by www.jobsinyangon.com
Tags: Knowledge-Managerial-Communicational-HR-JobsinYangon
စီမံခန့်ခွဲမှုဆိုင်ရာ ပြောဆိုဆက်ဆံမှုအမျိုးအစားများ
စီမံခန့်ခွဲမှုဆိုင်ရာ ပြောဆိုဆက်ဆံမှုဆိုသည်မှာ အဖွဲ့အစည်းတစ်ခုအတွင်းရှိ မန်နေဂျာများအကြားနှင့် သူတို့နှင့် သူတို့၏လက်အောက်ငယ်သားများအကြား အပြန်အလှန်ဆက်သွယ်မှုရှိခြင်းကို ဆိုလိုပါသည်။
မန်နေဂျာများအနေနှင့် အမြင့်မားဆုံးလုပ်ငန်းစွမ်းဆောင်ရည်နှင့် အလုပ်ခွင်အတွင်း ငြိမ်းချမ်းမှုရှိစေရန် သူတို့၏အဖွဲ့ဝင်များနှင့် အပြန်အလှန်ပြောဆိုဆက်ဆံမှုရှိရန် မရှိမဖြစ်အရေးကြီးပါသည်။
ပြောဆိုဆက်ဆံမှုများဟာ ယျေဘူယျအားဖြင့် -
အထက်မှ အောက်သို့ပြောဆိုဆက်ဆံခြင်း - မန်နေဂျာများထံမှ သတင်းအချက်အလက်များကို ဝန်ထမ်းများထံသို့ စီးဆင်းခြင်း
အောက်ခြေမှ အထက်သို့ပြောဆိုဆက်ဆံခြင်း - ဝန်ထမ်းများထံမှ သတင်းအချက်အလက်များ မန်နေဂျာများထံ သို့စီးဆင်းခြင်း တို့အဖြစ် ခွဲခြားနိုင်ပါသည်။
စီမံခန့်ခွဲမှုဆိုင်ရာ ပြောဆိုဆက်သွယ်မှုများဟာ အောက်ပါနည်းလမ်းများအနေနှင့် ယျေဘူယျအားဖြင့် ဖြစ်ပေါ်နေ ပါသည်။
• စကားဖြင့်ပြောဆိုဆက်သွယ်ခြင်း
• စာဖြင့်ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်ခြင်း
• ကိုယ်အမူအယာများ
• မျက်နှာအမူအယာများ
• လက်ဟန်ခြေဟန်များ တို့ဖြစ်ပါသည်။
စကားဖြင့်ပြောဆိုဆက်သွယ်ခြင်း
စကားဖြင့်ပြောဆိုဆက်သွယ်ခြင်းမှာ အများအားဖြင့် လုပ်ငန်းခွင်တစ်ခုအတွင်း ပြောဆိုဆက်သွယ်ရန်အသုံးအပြု ဆုံးနည်းလမ်းတစ်ခုဖြစ်ပါသည်။ မန်နေဂျာများမှ သူတို့၏အဖွဲ့ဝင်များကို ပြိုင်တူခေါ်ယူပြီး သူတို့ထံမှ ဘယ်လို အရာတွေကိုမျှော်လင့်ထားတယ်ဆိုတာကို ညွှန်ကြားမှုပေးခြင်းဖြစ်ပါတယ်။
အသံဖြင့်ပြောဆိုဆက်ဆံခြင်းတွင် အဖွဲ့ဝင်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ ကို နှုတ်မှတစ်ဆင့် စကားလုံး များဖြင့်ပြောကြားခြင်းဖြစ်ပါသည်။
ထိုသူသည် စကားလုံးများကို သေချာစွာရွေးချယ်ဖို့လိုအပ်ပြီး နားထောင်သူများအနေဖြင့်တွင်တော့ ပြောကြားသူ အား ဂရုစိုက်နားထောင်ဖို့လိုအပ်မည်ဖြစ်ပါသည်။
ပြောကြားသူအနေနှင့် သူတို့၏ပြောပုံဆိုပုံနှင့် အသံအနေအထားတို့ကို အသံဖြင့်ပြောဆိုခြင်းပြုလုပ်ရာတွင် ဂရု စိုက်ကာပြောကြားရမည်ဖြစ်ပါသည်။ အသံဖြစ်ပြောဆိုဆက်သွယ်ခြင်းပြုလုပ်ရာတွင် သင့်ရဲ့ပြောပုံဆိုပုံများဟာ အရေးပါမှုရှိပါတယ်။ နောက်ဆုံးတန်းတွင်ထိုင်နေသောသူပင်လျှင် သင်၏အသံအားသေချာတိကျစွာကြားနိုင်စေ ရန်အတွက် သေချာအောင်ပြုလုပ်ရပါမည်။
