ချိတ်ဆွဲရန်စာတန်း: Knowledge-2021-Top-Interview-Questions-JobsInYangon
အလုပ်လျှောက်ထားလာသူများကို မေးမြန်းသင့်သည့် ထိပ်တန်း အင်တာဗျူးမေးခွန်းများ
သင့်ရဲ့စီးပွားရေးလုပ်ငန်းများအတွက် ကောင်းမွန်တဲ့အရည်အချင်းရှိသူများကို ရရှိနိုင်ဖို့မှာ မှန်ကန်တဲ့ မေးခွန်းတွေကို မေးမြန်းတတ်ဖို့ လိုအပ်မှာဖြစ်ပါတယ်။ Recruitment ပြုလုပ်ခြင်းဟာ ကျွမ်းကျင်မှုများကို စစ်ဆေးနိုင်သည့် Tool များ၊ ATS sorting နှင့် အခြားသောနည်းလမ်းများကြောင့် ပိုမိုလွယ်ကူလာပေမယ့်လည်း အဆုံးသတ်တွင် သင့်လုပ်ငန်းနဲ့ ကိုက်ညီမှုအရှိဆုံး Talent များကို ဌားရမ်းနိုင်ဖို့အတွက်မှာ မေးခွန်းများကို မေးမြန်းခြင်းက အခရာကျလှပါတယ်။ အဘယ်ကြောင့်ဆိုသော် မိမိတို့ရဲ့လုပ်ငန်းနဲ့ ကိုက်ညီမှုရှိသော Talent များကို ရွေးချယ်ခေါ်ယူနိုင်ဖို့ဟာ သူတို့ရဲ့ ကျွမ်းကျင်မှုများအပြင် Soft skill များဖြစ်တဲ့ လူမှုဆက်ဆံရေးဆိုင်ရာကျွမ်းကျင်မှုနှင့် လုပ်ငန်းခွင်အစဉ်အလာများနှင့် ကိုက်ညီမှုရှိသောသူများလည်း ဖြစ်နေဖို့ လိုအပ်မှာဖြစ်လို့ပါပဲ။
မှန်ကန်တဲ့ Talent များကို ရွေးချယ်ခေါ်ယူနိုင်ခြင်းဟာ မလိုလားအပ်တဲ့ကုန်ကျစားရိတ်များကို လျှော့ချနိုင်ပြီး သင့်ရဲ့တိုးတက်နေဆဲလုပ်ငန်းကို ဆွဲချနိုင်စေတဲ့ ဝန်ပိုတွေမရှိလာစေဖို့အတွက် အထောက်အကူဖြစ်စေတဲ့အတွက် SME များတွင် ပို၍အရေးကြီးလှပါတယ်။ အသေးစားလုပ်ငန်းများတွင် မှန်ကန်ကိုက်ညီမှုရှိတဲ့ ဝန်ထမ်းများ၊ ထပ်မံသင်ကြားစရာမလိုသော Professional များရှိနေမှသာလျှင် သင့်ရဲ့လုပ်ငန်းကို ထိုက်သင့်သလောက် ကြီးပွားတိုးတက်လာစေမှာဖြစ်ပါတယ်။
မှန်ကန်စွာ ကိုက်ညီမှုရှိတဲ့ Candidate များကိုရွေးချယ်မှုပြုလုပ်ရာတွင် ထည့်သွင်းစဉ်းစားရမယ့် အချက်များကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။
၁။ အလုပ်လျှောက်ထားလာသူ Candidate များရဲ့ အလုပ်အပေါ် စိတ်ဝင်စားမှုပမာဏ
၂။ အလုပ်လျှောက်ထားလာသည့် Candidate များဟာ မိမိတို့လုပ်ငန်းအစဉ်အလာများနှင့် ကိုက်ညီမှုရှိ/မရှိ။
၃။ အလုပ်လျှောက်ထားလာသည့် Candidate များရဲ့ ဖိအားများအကြားတွင် အလုပ်လုပ်နိုင်စွမ်း။
၎။ ထိုသူ/ သူမ တို့ဟာ တစ်ဦးနှင့်တစ်ဦး ကောင်းစွာပြောဆိုဆက်သွယ်နိုင်စွမ်း ရှိ/မရှိ။
အထက်ပါအချက်တွေအတိုင်း Candidate များကို ဝေဖန်ဆန်းစစ်မှုများပြုလုပ်သွားရမှာဖြစ်တဲ့အပြင် အင်တာဗျူးဖြေဆိုမည့်သူများကို မေးခွန်းများမေးမြန်းရာတွင် အောက်ပါမေးခွန်းများကို မေးမြန်းကြည့်ရမှာဖြစ်ပါတယ် -
၁။ အလုပ်လျှောက်လွှာတွင် ဖော်ပြထားခြင်းမရှိတဲ့ သင့်ရဲ့အကြောင်း အနည်းငယ်ပြောပြပေးပါ။
၂။ ကျွန်ုပ်တို့ရဲ့ ကုမ္ပဏီအကြောင်း သင်ဘယ်လောက် သိရှိထားပါသလဲ?
