ချိတ်ဆွဲရန်စာတန်း: News-Twitter-Subscription-JobsInYangon
Twitter မှ သူတို့ရဲ့ subscription ဝန်ဆောင်မှုအသစ်ဖြစ်သော Twitter Blue ကို ဩစတေးလျှ နှင့် ကနေဒါနိုင်ငံများတွင် စတင်ထုတ်လွှင့်ခဲ့
Twitter ဟာ သူတို့ရဲ့ subscription ဝန်ဆောင်မှုအသစ်ဖြစ်တဲ့ Twitter Blue ကို ဩစတေးလျှနှင့် ကနေဒါနိုင်ငံများတွင် ဇွန်လ ၃ ရက်နေ့၊ ၂၀၂၁ ခုနှစ်က စတင်ထုတ်လွှင့်ပေးခဲ့ပါတယ်။ Twitter ရဲ့ ကြေငြာချက်အရ အဆိုပါ အပိုဆောင်းဝန်ဆောင်မှုတွင် “Undo Tweet” button, bookmarks များနှင့် reader mode ကဲ့သို့သောလုပ်ဆောင်ချက်များကိုထည့်သွင်းထားလျှက်ရှိပါတယ်။
ကုမ္ပဏီရဲ့ပြောဆိုချက်အရ “ယခုကဲ့သို့ အကန့်အသတ်ဖြင့် launch ပြုလုပ်ခြင်းဟာ အသုံးပြုသူများဖက်မှ မည်သို့သောအရာများကိုလိုအပ်နေကြသလဲဆိုသည်အား ပိုမို၍နက်ရှိုင်းစွာနားလည်နိုင်စေဖို့ စီစဉ်လိုက်တာဖြစ်ပါတယ်။” သို့သော် Twitter ရဲ့ free-to-use version ကိုလည်း ဆက်လက်၍ အသုံးပြုနိုင်ဦးမှာဖြစ်ပါတယ်။
သတင်းများအရတော့ ယခု subscription အသစ်ဟာ တစ်လလျှင် ကနေဒါဒေါ်လာဖြင့် ၃.၄၉ ကျသင့်မှာဖြစ်ပြီး ဩစတေးလျှဒေါ်လာဖြင့် ၄.၄၉ ကျသင့်မှာဖြစ်ကာ အခြားသောနိုင်ငံများအတွက် Release date ကိုတော့ လက်ရှိအချိန်တွင် အတည်ပြုပြောကြားခဲ့ခြင်းမရှိသေးကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။