ချိတ်ဆွဲရန်စာတန်း: News-TSMC-Increase-Production-JobsInYangon
၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်နိုင်ရန် ကန်ဒေါ်လာ ၄၄ ဘီလျံခန့် အသုံးပြုသွားမည်ဟု TSMC မှ ကြေငြာ
Apple, Qualcomm နှင့် အခြားသော နည်းပညာကုမ္ပဏီကြီးများကို ကွန်ပျူတာချစ်ပ်ပြားများ ထောက်ပံ့ပေးနေသော Chip ထုတ်လုပ်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Taiwan Semiconductor Manufacturing Company (TSMC) ဟာ ၂၀၂၂ ခုနှစ်အတွင်းတွင် ၎င်းတို့ရဲ့ ထုတ်လုပ်ရေးလုပ်ငန်းများကိုတိုးချဲ့ရန်အတွက် ကန်ဒေါ်လာ ၄၄ ဘီလျံထိအသုံးပြုသွားရန် စီစဉ်ထားတယ်လို့ Reuters မှ သတင်းများအရ သိရှိရပါတယ်။
၎င်းတို့မှ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ latest earning release တွင် TSMC ဟာ ၎င်းတို့အနေနဲ့ ၂၀၂၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၄၀ ဘီလျံမှ ၄၄ ဘီလျံအထိ အသုံးပြုသွားမှာဖြစ်ပြီး ယခင် ၂၀၂၁ ခုနှစ်က သုံးစွဲခဲ့တဲ့ ကန်ဒေါ်လာ ဘီလျံ ၃၀ ထက် ၁၀ ဘီလျံခန့်ပိုမိုတိုးချဲ့ အသုံးပြုသွားမှာဖြစ်ပါတယ်။
ယခင်ကလည်း TSMC ဟာ ၂၀၂၃ ခုနှစ်အထိတွင် ထုတ်လုပ်ရေးလုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်သွားရန်အတွက် ကန်ဒေါ်လာ စုစုပေါင်း ၁၀၀ ဘီလျံခန့်ကို အသုံးပြုသွားရန် ရည်မှန်းထားတယ်လို့ ကြေငြာချက်ပြုလုပ်ခဲ့ပါသေးတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။