များတွင် အောက်ပါလုပ်ဆောင်ချက်များရှိနေပါတယ် -
• တိုတောင်းသောဖော်ပြချက်အတွင်း သင့်လျှော်သောအလုပ်နှင့် တိကျသောစီစဉ်မှုတို့ကို စနစ်တကျ ပြုလုပ်နိုင်စေရန်။
• အလုပ်လုပ်ဆောင်ရာတွင် ရိုးရှင်းလွယ်ကူစေရန်နှင့် လိုအပ်သောလုပ်ငန်းကဏ္ဍများကို အချိန်မှီပြီး မြောက်နိုင်စေရန်။
• လုပ်သား၊ ဝန်ထမ်းတိုင်းရဲ့ကုန်ထုတ်လုပ်မှုစွမ်းအားနဲ့အချိန်စီမံခန့်ခွဲမှုစွမ်းရည်များကိုတိုးတက်လာစေရန်။
To-do list များရဲ့ အားသာချက်များနှင့် လုပ်ဆောင်ချက်များ
ဒါကသိသာပါတယ်၊ to-do list များဟာ လုပ်ငန်းဆောင်တာများကိုစီမံခန့်ခွဲခြင်းနဲ့ သင့်လျှော်စွာလုပ် ဆောင်နိုင်မှုရှိစေရေးအတွက် ကောင်းမွန်သောလုပ်ဆောင်ချက်တစ်ရပ်ပဲဖြစ်ပါတယ်။ သို့သော်လည်း ၎င်းဟာဘယ်လိုမျိုးရေးဆွဲထားမှသင့်လျှော်လိမ့်မလဲဆိုတာကို ဆွေးနွေးငြင်းခုန်မှုများ အများအပြားရှိ နေပါတယ်။ ဒီငြင်းခုန်မှုများဟာထိုအရာရဲ့သမားရိုးကျရှိသင့်တဲ့ပုံစံအပေါ်အမြင်ဆိုရင်တော့ ရေရှည်တွင် လုပ်ဆောင်သင့်တဲ့ activity အချို့ကို ကျွန်ုပ်တို့တွေ့မြင်နေကျဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုစနစ်တစ် ခုဟာ သိပ်ပြီးထိရောက်မှုမရှိနိုင်ပါဘူး။ အမှန်တကယ်သင့်လျှော်ကောင်းမွန်တဲ့ to-do list တစ်ခုတွင် ၎င်းရဲ့အားသာချက်ဖြစ်လာနိုင်စေမယ့် အရေးပါတဲ့ components များပါဝင်နေသင့်ပါတယ်။
သတ်မှတ်ချက်တစ်ခုအနေနဲ့ to-do list များတွင် အောက်ပါလုပ်ဆောင်ချက်များ ပါဝင်နေသင့်ပါတယ်။
• စီစဉ်ထားတဲ့ activity တိုင်းကိုအချိန်ကာလသတ်မှတ်ထားခြင်း။ လုပ်ဆောင်ရမယ့်အရာတစ်ခု ကိုချရေးထားပြီးနောက် အချိန်ကာလတစ်ခုအတွင်းမှာပြီးမြောက်အောင်ကြိုးစားလုပ်ဆောင် ခြင်းက တစ်ကယ်တမ်းတော့လုံလောက်မှုမရှိပါဘူး။ အနည်းဆုံးတော့ အလုပ်တစ်ခုပြီးမြောက် ရန်လိုအပ်တဲ့ အနီးစပ်ဆုံးကြာချိန်တစ်ခုကိုရှာဖွေဖော်ထုတ်ထားသင့်ပါတယ်။ ဒီအရာက speci-alist များကို သူတို့လုပ်ဆောင်ရတော့မယ့်လုပ်ငန်းတာဝန်များကိုသိရှိစေနိုင်ပြီး ဒီအရာများကို အချိန်မှီပြီးမြောက်နိုင်စေရန်အတွက် လိုအပ်တဲ့ကြာချိန်ကိုတွက်ဆနိုင်စေမှာဖြစ်ပါတယ်။
