Tags: News-President-Biden-TikTok-JobsInYangon
အမေရိကန်သမ္မတ Joe Biden မှ TikTok နှင့် WeChat app များကို အသုံးမပြုရန် တားမြစ်ချက်ထုတ်ပြန်ထားခြင်းအား ဆိုင်းငံ့မှုပြုလုပ်ခဲ့
အသစ်ရွေးကောက်တင်မြှောက်လိုက်ကြသော အမေရိကန်သမ္မတ Joe Biden ဟာ ယခုအခါ TikTok နှင့် WeChat app များကို အမေရိကန်နိုင်ငံအတွင် အသုံးမပြုရန် တားမြစ်ချက်ထုတ်ပြန်ထားခြင်းအား ဆိုင်းငံ့လိုက်ပြီဖြစ်ပြီး ယခုအခါတွင် အဆိုပါ app များဟာ အမှန်တကယ်ပဲ နိုင်ငံတော်လုံခြုံရေးအပေါ် ထိခိုက်မှုများရှိလာနိုင်သလားဆိုတာအား ပြန်လည်စစ်ဆေးအကဲဖြတ်လျှက်ရှိနေပါတယ်။
ဒီဆိုင်းငံ့မှုကြောင့် app ၂ ခုစလုံးအနေနဲ့ အမေရိကန်အစိုးရအေဂျင်စီများမှ ဝန်ထမ်းအသစ်များအနေနဲ့ အဆိုပါကိစ္စရပ်နှင့် ရင်းနှီးကျွမ်းဝင်မှု မရှိသေးမှီအချိန်အထိ အမေရိကန်နိုင်ငံအတွင်း ဆက်လက်၍ operate ပြုလုပ်နိုင်ဦးမှာပဲဖြစ်ပါတယ်။ ယခင်သမ္မတဟောင်း Donald Trump ကတော့ ဒီတရုတ်နိုင်ငံမှထုတ်လုပ်ပြီး တရုတ်နိုင်ငံပိုင်ကုမ္ပဏီများမှ app များကို အမေရိကန်နိုင်ငံအတွင်း အသုံးပြုမှုမြင့်မားလာခြင်းဟာ အမေရိကန်နိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး၊ နိုင်ငံခြားရေးရာပေါ်လစီစည်းမျဉ်းများနှင့် စီးပွားရေးတို့ကို ထိပါးလာစေနိုင်ကြောင်း ပြောကြားသွားခဲ့ဖူးပါတယ်။
အချက်အလက်များအရတော့ Messaging app တစ်ခုဖြစ်တဲ့ WeChat ဟာ တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသူဦးရေ တစ်ဘီလျံခန့်ရှိပြီး အမေရိကန်နိုင်ငံမှ ရရှိသော စုစုပေါင်းအသားတင်အမြတ်ငွေဟာ ၂ ရာခိုင်နှုန်းသာရှိကြောင်းနှင့် Video-sharing app တစ်ခုဖြစ်တဲ့ TikTok ကတော့ တစ်ကမ္ဘာလုံးတွင် အသုံးပြုသူဦးရေ သန်း ၈၀၀ ခန့်ရှိပြီး အမေရိကန်နိုင်ငံမှ အသုံးပြုသူပေါင်းဟာ သန်း ၁၀၀ ခန့်သာရှိနေကြောင်း သိရှိခဲ့ရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.