ရှင်းလင်းစွာပြောဆိုပါ။ ခေါင်းစဉ်နှင့်သက်ဆိုင်သောအရာများကိုသာပြောဆိုခြင်းဖြင့် အခြားသူများကို စိတ်ရှုပ် ထွေးမှုမဖြစ်စေရန်လုပ်ဆောင်ပါ။
တင်ဆက်ပြသမှုများ၊ အစည်းအဝေးများ၊ အဖွဲ့လိုက်ဆွေးနွေးမှုများ အစရှိသည်တို့သည် အသံဖြင့်ပြောဆိုဆက် သွယ်ခြင်းများဖြစ်ပါသည်။ အသံဖြင့်ပြောဆိုဆက်သွယ်ခြင်းတွင် မျက်နှာချင်းဆိုင်အပြန်အလှန်ဆက်ဆံမှုများ၊ ဖုန်းဖြင့်ဆက်သွယ်ပြောဆိုခြင်းများ၊ သို့မဟုတ် ဝန်ထမ်းအဖွဲ့တစ်ခုကိုအမည်တပ်ပြောဆိုခြင်းများ စသည်တို့ ပါဝင်ပါသည်။
ကိုယ်အမူအယာများ
အချို့သောသူများဟာ ပြောဆိုဆက်ဆံမှုများပြုလုပ်ရာတွင် သူတို့၏ကိုယ်အမူအယာများကို သတိပြုဖို့လိုအပ်ပါ တယ်။ သင့်နဲ့အတူတူအလုပ်လုပ်ဖော်များနဲ့ အဖွဲ့ဝင်များသို့ ပြောဆိုဆက်ဆံရာတွင် အပြုသဘောဆောင်သော ကိုယ်အမူအယာရှိနေဖို့သေချာစွာလုပ်ဆောင်ပါ။
မျက်နှာအမူအယာများ၊ လက်လှုပ်ရှားမှုများနှင့် လက်ဟန်ခြေဟန်များ
သင့်ရဲ့မျက်နှာပေါ်တွင် အမြဲတမ်းမျက်မှောင်ကျုံ့မထားပါနှင့် မကြာခဏပြုံးပေးပါ။ ဒီနည်းအားဖြင့် သင့်နဲ့ ပြော ဆိုဆက်ဆံရသည်ကို လူတွေကသဘောကျပြီး သင်ဆက်သွယ်ပြောကြားလိုတဲ့အရာများကို အာရုံစိုက်မှုရှိစေပါ လိမ့်မယ်။
လက်လှုပ်ရှားမှုများဟာလည်း စီမံခန့်ခွဲမှုဆိုင်ရာ ပြောဆိုဆက်ဆံခြင်းများတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင် နေပါသည်။ ပြောကြားသူဟာ ထိုသို့ပြောဆိုနေစဉ်အတွင်း လက်မှ အခြားအရာများကိုပြုလုပ်မနေသင့်ပါဘူး။ လို လားအပ်သော အကျိုးသက်ရောက်မှုရှိစေရန်အတွက် မန်နေဂျာများဟာ သူတို့ရဲ့အဖွဲ့ဝင်များကိုတည့်တည့်ကြည့် ရှုပြီး စကားပြောဆိုဖို့ မရှိမဖြစ်လိုအပ်ပါတယ်။
စာဖြင့်ရေးသားမှုများနှင့် ပြောဆိုဆက်သွယ်ခြင်း
Email များမှတစ်ဆင့် ပြောဆိုဆက်သွယ်ခြင်းဟာ အားကိုးအားထားအပြုရဆုံးသော ဆက်သွယ်ပြောဆိုမှုပြုရန် နည်းလမ်းတစ်ခုဖြစ်ပါသည်။
သင့်ရဲ့အဖွဲ့ဝင်များနဲ့ နှုတ်ဖြင့်ပြောဆိုဆက်သွယ်မှုများပြုလုပ်ပြီးသည့်အခါတွင် အစည်းအဝေးအတွင်း ဆွေးနွေး ခဲ့သည့်အကြောင်းအရာများ၏ အနှစ်ချုပ်အကြောင်းအရာများကို သူတို့ထံသို့ email ပို့ဖြစ်အောင်ပေးပို့ရပါမည်။
Email များဟာ ခေါင်းစဉ်နဲ့သက်ဆိုင်ပြီး အဓိပ္ပါယ်ကိုရှင်းလင်းစွာသိရှိနားလည်နိုင်ရမည်ဖြစ်ပါသည်။ Email များ တွင် အကြောင်းအရာများကိုဖွဲ့နွဲ့ကာမရေးသားပါနဲ့။ Email များဟာ တိုတောင်း၊ ပြတ်သားပြီး ထိရောက်သင့်ပါ သည်။