• လုပ်ငန်းတာဝန်များအားလုံးကို မတူကွဲပြားတဲ့ခေါင်းစဉ်များနဲ့ ခွဲခြား၊ ပိုင်းခြားထားခြင်း။ Speci-alist များက အရေးအပါဆုံးနဲ့ အရေးသိပ်မကြီးတဲ့အရာတွေကိုတိုင်းတာဆုံးဖြတ်မှုပြုတဲ့အခါမှာ ဦးစားပေးလုပ်ဆောင်ခြင်း (prioritization) ဆိုတာရှိပြီး ဒီအရာက to-do list တစ်ခုကို လုပ်ငန်း တာဝန်အစုအဖွဲ့များအဖြစ်ခွဲခြား၊ ပိုင်းခြားပေးလိုက်ပါတော့တယ်။ ထိုကဲ့သို့သော prioritizing group များကိုခေါ်ဝေါ်သည့်အခေါ်အမျိုးမျိုးရှိပါတယ်၊ ဒီအရာအားလုံးဟာ တစ်ဦးချင်းစီရဲ့ prioritizing ပြုလုပ်တဲ့ ချည်းကပ်ပုံနည်းလမ်းများနဲ့သာသက်ဆိုင်ပါတယ်။ သို့သော်လည်း တစ်ခါတစ်ရံတွင် ဒီအရာကို special prioritizing matrix တစ်ခုအနေနဲ့ဖော်ပြမှုပြုနိုင်ပါတယ်။ ဥပမာအားဖြင့် Eisenhower ရဲ့ matrix တစ်ခုဖြစ်တဲ့ “Urgent and Important” (အရင်လိုတာ နဲ့ အရေးကြီးတာ)၊ “Important, but not Urgent” (အရေးကြီးတယ် ဒါပေမယ့် အရင်လိုခြင်း မရှိတာ)၊ “Urgent, but not Important” (အရင်လိုတယ် ဒါပေမယ့် အရေးမကြီးတာ) နဲ့ “ Not Urgent and Not Important:” (အရေးလဲမကြီးတာ၊ အရင်လဲမလိုတာ) ဆိုပြီးခွဲခြားထားတဲ့ matrix ဟာ အတွေ့များတဲ့ Matrix တစ်ခုဖြစ်ပါတယ်။ ထိုသို့ ခွဲခြား၊ ပိုင်းခြင်းပေးလိုက်ခြင်းဟာ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်စဉ်အတွင် တစ်နေ့တာအတွက် စီစဉ်မှုပြုလုပ်ရာတွင် ပိုမိုကောင်းမွန်သောနည်းလမ်းတွေကိုပေးစွမ်းနိုင်ပြီး မရှိမဖြစ်မလိုအပ်တဲ့၊ အရေးမပါတဲ့ အရာ တစ်ခုခုကို specialist တစ်ဦးဟာစတင်ပြုလုပ်မိပြီး တန်ဖိုးရှိတဲ့အလုပ်ချိန်များကိုဖြုန်းတီးပစ်မိ ခြင်းမှကာကွယ်ပေးနိုင်ပါလိမ့်မယ်။
• အလုပ်တာဝန်တိုင်းအတွက် အချိန်အပိုအနည်းငယ်ယူထားပါ။ ဒါဟာ စိတ်ဖိစီးမှုများကိုဖြစ်ပေါ် လာခြင်းမှ ကာကွယ်နိုင်ရန်ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ်ခုပဲဖြစ်ပါတယ်။ အမှန်တကယ် လည်း များစွာသော specialist များဟာ သူတို့အနေနဲ့လုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်များကို အချိန်မှီပြီးစီးနိုင်မှုမရှိတဲ့အခါမှာ သူတို့ဟာသက်တောင့်သက်သာမရှိခြင်းနဲ့ စိတ်ပူပင်သောက ရောက်ခြင်းတို့ကိုခံစားရတတ်ကြပါတယ်။ ဒါကြောင့်မို့ ဒီလိုမျိုးအချိန်အနည်းငယ်ယူထားခြင်း ဟာ specialists များအတွက် safety net (လုံခြုံစိတ်ချရဖို့ ကြားခံတစ်ခု) အနေနဲ့ ဆောင်ရွက် ပေးနိုင်ကာ အပိုအချိန် ၁၅မိနစ်ခန့်တိုင်းဟာ to-do list ထဲမှာရှိနေတဲ့ အချိန်မှီလုပ်ဆောင်ရမယ့် အရာများကို ပြီးမြောက်စေရန်အတွက် ကူညီပေးနိုင်ပါလိမ့်မယ်။
To do list များရဲ့ ပုံစံအသစ်များ
