ချိတ်ဆွဲရန်စာတန်း: News-Toyota-Electric-CarBatteries-JobsInYangon
လျှပ်စစ်ကားဘက်ထရီများထုတ်လုပ်ရေးတွင် Toyota မှ ကန်ဒေါ်လာ ၁၃.၆ ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွားမည်
စက်တင်ဘာလ ၇ ရက်နေ့တွင် Toyota မှ ယခုနှစ်မှ ၂၀၃၀ ခုနှစ်အတွင်း လျှပ်စစ်ကားဘက်ထရီများ အတွက် ကန်ဒေါ်လာ ၁၃.၆ ဘီလျံ အသုံးပြုသွားရန်ရှိကြောင်းနှင့် ထိုအထဲကမှ ကန်ဒေါ်လာ ၉ ဘီလျံကိုတော့ ဘက်ထရီများထုတ်လုပ်ရေးတွင် အသုံးပြုသွားမှာဖြစ်ပြီး ၂၀၃၀ ခုနှစ် နှစ်ကုန်ခန့်တွင် တစ်နှစ်လျှင် 180 – 200 GWh ထုတ်လုပ်သွားနိုင်ဖို့အတွက် ရည်မှန်းထားကြောင်း ကြေငြာခဲ့ပါတယ်။
“ကျွန်ုပ်တို့ရဲ့ customer များအနေနဲ့ စိတ်ချယုံကြည်စွာအသုံးပြုနိုင်မယ့် ဘက်ထရီများကိုထုတ်လုပ်နိုင်ဖို့အတွက် Toyota မှ အလေးအနက်ထားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့် ကျွန်ုပ်တို့ဟာ - လုံခြုံစိတ်ချရမှုရှိရေး၊ သက်တမ်းကြာရှည်မှုရှိရေးနှင့် အရည်အသွေးမြင့်မားကောင်းမွန်မှုရှိရေးတို့အပေါ် အလေးထားဆောင်ရွက်သွားမှာဖြစ်ပြီး ကောင်းမွန်၍ ဈေးနှုန်းသက်သာပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ ဘက်ထရီများထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားပါတယ်” ဟူ၍ Chief Technology Officer ဖြစ်သူ Masahiko Maeda မှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
၂၀၂၅ ခုနှစ်တွင် Toyota ဟာ ဘက်ထရီများရဲ့ကုန်ကျစားရိတ်ကို ကားတစ်စီးလျှင် ၅၀% ခန့် သက်သာမှုရှိလာစေရန်လည်း အစီအစဉ်များပြုလုပ်လျှက်ရှိနေပြီး ဘက်ထရီထုတ်လုပ်မှုကုန်ကျစားရိတ်များကို ၃၀% ခန့်လျှော့ချနိုင်ရန်နှင့် ဘက်ထရီများရဲ့ စွမ်းဆောင်ရည်ကို ၃၀% ပိုမိုတိုးမြှင့်ပေးနိုင်စေဖို့အတွက်လည်း ဆောင်ရွက်လျှက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။