Tags: News-Steam-Deck-Ubisoft-Games-JobsInYangon
Steam Deck ရဲ့ Platform ပေါ်တွင် ဂိမ်းများကို ရောင်းချသွားရန်အတွက် Ubisoft မှ စောင့်ကြည့်လျှက်ရှိနေ
IGN မှသတင်းတစ်ပုဒ်အရ - မကြာသေးမှီက Steam နဲ့ လက်တွဲဖြုတ်ခဲ့တဲ့ Ubisoft ဟာ ယခုအခါတွင် Valve ရဲ့ handheld gaming device အသစ်ဖြစ်တဲ့ Steam Deck ကြောင့် ပြန်လည်၍အကျိုးတူပူးပေါင်းမှုများကို ပြုလုပ်သွားရန် စဉ်းစားလျှက်ရှိနေနိုင်ကြောင်း သိရှိရပါတယ်။
ဂျူလိုင်လ ၂၀ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သူတို့ရဲ့ First Quarter Earnings အစည်းအဝေးပွဲတွင် ရင်းနှီးမြှုပ်နှံသူတစ်ဦးမှ အနာဂါတ်တွင် Ubisoft ရဲ့ game များကို Steam Deck ပေါ်သို့တင်၍ ရောင်းချဖို့အစီအစဉ် ရှိ၊ မရှိ အပေါ် Ubisoft CEO ဖြစ်သူ Yuves Guillemot ရဲ့ အမြင်ကို မေးမြန်းခဲ့ရာတွင် -
Yuves က “ဒီလုပ်ငန်းနယ်ပယ်အတွင်းမှာ Steam Deck ထွက်ပေါ်လာခြင်းကို အလွန်ပဲဝမ်းမြောက်မိပါတယ်။ ဒါဟာဈေးကွက်အတွင်းသို့ ပိုမို၍ဆန်းသစ်တဲ့ hardware တွေ အများကြီးထွက်ပေါ်လာနိုင်သေးကြောင်းကို ပြသနေတဲ့ နမိတ်လက္ခဏာတစ်ခုပဲဖြစ်ပါတယ်။” “ဒါကြောင့် ဒီအရာက ဘယ်လောက်အထိ တွင်ကျယ်လာမလဲဆိုတာကို စောင့်ကြည့်ပြီး အသုံးပြုတဲ့သူအရေအတွက် လုံလုံလောက်လောက်ရှိလာခဲ့မယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ဂိမ်းများကိုလည်း ဒီပေါ်မှာ ရောင်းချသွားဖို့ရှိပါတယ်။” ဟူ၍ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.