အင်္ဂလိပ်စာလုံးအကြီးများကို email များတွင်မလိုအပ်ပဲ အသုံးမပြုပါနဲ့။
သင့်ရဲ့စာလုံးပေါင်းများ၊ သဒ္ဓါအထားအသိုနှင့် ပုဒ်ဖြတ်၊ ပုဒ်ရပ်အမှတ်အသားများကို ဂရုစိုက်ပါ။
တရားဝင်ရုံးစာ email များတွင် အမြင်စူးရှစေသော အမှတ်အသားများနှင့် ပုံများပါဝင်မနေသင့်ပါဘူး။ လှပသော စာလုံးဖောင့်များကိုအသုံးပြုခြင်းမှရှောင်ဖယ်ကာ ရိုးရိုးရှင်းရှင်းထားပါ။ တရားဝင်ရုံးစာ email များကို စံနမူနာ အနေဖြင့် Arial Font ကို စာလုံးအရွယ်အစား 12 ကိုအသုံးပြုပြီးရေးသားနိုင်ပါသည်။
သက်ဆိုင်သောဝန်ထမ်းများအားလုံးကို ကွင်းဆက်အတွင်းထားရှိပါ။ ဝန်ထမ်းများဖက်မှလဲ သူတို့ရဲ့အဖွဲ့ခေါင်း ဆောင်များမှ ဘာတွေဖြစ်နေလဲဆိုတာကိုသိရှိစေရန်အတွက် မိတ္တူစာ (*email carbon copy, CC) တွင် ထည့် သွင်းပေးပို့ရမည်ဖြစ်ပါသည်။
ဆက်သွယ်ပြောဆိုမှုများဟာ ရုံးတွင်းလှည့်ပတ်စာများနှင့် အသိပေးစာများအနေနှင့်လည်းရှိနေနိုင်ပါသည်။
အသိ ပေးမှုများကို အားလုံးမှ ဖတ်ရှုသိရှိစေနိုင်ရန်အတွက် ကုမ္ပဏီ၏ အဓိကကျသော အသိပေးကြော်ငြာသင်ပုန်းတွင် ပြသထားဖို့ရာလိုအပ်ပါသည်။ အသိပေးအကြောင်းကြားစာများတွင် အရက်စွဲများနှင့် သက်ဆိုင်သောအချက်အ လက်များပါရှိစေဖို့ အရေးကြီးပါသည်။ ရုံးတွင်းလှည့်ပတ်စာများကို သင့်ရုံးမှ ရုံးအကူကလေးအား အားလုံး၏ဖတ် ရှုပြီးကြောင်းလက်မှတ်များရယူရန်အတွက် အကူအညီတောင်းပါ။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
Facilitation Limited
A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Host Link IT Solution
..Wireless Point to Point Connection
Satellite Remote Site Installation and Maintenance
Network Infrastructure Installation
System and Design Implementation
Hardware and Network Installation and M...
Show the postings (9)
Power Light Co.,Ltd
...Power Light was incorporated with the vision of providing customers with highest quality lighting products and consultation services at best cost efficient solution in Myanmar. In order to be the l...
Show the postings (6)
Tharaphu Soe Myint Company Limited
Under the leadership of the proprietor U Soe Myint and the assistance of the expertise knowledge of the technicians, the company works for the welfare of the local farmers and peasants.The aim of the ...
Show the postings (5)