၃။ ဒီလစ်လပ်ရာထူးနေရာကို ရရှိနိုင်ဖို့ သင်ဘယ်လောက်စိတ်ဝင်စားမှုရှိပါသလဲ?
၎။ သင့်ရဲ့အကောင်းဆုံးအားသာချက်တွေက ဘာတွေဖြစ်ပါသလဲ?
၅။ လက်တစ်လောကာလအတွင်း ကျွမ်းကျင်မှုအသစ် တစ်ခုခုသင်ယူခဲ့ဖူးပါသလား? ဒါမှမဟုတ် လက်ရှိမှာ ကျွမ်းကျင်မှုအသစ်တစ်ခုခုကို သင်ယူနိုင်ဖို့ ရှာဖွေနေပါသလား?
၆။ ကျွန်ုပ်တို့ရဲ့ လုပ်ငန်းနယ်ပယ်အတွင်းမှာ ဘယ်အရာကို သင့်အနေနဲ့ စိတ်ဝင်စားမှုအရှိဆုံးပါလဲ?
၇။ သင်ဖန်တီးပြုလုပ်ခဲ့ဖူးတဲ့အရာတစ်ခုခုရှိပါသလား? သင်ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ အစီအစဉ်အများ ရှိခဲ့ဖူးပါသလား?
၈။ သင်လက်ရှိလုပ်နေတဲ့အလုပ်ကနေ ဘာလို့ထွက်ခွာလိုရတာလဲ?
၉။ သင်နောက်ဆုံးလုပ်ခဲ့တဲ့ ရာထူးနေရာတွင် ဘယ်အရာကို သဘောအကျဆုံးဖြစ်ပါသလဲ?
၁၀။ ထိုနေရာမှာ ဘယ်အရာကို သဘောမတွေ့ဆုံးဖြစ်ပါသလဲ?
၁၁။ အောင်မြင်မှုဆိုတာကို သင်ဘယ်လိုတိုင်းတာပါသလဲ?
၁၂။ သင့်ရဲ့ Leadership style အကြောင်း ပြောပြပါ။
၁၃။ ကျွန်ုပ်တို့ကုမ္ပဏီရဲ့ အားနည်းချက်ဟာ ဘာဖြစ်နိုင်သလဲ ပြောပြနိုင်မလား?
၁၄။ ကျွန်ုပ်တို့ကုမ္ပဏီသို့ ရောက်လာခဲ့ပါက ကုမ္ပဏီကိုပိုမိုတိုးတက်မှုရှိစေရန်အတွက် ဘယ်အဆင့်တွေကို လုပ်ဆောင်သွားသင့်တယ်လို့ ထင်မြင်မိပါသလဲ?
၁၅။ သင့်အနေနဲ့ လုပ်စရာကိစ္စများကို အသင်းအဖွဲ့နှင့်လုပ်ဆောင်လိုသလား (ဒါမှမဟုတ်) တစ်ဦးတည်းသာ ဆောင်ရွက်လိုပါသလား?
၁၆။ အလုပ်လုပ်ရာမှာ မည်သို့သောလုပ်ငန်းခွင်ပတ်ဝန်းကျင်မျိုးကို သဘောကျပါသလဲ?
၁၇။ ကျွန်ုပ်တို့မှ သင့်ကိုအလုပ်ခန့်အပ်လိုက်တဲ့အခါ စောင့်ကြည့်ကာလ ၃ လကို သင်ဘယ်လိုကျော်ဖြတ်မယ်လို့ စိတ်ကူးထားပါသလဲ?
၁၈။ ဒီလစ်လပ်ရာထူးနေရာတွင် သင့်အနေနဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးတွေကို တွေ့ရနိုင်တယ်လို့ ထင်မြင်ပါသလဲ?
၁၉။ သင့်ရဲ့ ခန့်မှန်းလစာကို ဘယ်လောက်သတ်မှတ်ထားပါသလဲ?
၂၀။ ကျွန်ုပ်တို့ကို မေးချင်တဲ့မေးခွန်းများရှိပါသလား?
ယခု ဒီဆောင်းပါးလေးကိုဖတ်ရှုပြီးနောက်တွင် စာဖတ်သူပရိသတ်များအနေနဲ့ အင်တာဗျူးဖြေဆိုလာသူများကို မေးမြန်းသင့်တဲ့ မေးခွန်းများကို သိရှိသွားကြပြီဖြစ်တဲ့အတွက် နောက်တစ်ကြိမ် ဝန်ထမ်းခေါ်ယူမှုပြုလုပ်ရာတွင် အထက်ဖော်ပြပါ မေးခွန်းများကို မေးမြန်းကြည့်ပေးခြင်းအားဖြင့် Hiring Decision များကို ပိုမိုကောင်းမွန်စွာချမှတ်နိုင်စေရန်အတွက် အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ်။ ဒါ့အပြင် Candidate များရဲ့ တုန့်ပြန်ပုံ၊ ကိုယ်အမူအယာ၊ အသံအနေအထားနှင့် မျက်နှာအမူအယာများကိုလည်း သင့်အနေနဲ့ အသေးစိတ်လေ့လာစောင့်ကြည့်သင့်ပါတယ်လို့ပြောကြားရင်း ဒီဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေခင်ဗျာ။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။