Jobs In Myanmar
Load...

CV နှင့် Resume ကွဲပြားမှုကိုတင်ဆက်လိုက်ပါတယ်


ချိတ်ဆွဲရန်စာတန်း:ိdifference btwn CV and Resume



 

CV နှင့် Resume ကွဲပြားမှုကိုတင်ဆက်လိုက်ပါတယ်

 

ကျွန်တော်တို့ တွေဟာအလုပ်လျှောက်လွှာရေးသားတိုင်းမှာသူမတူတဲ့ လျှောက်လွှာခေါင်းစဉ် နှစ်မျိုး ကို အမြဲတစေ တွေ့ မြင်ရလေ့ရှိပါတယ်။ Curriculum Vitae (CV) နှင့် Resume ဆိုတဲ့ခေါင်းစဉ် ၂ မျိုးပါ။ ဒီ၂ မျိုးကတစ်ခုချင်းစီမှာမတူညီတဲ့ ဖွဲ့ စီးမှုတွေပါဝင်နေတယ်ဆိုတယ်ဆိုတာ ယနေ့ ကမ္ဘာမှာ အသုံးပြုပုံတွေနဲ့ ပတ်သက်ပြီးလေ့လာကြည့်ကြရအောင်။

 

Curriculum Vitae (CV)

Curriculum Vitae (CV) ဆိုတဲ့ စကားစု ဟာ လက်တင် (Latin) ဘာသာမှဆင်းသက်ပြီး ဘ၀ ရဲ့လမ်းစဉ်  (Course of Life) လို့  အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ CV မှာ လူတစ်ဦးတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်နဲ့ ပတ်သက်ပြီးဖော်ပြချက်တွေ အပြင် အခြားသော ပညာရေး ၊ တတ်ကျွမ်းမှု၊ ရရှိခဲ့တဲ့ အောင်မြင်မှု၊ ချီးမြင့်ခံရတဲ့ဆုတံဆိပ်တွေ အစရှိသည် များကို စုံလင်စွာ အသက်အရွယ် အချိန်အပိုင်းခြားအလိုက် စုစည်းတင်ပြခြင်းတွေပါဝင်ပါတယ်။

အထက်ပါ အချက်အလက် တွေကိုစုစည်းတင်ပြရမှာလည်း မှန်ကန်သပ်ရပ်ပြီး အစီအစဉ်တကျ ဖြစ်နေဖို့ လိုအပ်ပါတယ်။ ထို့ အတွက် CV တစ်စောင်ဟာစာမျက်နှာအရေအတွက်နဲ့ ကြည့်မယ်ဆိုရင် ၂မျက်နှာအနည်းဆုံးရှိမှာဖြစ်ပြီးထိုထက်လည်းများလာဖွယ်ရာကိုတွေ့ ရှိရမှာပါ။ အလုပ်ခေါ်သူဘက်မှ ကြည့်မည်ဆိုရင်လည်းCV တစ်စောင်ဖတ်ဖို့ ရာအတွက် အချိန်ကိုအတိုင်းအတာတစ်ခုအထိအသုံးပြုရ တော့မှာဖြစ်လို့ လျှောက်ထားသူဦးရေများလေ မိမိရွေးချယ်မှုမှန်ကန်စေဖို့ အတွက် အချိန်ပိုပေးရ မှာဖြစ်ပါတယ်။

CV ကို British လူမျိုးများမှအဓိကထားပြီးအသုံးပြုတာကိုတွေ့ ရပြီး ကမ္ဘာတစ်လွှားမှာ UK, Ireland, Newzealand တွေမှာအသုံးပြု ပါတယ်။

 

 

Resume

Resume ရဲ့ ဖွဲ့ စည်းပုံဟာရိုးရှင်း ပြီးတိကျစေဖို့ ရည်ရွယ်ထားပါတယ်။ ပုံမှန် Resume တစ်စောင်ဟာ စာမျက်နှာ ၁ မျက်နှာမှ၂ မျက်နှာအတွင်းမှာဘဲရှိမှာဖြစ်ပြီး အလုပ်လျှောက်ထားသူရဲ့ ကိုယ်ရေးအကျဉ်း ၊ လုပ်ခဲ့ဖူးသော ရာထူး အလိုက် လုပ်သက်ကိုတွဲ ပြီး ဖော်ပြထားမှာဖြစ်ပါတယ်။ လျှောက်ထားသူဟာ မိမိ ရဲ့ ဆန္ဒအလိုက် လျှောက်ထားလိုတဲ့အလုပ်ရာထူးအတွက် Resume မှာဖော်ပြချက်တွေဟာအစဉ် လိုက် ဖြစ်စရာမလိုအပ်ဘဲ လုပ်သက်များရာအားသာချက်ရှိတာအလိုက် ဦးစားပေးရေးသား ဖော်ပြ နိုင်မှာပါ။