ကျွန်တော်တို့ ပုံမှန် to-do lists များကိုလေ့လာမှုပြုလုပ်ပြီးတဲ့အခါမှာ ပိုမိုများပြားတဲ့ လုပ်ဆောင်ချက် (functions) များနဲ့ စွမ်းဆောင်ရည် (feature) များပါဝင်တဲ့ digital to-do list များကိုပြုလုပ်နိုင်စေမယ့် online tool အချို့နဲ့ မိတ်ဆက်ပေးလိုပါတယ်။ အဆိုပါ task management software နမူနာများဟာ ပိုမိုနက်နဲတဲ့လုပ်ငန်းဆောင်တာများကိုစီမံမှုပြုရာတွင် အထောက်အကူပေးနိုင်ပြီး တစ်ဦးချင်းစီအတွက် သာမကပဲ အလုပ်လုပ်နေတဲ့ staff များနဲ့ team များအားလုံးအတွက်ပါ အသုံးချ၍ရနိုင်စေမှာဖြစ်ပါ တယ်။
ကျွန်တော်တို့အနေနဲ့ application တစ်စုံတစ်ခုကိုသာ ဦးတည်ပြီးမညွှန်းဆိုလိုပါဘူး၊ ဘာကြောင့်လဲဆို တော့ ၎င်း software များဟာ အမျိုးအစားအတော်များများရှိနေလို့ဖြစ်ပြီး tool တစ်ခုစီတိုင်းတွင် သူတို့ ရဲ့ကိုယ်ပိုင်ရည်ရွယ်ချက်များရှိနေပြီး အချို့သော အထူးလုပ်ငန်းဆောင်တာအချို့အတွက် ဖန်တီးပြုလုပ် ထားခြင်းဖြစ်လို့ပါပဲ။ ဒီတော့ ကျွန်တော်တို့ကတော့ to-do list အမျိုးအစားများထဲမှ အဆင့်အမြင့်ဆုံး အမျိုးအစားများနဲ့ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို အဓိကထားဖော်ပြသွားမှာပဲဖြစ်ပါတယ်။
ဦးစွာအနေနဲ့ဖော်ပြပေးလိုတာကတော့ ထိုကဲ့သို့သော task management tools များတွင် dashboard ဟုခေါ်ဆိုသည့်အရာရှိပါတယ်။ ထိုအရာဟာ အထူးပြုလုပ်ထားတဲ့ working area တစ်ခုဖြစ်ပြီး အဖွဲ့ တစ်ခုအတွင်းရှိ အဖွဲ့ဝင်များဟာ ခေါင်းစဉ်များနဲ့ ခွဲခြားပိုင်းခြားထားတဲ့ “To do”, “In Progress”, “Checking”, “Done” အစရှိသည့် လက်ရှိလုပ်ဆောင်ရမယ့်လုပ်ငန်းတာဝန်များကိုစောင့်ကြည့်နိုင်တဲ့ နေရာတစ်ခုပဲဖြစ်ပါတယ်။
Digital to-do list တွေရဲ့ ဒုတိယမြောက်စွမ်းဆောင်ရည်တစ်ခုကတော့ ဦးစားပေးလုပ်ဆောင်ရမယ့် အပိုင်းတွေနဲ့ အလုပ်တာဝန်တစ်ခုကို ပြီးစီးအောင်ဆောင်ရွက်စေလိုတဲ့အချိန်များကို သတ်မှတ်ထား၍ရ နိုင်ခြင်းပဲဖြစ်ပါတယ်။ ၎င်းကဲ့သို့လုပ်ဆောင်ခြင်းကို dashboard ပေါ်မှလည်း လုပ်ဆောင်နိုင်ပါတယ်။ “Urgent” ဆိုတဲ့ column တစ်ခုကိုထည့်သွင်းလိုက်ခြင်း (သို့) အချိန်ကာလတစ်ခုသတ်မှတ်ခြင်း)၊ သို့ သော်လည်း အချို့သော် tools များတွင်တော့ ဒီ လုပ်ဆောင်ချက်ကို ပုံစံအမျိုးမျိုးနဲ့လုပ်ဆောင်နိုင်စေရန် ပြုလုပ်ပေးထားတတ်ပါတယ်။
