Jobs In Myanmar
Load...

3 Keys to Turning Down a Job Offer Without Burning Bridges

by Admin


Tags: job offer turn down refuse opportunity interview



ဒီလောကကြီးရဲ့ အခက်ခဲဆုံးအရာတွေထဲမှာ ငြင်းပယ်ခြင်းဆိုတဲ့အရာပါတယ်ဆိုရင် သင်ငြင်းဆန်နိုင်ပါ့မလား။ အကြောင်းကြောင်းကြောင့် ချစ်ရသူကို ငြင်းဆန်ရခြင်း၊ ဝိတ်လျော့နေတာကြောင့် အစားအသောက်ကို ငြင်းဆန်ရခြင်း၊ အစရှိသဖြင့် ငြင်းဆန်ခြင်းတွေဟာ ခက်ခဲတဲ့အရာတွေပါပဲ။ အင်တာဗျူးတစ်ခုကို ငြင်းပယ်တာဟာလည်း ခက်ခဲတဲ့အရာပါပဲ။ အဲ့ဒီအကြောင်းကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

အဲ့လိုခက်ခဲလေ့ရှိတဲ့ ငြင်းဆန်ခြင်းတွေထဲမှာ အလုပ်ခန့်စာတစ်ခုကို ငြင်းဆန်တာဟာလည်း ခက်ခဲတဲ့အရာဆိုတာ မငြင်းဆန်နိုင်ပါဘူး။ သင်မလိုချင်တဲ့ အလုပ်မျိုးကို ငြင်းဆန်တာကတော့ ခက်ခဲမှုမရှိပေမယ့်၊ သင်အနေနဲ့ လက်ရှိအလုပ်မှာလည်းပျော်နေတယ်၊ အခုခေါ်လာတဲ့ အလုပ်ကလည်းကောင်းတယ်၊ ကုမ္ပဏီကလည်း ဂုဏ်သတင်းကောင်းတယ်။ ဒါပေမယ့် သင်ဟာ အခုလောလောဆယ်မှာတော့ မပြောင်းချင်သေးဘူး။ ဒါပေမယ့် နောင်တစ်ချိန်မှာ ပြောင်းချင်စိတ်ရှိလာကောင်း ရှိလာနိုင်တယ်။ အဲ့လိုအခြေအနေမျိုးကြုံတွေ့လာပြီဆိုရင်တော့ အဲ့ဒီငြင်းဆန်ခြင်းဟာ ခက်ခဲမှာ ကျိန်းသေပါပဲ။

ဒါဆို အဲ့လိုခက်ခဲတဲ့အခြေအနေမှာ မည်သူတစ်ဦးတစ်ဖက်ကိုမှ ထိခိုက်မှုမရှိစေမယ့်အပြင်၊ သင့်ရဲ့ အနာဂတ်အခွင့်အလမ်းကိုလည်း ပိတ်ပင်မှုမရှိနိုင်အောင်၊ တစ်နည်းအားဖြင့် ယဉ်ကျေးစွာ တစ်ဖက်သူ နားဝင်ချိုအောင် ငြင်းဆန်မှုကိုဘယ်လိုလုပ်မလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

ထောက်ခံမှုအချို့ပြုလုပ်ပေးပါ။

          တစ်ခါတစ်လေတော့ ကုမ္ပဏီတွေက သင့်ကို ထင်မှတ်မှားတတ်ကြပါတယ်။ သင့်အနေနဲ့ သဘောကျတဲ့ကုမ္ပဏီတစ်ခုဖြစ်နေပေမယ့်လည်း သူတို့ကမ်းလှမ်းတဲ့နေရာက သင်မနှစ်သက်တဲ့နေရာမျိုးဖြစ်နေတယ်၊ သင်မလုပ်ချင်တော့တဲ့ တာဝန်မျိုးဖြစ်နေတယ်ဆိုရင်လည်း ဒါဟာ ငြင်းပယ်ရမှာပါပဲ။ ဒါပေမယ့် ငြင်းပယ်ရာမှာ သင်ဟာ ရိုင်းစိုင်းမှုမရှိပဲ၊ တစ်နည်းအားဖြင့် ဆက်ဆံရေးကောင်း တစ်ခုကို မပျက်ဆီးစေပဲ ယဉ်ကျေးစွာငြင်းပယ်နိုင်ဖို့ဟာလည်း အရေးကြီးပါတယ်။

