ချိတ်ဆွဲရန်စာတန်း: News-Toyota-EV-Batteries-JobsInYangon
အမေရိကန်နိုင်ငံအတွင်း battery ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် Toyota မှ ကန်ဒေါ်လာ ၃.၄ ဘီလျံ အသုံးပြုသွားရန်ရှိကြောင်း ကြေငြာခဲ့
အောက်တိုဘာလ ၁၈ ရက်နေ့တွင် Toyota မှ အမေရိကန်နိုင်ငံအတွင်း battery ထုတ်လုပ်မှုကို မြှင့်တင်နိုင်ရန် ကန်ဒေါ်လာ ၃.၄ ဘီလျံ အသုံးပြုသွားရန်ရှိကြောင်း ကြေငြာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
အဆိုပါရင်းနှီးမြှုပ်နှံမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ Toyota ရဲ့ ပြောကြားချက်အရ ၎င်းတို့ရဲ့ Toyota Tsusho ကုမ္ပဏီခွဲရဲ့အကူအညီဖြင့် နောက်ထပ်ကုမ္ပဏီအသစ်တစ်ခုကို တည်ထောင်သွားမှာဖြစ်ပြီး အမေရိကန်နိုင်ငံအတွင်းတွင် ဘက်ထရီထုတ်လုပ်ရေးစက်ရုံတစ်ခုကို တည်ဆောက်သွားမှာဖြစ်ပါတယ်။ အဆိုပါ ပရောဂျက်အတွက် ၂၀၃၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် Toyota မှ ကန်ဒေါ်လာ ၁.၂၉ ဘီလျံအထိ အသုံးပြုသွားရနိုင်တယ်ဟု ခန့်မှန်းထားကြောင်း သိရှိရပါတယ်။
Toyota ရဲ့ပြောဆိုချက်အရ မကြာခင်မှာ စက်ရုံတည်ဆောက်မည့်နေရာအပါအဝင် အဆိုပါ project နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးသွားမှာဖြစ်ပါတယ်။ အဆိုပါစက်ရုံအနေနဲ့ ၂၀၂၅ ခုနှစ်ခန့်တွင် စတင်၍ထုတ်လုပ်မှုများကို ပြုလုပ်သွားနိုင်ဖို့ မျှော်မှန်းထားပြီး ကနဦးအနေနဲ့ hybrid လျှပ်စစ်ကားဘက်ထရီများထုတ်လုပ်နိုင်ဖို့ ဦးစားပေးပြုလုပ်သွားမှာဖြစ်ပါတယ်။ Toyota ရဲ့ ခန့်မှန်းထားချက်များအရ အဆိုပါပရောဂျက်ဟာ အလုပ်အကိုင်ပေါင်း ၁,၇၅၀ ခန့်ကို ဖော်ဆောင်ပေးနိုင်မှာဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။