အလုပ်ခေါ်သူဟာ Resume တစ်စောင်အတွက်ဖတ်ဖို့ ရာ အချိန်အနည်းငယ်သာလိုအပ်ပြီး မိမိခေါ်ယူ သောရာထူးအတွက်ကိုက်ညီမှုရှိမရှိကိုစိစစ်ရာမှာလွယ်ကူစေတာကိုတွေ့ ရမှာဖြစ်ပါတယ်။ American လူမျိုးတွေ နဲ့ Canadian လူမျိုးတွေ မှာ Resume ကိုတွင်ကျယ်စွာအသုံးကြပြီးအာရှနိုင်ငံများထိသုံးစွဲ လာနေကြပါပြီ။

 

သုံးသပ်ခြင်း

ပြန်လည်ခြုံငုံစမ်းစစ်ရင် CV ဟာ လူတစ်ဦးရဲ့ အလုပ်နှင့်သက်ဆိုင်သောအတ္ထုပတ္တိနှင့်ဆင်တူပြီး ရှည်လျား တဲ့အသေးစိတ်ဖော်ပြချက်တွေပါဝင်တာကိုတွေ့ ရမှာပါ။ ပညာရေးနယ်ပယ်၊သုတေသန နယ်ပယ်တွေနဲ့ ပတ်သက်တဲ့အလုပ်လျှောက်လွှာတွေမှာတော့ CV ရဲ့ အခန်းကဏ္ဍဟာမှေးးမှိန် မသွားဘဲအားကောင်းကောင်းနဲ့ ဆက်လက်အသုံးပြုနေကြစဲပါ။

Resume မှာတော့ လိုရင်းတိုရှင်းပြီးတိကျတဲ့ ဖော်ပြချက်တွေကြောင့် အလုပ်ရှင်များအတွက် ပိုပြီးနှစ်လိုဖွယ်ရာရှိစေမှာဖြစ်ပြီးအသုံးပြုသူအရေအတွက်ဟာလည်း အရှိန်အဟုန်ဖြင့်တိုးတက်လာ နေပါတယ်။

ယနေ့ အလုပ်အကိုင်နယ်ပယ်အသီးသီးမှာ CV နှင့် Resume ကို ပုံစံမျိုးစုံဖြင့်ဖော်ပြနေကြပြီး ၂ မျိုး လုံးကို ရောထွေးပြီး (mixed) လုပ်ထားတဲ့အလုပ်လျှောက်လွှာများဟာလည်းဒုနဲ့ ဒေးပါ။ သို့ ပါ၍ ဖော်ပြပါ အကြောင်းအရာများမှအချက်အလက်များကိုစာဖတ်သူများမှအသုံးချနိုင်စေခြင်းငှာ ရေးသား တင်ဆက်လိုက်ပါတယ်။

 

JobsInYangon ပရိသတ်များအလုပ်အကိုင်အဆင်ပြေတိုးတက်ကြပါစေ


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Asahi Loi Hein Co., Ltd.

Asahi Loi Hein Co., Ltd.

.Asahi Loi Hein Co., Ltd. is a Joint Venture company one of the leading soft drinks manufacturer which head office in Yangon and factories in Mandalay and Yangon. Asahi Loi Hein Company Ltd., is a gr...
Show the postings (1)
RHENUS LOGISTICS

RHENUS LOGISTICS

..Rhenus Myanmar Limited is located in the heart of Yangon (formerly known as Rangoon). Prior to the relatively recent foundation of the new capital city Naypyidaw, Yangon was the seat of government. ...
Show the postings (2)
ACECOOK MYANMAR CO.,LTD.

ACECOOK MYANMAR CO.,LTD.

HANA အသင့်စားရှမ်းခေါက်ဆွဲဟာ ဆီဖြင့်ကြော်ထားခြင်းမဟုတ်သော Non-Fried ဆန်ခေါက်ဆ...
Show the postings (13)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS