ချိတ်ဆွဲရန်စာတန်း: News-Steam-Deck-Ubisoft-Games-JobsInYangon
Steam Deck ရဲ့ Platform ပေါ်တွင် ဂိမ်းများကို ရောင်းချသွားရန်အတွက် Ubisoft မှ စောင့်ကြည့်လျှက်ရှိနေ
IGN မှသတင်းတစ်ပုဒ်အရ - မကြာသေးမှီက Steam နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ Ubisoft ဟာ ယခုအခါတွင် Valve ရဲ့ handheld gaming device အသစ်ဖြစ်တဲ့ Steam Deck ကြောင့် ပြန်လည်၍အကျိုးတူပူးပေါင်းမှုများကို ပြုလုပ်သွားရန် စဉ်းစားလျှက်ရှိနေနိုင်ကြောင်း သိရှိရပါတယ်။
ဂျူလိုင်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့ First Quarter Earnings အစည်းအဝေးပွဲတွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ အနာဂါတ်တွင် Ubisoft ရဲ့ game များကို Steam Deck ပေါ်သို့တင်၍ ရောင်းချဖို့အစီအစဉ် ရှိ၊ မရှိ အပေါ် Ubisoft CEO ဖြစ်သူ Yuves Guillemot ရဲ့ အမြင်ကို မေးမြန်းခဲ့ရာတွင် -
Yuves က “ဒီလုပ်ငန်းနယ်ပယ်အတွင်းမှာ Steam Deck ထွက်ပေါ်လာခြင်းကို အလွန်ပဲဝမ်းမြောက်မိပါတယ်။ ဒါဟာဈေးကွက်အတွင်းသို့ ပိုမို၍ဆန်းသစ်တဲ့ hardware တွေ အများကြီးထွက်ပေါ်လာနိုင်သေးကြောင်းကို ပြသနေတဲ့ နမိတ်လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။” “ဒါကြောင့် ဒီအရာက ဘယ်လောက်အထိ တွင်ကျယ်လာမလဲဆိုတာကို စောင့်ကြည့်ပြီး အသုံးပြုတဲ့သူအရေအတွက် လုံလုံလောက်လောက်ရှိလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဂိမ်းများကိုလည်း ဒီပေါ်မှာ ရောင်းချသွားဖို့ရှိပါတယ်။” ဟူ၍ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။