ချိတ်ဆွဲရန်စာတန်း: News-U.S-Restrict-Chian-ChipMaker-JobsInYangon
အမေရိကန်ရဲ့ ထိပ်တန်း တရုတ် chip ထုတ်လုပ်သည့်ကုမ္ပဏီအပေါ် ပိတ်ဆို့မှုများ
Trump အစိုးရက တရုတ်နိုင်ငံရဲ့ ကွန်ပြူတာ chip များထုတ်လုပ်သူ ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ Semiconductor Manufacturing International Corporation (SMIC) အပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်လိုက်ပြီပဲဖြစ်ပါတယ်။ ဒီလုပ်ဆောင်ချက်ကြောင့်ပဲ တရုတ်နဲ့ အမေရိကန်အကြား နည်းပညာစစ်ပွဲဟာ ပိုမို၍ ပြင်းထန်လာနိုင်ဖွယ်ရှိနေပါတယ်။
ပြီးခဲ့တဲ့အပတ်သောကြာနေ့က အမေရိကန် စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေးဌာနမှ ထုတ်ပြန်လိုက်တဲ့ စာတစ်စောင်အရ Chip ထုတ်လုပ်သည့်လုပ်ငန်းနယ်ပယ်ရှိ အမေရိကန်ကုမ္ပဏီများအနေနဲ့ SMIC နဲ့ လက်အောက်ခံကုမ္ပဏီများသို့ နည်းပညာများရောင်းချလိုပါက အစိုးရရဲ့ခွင့်ပြုချက်လိုင်စင်ကို လိုအပ်မှာဖြစ်တယ်လို့ ဆိုထားပါတယ်။ အဆိုပါဌာနရဲ့ပြောကြားမှုအရ လေ့လာမှုများပြုလုပ်ပြီးနောက်တွင် “SMIC ရဲ့ chip များကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံရဲ့ စစ်ဘက်ဆိုင်ရာနည်းပညာများတွင် အသုံးပြုနေနိုင်ခြေ ရှိနေတဲ့အတွက် ဒီအရာဟာ လက်ခံ၍ရနိုင်တဲ့ စွန့်စားမှုတစ်ရပ်မဟုတ်ဘူး” ဟူ၍ပြောကြားသွားခဲ့ပါတယ်။
ဒီလုပ်ရပ်ကြောင့်ပဲ SMIC ဟာ သူတို့ရဲ့ထုတ်ကုန်များထုတ်လုပ်ရန်အတွက် လိုအပ်တဲ့ အမေရိကန်ရဲ့ software နဲ့ အခြားသောနည်းပညာများနဲ့ အဆက်ပြတ်သွားနိုင်ပါတယ်။ Trump အစိုးရဟာ တရုတ်နည်းပညာကုမ္ပဏီများ ကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတစ်ရပ်ဟု မှတ်ယူထားသည့်အတွက် ပိုမိုတင်းကြပ်စွာ ကိုင်တွယ်လျှက်ရှိ နေတာဖြစ်ပါတယ်။ Trump အစိုးရဟာ ဒီနှစ်အစောပိုင်းကာလများကလဲ တရုတ်နည်းပညာကုမ္ပဏီကြီးတစ်ခု ဖြစ်တဲ့ Huawei ရဲ့ ကုန်ပစ္စည်းတင်သွင်းမှုများအပေါ် တင်းကြပ်စွာဖိနှိပ်မှုများပြုလုပ်ခဲ့သည့်အပြင် အခြားသော တရုတ်ကုမ္ပဏီများကိုလည်း အမေရိကန်နိုင်ငံသို့ တင်သွင်းမှုများကို အမည်ပျက်စာရင်းသွင်းကာ တားမြစ်ခဲ့ပါသေးတယ်။ ထို့အပြင် တရုတ်နိုင်ငံသားပိုင် social media app များဖြစ်ကြတဲ့ WeChat နဲ့ TikTok တို့ကိုလည်း ဆက်လက်၍ပိတ်ပင်တားမြစ်မှုများကို ချမှတ်ခဲ့ပါသေးတယ်။
ဒီဆောင်းပါးလေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။