သင့်အနေနဲ့ အဆိုပါကုမ္ပဏီမှာ မလုပ်တော့ဘူး ဆုံးဖြတ်လိုက်ပေမယ့်လည်း ဆက်ဆံရေးကောင်းကောင်းတစ်ခုကို တည်ဆောက်ချင်တယ်ဆိုရင် အကောင်းဆုံးအရာတစ်ခုကတော့ သူတို့ကို(တစ်နည်းအားဖြင့် အလုပ်ခန့်ထားသူ မန်နေဂျာကို) သင့်အနေနဲ့ ထောက်ခံချက်အချို့ပေးပါ။ သင့်မိတ်ဆွေအသိုင်းအဝိုင်းထဲကဖြစ်ဖြစ်၊ သင့်အလုပ်အသိုင်းအဝိုင်းထဲကဖြစ်ဖြစ် အဲ့ဒီရာထူးနေရာနဲ့ ကိုက်ညီသူတစ်ယောက်ယောက်ကို သင့်အနေနဲ့ ထောက်ခံချက်ပေးပြီး ဆက်သွယ်ပေးမှုမျိုးပြုလုပ်ပေးနိုင်ပါတယ်။ ဒါဆိုရင် အဆိုပါကုမ္ပဏီအနေနဲ့ သင်ထောက်ခံပေးတဲ့သူကို သဘောကျနှစ်သက်ပြီး အလုပ်ခန့်ထားမှုပြုလုပ်လိုက်မယ်ဆိုရင်တော့ သင်ဟာ ဆက်ဆံရေးကောင်းတစ်ခုကို ခိုင်မာစွာတည်ဆောက်နိုင်လိုက်ပြီလို့ပဲဆိုရမှာပါ။ ထိုသူ အလုပ်မရလို့လည်း သင့်ရဲ့ဆက်ဆံရေးဟာ မကောင်းဘူးလို့လည်း အမှတ်မမှားစေချင်ပါဘူး။

ဖုန်းဆက်လိုက်ပါ။

          သင့်အနေနဲ့ အလုပ်တစ်ခုကို ငြင်းဆန်တော့မယ်ဆိုရင် အရင်ဆုံး စဉ်းစားမိမှာကတော့ အီးမေးလ်ကနေ အကြောင်းပြန်ခြင်းပါပဲ။ မှားလားဆိုတော့ မှားတော့မမှားပါဘူး။ အီးမေးလ်က စာပြန်ခြင်းအားဖြင့် ပိုပြီးလုပ်ငန်းခွင်စနစ်ကျမှုရှိမယ်၊ တစ်နည်းအားဖြင့် ပိုမိုလွယ်ကူစေမှာအမှန်ပါပဲ။ ဒါပေမယ့် သင့်အနေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးမျိုးရှိချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်း၊ တစ်နည်းအားဖြင့်၊ စိတ်အချရဆုံးနည်းလမ်းတစ်ခုကတော့ ဖုန်းဆက်ပြီး သေသေချာချာပြောပြပေးတာပါပဲ။ သင့်ကိုအလုပ်ခန့်တဲ့ မန်နေဂျာ၊ သို့မဟုတ်၊ အလုပ်ရှင်ကို သေချာဖုန်းနဲ့ဆက်သွယ်ပြီး စကားလမ်းကြောင်းချောမောစွာနဲ့ သေချာစွာပြောပြပါ၊ သင်ငြင်းပယ်ရတဲ့အကြောင်း၊ သင့်အနေနဲ့ နောင်တစ်ချိန်အနာဂတ်မှာလည်း ပြန်လည် ဆုံတွေ့ဖို့ စိတ်ကူးရှိကြောင်း အစရှိသဖြင့်ကို ပြောပြပေးပါ။ သင့်အနေနဲ့ ကံတရားကလည်း သင့်ဖက်ပါနေမယ်ဆိုရင်တော့ အဆိုပါသူနဲ့တောင် အပြင်မှာ လက်ဖက်ရည်သောက်ခွင့်၊ ကော်ဖီဆိုင်မှာ စကားစမည်ပြောခွင့်အချို့ကိုပါရရှိနိုင်ပြီး မိတ်ဆွေကောင်းတစ်ယောက်ရရှိလာနိုင်ပါသေးတယ်။ တစ်ခုသတိထားရမှာကတော့ ဖုန်းဆက်မယ်ဆိုရင် တစ်ဖက်သူရဲ့ အလုပ်ချိန်၊ သူ့ရဲ့ကိုယ်ပိုင်ချိန်ကို သတိထားဖို့ပါပဲ။ ညကြီးမိုးချုပ်မှာဖုန်းဆက်တာမျိုးဟာ မသင့်တော်သလို၊ အလုပ်ချိန်ပြင်ပမှာ ဖုန်းဆက်တာဟာလည်း မလုပ်သင့်တဲ့အရာပါပဲ။ ဒါ့ကြောင့် အလုပ်ချိန်အတွင်းမှာ ဖုန်းဆက်သင့်ပြီး၊ ဖုန်းစတင်ရာမှာလည်း တစ်ဖက်သူအနေနဲ့ အားလပ်ခြင်းရှိမရှိကို အရင်ဦးစွာ မေးမြန်းပြီးမှ စကားဆက်သင့်ပါတယ်။