နောက်ထပ် စိတ်ဝင်စားဖို့ကောင်းတဲ့စွမ်းဆောင်ရည်တစ်ခုကတော့ checklist အဓိက (main) to-do list ထဲတွင် checklist များကိုထည့်သွင်းအသုံးပြုနိုင်စေခြင်းပါပဲ။ ဒီအရာက specialist များကို ကြီးမားတဲ့ အလုပ်တာဝန်တစ်ခုအား ရိုးရှင်းလွယ်ကူပြီး သေးငယ်တဲ့ activity များအဖြစ်သို့ပြောင်းလဲပေးလိုက်နိုင် စေပါတယ်။ ဒီအရာက အလုပ်ကိုပိုမိုကောင်းမွန်စွာနဲ့ သင့်လျော်စွာလုပ်ဆောင်နိုင်စေပြီး subtask များ ကို ပြီးဆုံးသွားပြီဟုမှတ်သားလိုက်ခြင်းအားကြည့်ရှုပြီး တစ်ဦးချင်းစီရဲ့ အလုပ်ပြီးမြောက်မှုအခြေအနေ ကိုလဲစောင့်ကြည့်နိုင်ခြင်းက စိတ်ဝင်စားဖို့ကောင်းလှပါတယ်။
နိဂုံး
အချုပ်အားဖြင့်ဆိုသော် to-do list များကိုပြုလုပ်ခြင်းဟာ အသေးစိတ်ကျပြီး အလွန်တီထွင်ဆန်းသစ်မှု ရှိသောအရာဖြစ်သလို၊ တစ်ချိန်တည်းမှာပင် နက်နဲတဲ့လုပ်ငန်းစဉ်တစ်ခုလဲဖြစ်နေပါတယ်။ သင့်ရဲ့ တစ် ကိုယ်ရေအလုပ်တာဝန်များကိုပိုမိုနားလည်မှုရှိပြီးပုံမှန်ပြုလုပ်နိုင်စေရန်အတွက်ထိုအရာကို အချိန်ယူ၍ ပြုလုပ်ထားသင့်ပါတယ်။ နောက်ပြီး ယခုအခါဆိုရင် ကျွန်တော်တို့ဟာ special task management software များက specialists များကို သူတို့ရဲ့ to-do listing များနဲ့ကူညီပေးနိုင်တယ်ဆိုတာကိုလဲ သင် ယူလိုက်နိုင်ခဲ့မှာပါ။ အကယ်၍ သင့်အနေနဲ့ to-do list များအကြောင်း ပိုမိုစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာအချက်အလက်တွေနဲ့ ဒီအရာတွေကိုဘယ်လိုအသုံးချရမလဲဆိုတာကိုသိရှိထားတယ် ဆိုရင် အောက်တွင် ထိုအကြောင်း comment များပေးခဲ့နိုင်ပါတယ်ခင်ဗျာ။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Schenker Myanmar Co., Ltd.
DB Schenker operates its legal entity in Myanmar on June 1 to run contract logistics and warehousing services, while the Yangon branch of Schenker Thailand will continue to handle freight, customs cle...
Show the postings (1)
RHENUS LOGISTICS
..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
Talent and Technology Co.,Ltd
Vision -
Access to electricity is fundamental for productive lives. All people in Myanmar should have access to and affordable and reliable electricity supply.
Mission -
Reduce poverty and imp...
Show the postings (10)
M9 Public Co., Ltd.
M9 Public Co., Ltd.’s 21st Century Vision is ‘’To be the best distributor for promoting customer living standards by offering high quality and modern products, together with great customer servi...
Show the postings (19)