ချိတ်ဆွဲရန်စာတန်း: News-Toyota-Driverless-Vehicles-JobsInYangon
မောင်းသူမဲ့ယာဉ်များအတွက် အမေရိကအခြေစိုက် Map Data လုပ်ငန်းတစ်ခုကို Toyota Mortors မှ ဝယ်ယူခဲ့
Reuters မှ သတင်းတစ်ပုဒ်အရ Toyota Mortor Corporation ရဲ့ သုသေသနပြုလုပ်ရေးအဖွဲ့မှ ကုမ္ပဏီဟာ အမေရိကအခြေစိုက် မြေပုံနှင့် ဒေတာအချက်အလက်လုပ်ငန်းတစ်ခုဖြစ်တဲ့ Carmera ကို မောင်းသူမဲ့ယာဉ်များအတွက် ဝယ်ယူခဲ့ကြောင်း ဇူလိုင်လ ၁၅ ရက်နေ့က ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါဝယ်ယူမှုကို လတ်တလောက ထူထောင်လိုက်တဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Woven Planet မှ တဆင့် ပြုလုပ်ခဲ့တာဖြစ်ပြီး မည်မျှကျသင့်ခဲ့သလဲဆိုတာကိုတော့ ထုတ်ဖော်ပြောကြားသွားခြင်းမရှိပါဘူး။ မည်သို့ပင် ဆိုစေကာမူ Carmera ကို ဝယ်ယူလိုက်ခြင်းအားဖြင့် Toyota အနေနဲ့ autonomous vehicle များအနေနဲ့ အလိုအလျှောက်မောင်းနှင်နိုင်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့ real-time high-definition မြေပုံများနဲ့ ဒေသတွင်းနေထိုင်သူများမှ update ပြုလုပ်ပေးမယ့် input အချက်အလက်များကိုရရှိနိုင်မှာဖြစ်တယ်လို့ ကုမ္ပဏီနှစ်ခုစလုံးမှ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားသွားခဲ့ပါတယ်။
Woven Planet ရဲ့ Chief Executive ဖြစ်သူ James Kuffner ကတော့ Woven Planet အနေနဲ့ သူတို့ရဲ့ Open Map Platform ကို အဆင့်မြှင့်တင်မှုများပြုလုပ်သွားပြီးနောက် တိကျပြီး အမြဲတမ်း update ဖြစ်နေတဲ့ ဒေတာများကို လိုချင်သော Original Equipment ထုတ်လုပ်သူများနဲ့ ကားထုတ်လုပ်သူများထံသို့ ပြန်လည်ရောင်းချသွားမှာဖြစ်ကြောင်းကိုလည်း ပြောကြားခဲ့ပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။