ကျေးဇူးတင်ဖို့မမေ့ပါနဲ့

          နောက်ဆုံးပိတ်အနေနဲ့ကတော့ အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ ကျေးဇူးတင်စကားပြောကြားတာပါပဲ။ သင့်အနေနဲ့ အီးမေးလ်ကငြင်းဆန်တာပဲဖြစ်ဖြစ်၊ ဖုန်းမှတဆင့်ငြင်းဆန်တာပဲဖြစ်ဖြစ် အရေးကြီးဆုံး မမေ့မလျော့ပြသသင့်တာကတော့ သင့်ရဲ့ ကျေးဇူးတင်တဲ့စိတ်ကိုပါပဲ။ တစ်ဖက်သူကို ကျေးဇူးတင်ကြောင်းပြောပေးပါ။ သူရဲ့ သင့်ကိုရွေးချယ်တဲ့စိတ်ကို ကျေးဇူးတင်ပါ၊ တစ်နည်းအားဖြင့် သူ့ရဲ့ သင့်အပေါ်ပေးတဲ့အချိန်ကို အသိအမှတ်ပြုမှုရှိတာကို ကျေးဇူးတင်ကြောင်းပြောရင်းနဲ့အတူ ပြသပေးပါ။

          အလုပ်တစ်ခုကို ငြင်းပယ်တာဟာ လွယ်ကူခြင်းမရှိတာကတော့ အသေအချာပါပဲ။ သင့်အနေနဲ့ အလုပ်သစ်ပြောင်းဖို့လိုအပ်နေချိန်မျိုးဆို ပိုဆိုးမှာပါ။ သင့်အနေနဲ့လက်ရှိအလုပ်မှာလည်း မပျော်တော့ဘူး၊ ဒါပေမယ့် အလုပ်သစ်ခေါ်စာကလည်း သင်နှစ်သက်ခြင်းမရှိဘူး။ အဲ့လိုအချိန်မျိုးဆို သင့်အနေနဲ့ ဆုံးဖြတ်ရပိုခက်စေမှာပါ။ ဒါပေမယ့်လည်း အရေးကြီးဆုံးကတော့ သင့်အနေနဲ့ စိတ်ရှည်စွာနဲ့ပဲ သင်နဲ့ ကိုက်ညီမယ့်အလုပ်အခွင့်အလမ်းကို ဆက်လက်စောင့်စားသင့်ပါတယ်။ 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Blue Ribbon Trading Company Limited

Blue Ribbon Trading Company Limited

Our Mission -To provide marketing and distribution services for our principals’ brands through a dictated sales and marking team. -To offer quality health care and personal care products enhancin...
Show the postings (4)
Smilax Global Company

Smilax Global Company

The goal on Information Technology and Services of Smilax Global is to deliver the best in IT service managementto ensure that our customers and, ultimately, the citizens of Myanmar realise the most f...
Show the postings (1)
GIORDANO MYANMAR

GIORDANO MYANMAR

..Creation Myanmar Co., Ltd (Giordano)....
Show the postings (15)
Titan Pest Management Co. Ltd.

Titan Pest Management Co. Ltd.

...Titan Pest is a full-services pest management company operating in Yangon since 2016 and specializing in urban pest management solutions. It is a subsidiary of the highly successful Killem Pest Pte...
Show the postings (1)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS