ချိတ်ဆွဲရန်စာတန်း: News-Twitter-Super-Follow-Function-JobsInYangon
Twitter မှ “super follow” ဟု ခေါ်တွင်မည့် feature အသစ်ကို မိတ်ဆက်ခဲ့
Twitter မှ အကောင့်ပိုင်ရှင်များအနေနဲ့ အထူး content များအတွက် အခကြေးငွေရယူနိုင်စေမည့် “super follow” ဟုခေါ်တွင်သော feature အသစ်တစ်ခုအတွက် အစီအစဉ်များကို ကြေငြာချက်ထုတ်ပြန်လိုက်ပြီပဲဖြစ်ပါတယ်။ ကုမ္ပဏီရဲ့အဆိုအရ ဒါဟာ အထူး tweet များ၊ community group တစ်ခုသို့ဝင်ရောက်ခြင်း (သို့) newsletter ရယူခြင်းကဲ့သို့သောပုံစံနဲ့ရောက်လာနိုင်ပါတယ်ဟူ၍ ဆိုထားခဲ့ပါတယ်။
Twitter က ဒီအစီအစဉ်ကို ရင်းနှီးမြှုပ်နှံသူများအတွက် သီးသန့်ကျင်းပခဲ့တဲ့ Online event တစ်ခုတွင် ကြေငြာခဲ့တာဖြစ်ပြီး သူတို့ဟာ ပြိုင်ဘက်လူမှုကွန်ယက်အသစ်တစ်ခုဖြစ်ပြီး audio only လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Clubhouse တွင်ရေပန်းစားနေတဲ့ အသံဖြင့် live ဆွေးနွေးခြင်းဝန်ဆောင်မှုကိုလည်း စမ်းသပ်လျှက်ရှိနေကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။
အဆိုပါသတင်းဟာ Twitter အသုံးပြုသူများအကြားတွင်တော့ များစွာသောတုန့်ပြန်ပုံများကို ဖြစ်ပေါ်လာစေခဲ့ပြီး လူမှုကွန်ယက်အတိုင်အပင်ခံတစ်ဦးဖြစ်သူ Matt Navarra မှ သူ့ရဲ့ follower များကို သူတို့အနေနဲ့ ကြိုက်နှစ်သက်မှုအရှိဆုံးအကောင့်များအတွက် Premium ကြေးပေးသွင်းလိုစိတ်ရှိရဲ့လားဟူ၍ မေးမြန်းကြည့်ခဲ့ရာမှာတော့ ၈၅% ခန့်က ပေးသွင်းလိုစိတ်မရှိကြောင်း ဖြေကြားခဲ့ကြပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။