Jobs In Myanmar
Load...

ဝန်ထမ်းခေါ်ယူမှုဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက် အလုပ်လျှောက်ထားလာတဲ့ Applicant များရဲ့ Social Media Profile များကို အသုံးပြုခြင်း

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Hiring-Decision-SocialMedia-JobsInYangon



ဝန်ထမ်းခေါ်ယူမှုဆုံးဖြတ်ချက်ချမှတ်နိုင်ရန်အတွက် အလုပ်လျှောက်ထားလာတဲ့ Applicant များရဲ့ Social Media Profile များကို အသုံးပြုခြင်း

 

Job Applicant များရဲ့  Facebook Profile များပေါ်ရှိ သတင်းအချက်အလက်များကို အသုံးပြုခြင်း၏ အားသာချက်များ 

လွန်ခဲ့သောနှစ်များအတွင်း HR professional များအကြားတွင် သိသာစွာရေပန်းစားလာသော trend တစ်ခုကတော့ အလုပ်လျှောက်ထားသူ applicant မှ တင်ပြလာတဲ့ သတင်းအချက်အလက်များနှင့် သူ/သူမ၏ လူမှုကွန်ယက် website (သို့) SNWs profile (SNWs = Social Networking sites) ပေါ်ရှိ အချက်အလက်များကို တိုက်ဆိုင်စစ်ဆေးခြင်းဖြစ်ပါတယ်။ ဒီ trend ကို အနောက်နိုင်ငံများဖြစ်တဲ့ United States ကဲ့သို့သောနိုင်ငံများတွင် စတင်ကျင့်သုံးလာခဲ့ကြတာဖြစ်ပြီး ယခုအခါ ကမ္ဘာတစ်ဝှမ်းလုံးတွင်လည်း recruiter များက အလုပ်လျှောက်ထားသူ applicant များရဲ့ SNWs profile များကို ကြည့်ရှုကာ candidate များပေးပို့လာတဲ့ သတင်းအချက်အလက်များကိုတိုက်ဆိုင်စစ်ဆေးခြင်း၊ ရှာဖွေခြင်းတို့ကို ပြုလုပ်လာကြပြီပဲဖြစ်ပတယ်။ တစ်ကယ်တန်းတွင် ဒီ trend ကိုကျင့်သုံးခြင်းဟာ တရားဝင်/မဝင်နှင့် လူမှုကျင့်ဝတ် အရသင့်လျှော်မှုရှိ/မရှိမေးခွန်းထုတ်ရာတွင်တော့ ရှုပ်ထွေးသောအခြေအနေများဖြစ်လာနိုင်တဲ့အတွက် ကိုယ်ရေးအချက်အလက်လုံခြုံမှုနှင့် လုံခြုံရေးဆိုင်ရာပြဿနာရပ်များကို ထည့်သွင်းစဉ်းစားမှုမပြုသေးရင်တောင်မှ လက်ကမ်းကြိုဆိုရမယ့်အရာတစ်ခုဖြစ်သလို စိတ်ပူစရာကောင်းတဲ့အရာတစ်ခုလည်းဖြစ်နေပြန်ပါတယ်။ ဘာကြောင့် ဒီ trend ကို လက်ကမ်းကြိုဆိုသင့်သလဲဆိုရင်တော့ recruiter များအနေနဲ့ အလုပ်လျှောက်ထားသူ applicant များရဲ့နောက်ကြောင်းအလုံးစုံကိုသိရှိထားဖို့လိုအပ်သလို အလုပ်နေရာနဲ့ သင့်လျှော်မှုရှိ/မရှိကို သိရှိနိုင်ဖို့ လိုအပ်လို့ပါပဲ။ အထူးသဖြင့် အလွန်တရာအရေးကြီးသော၊ အမှားအယွင်းမခံနိုင်သောအလုပ်များအတွက်တွင် အလုပ်လျှောက်ထားသူ applicant အနေနဲ့ လုံးဝပြစ်ချက်ကင်းစင်နေဖို့လိုအပ်မှာဖြစ်ပါတယ်။ ထို့အပြင် ဒီ trend ဟာ အထူးသဖြင့်ယနေ့ခေတ်တွင် အမေရိကန်နိုင်ငံအတွင်း အတွေ့များလာသော “ပေါ့ဆစွာဝန်ထမ်းခေါ်ယူခြင်းကြောင့် တရားစွဲဆိုခံရမှု” များမှနေ၍လည်း လုပ်ငန်းရှင်များအနေနဲ့ ရှောင်ရှားနိုင်စေမှာဖြစ်တဲ့အတွက် ဒီ trend ကို လက်ကမ်းကြိုဆိုလိုရခြင်းပဲဖြစ်ပါတယ်။ ဆိုလိုသည်ကတော့ recruiter များအနေနဲ့ job applicant များရဲ့ SNWs profile များကိုကြည့်ရှုနိုင်ပြီး အကယ်၍ အမူအကျင့်ဆိုင်ရာ (သို့) ရိုးသားမှုနှင့်သက်ဆိုင်သော ပြဿနာရပ်များကို တွေ့ရှိခဲ့ပါက ထိုအရာများကို recruiter များအနေနဲ့ ချက်ခြင်း သိရှိနိုင်မှာဖြစ်ပါတယ်။ 

 

Job Applicant များရဲ့  Facebook Profile များပေါ်ရှိ သတင်းအချက်အလက်များကို အသုံးပြုခြင်း၏ အားနည်းချက်များ 

သို့သော်လည်း job applicant များရဲ့ SNWs profile ကိုအသုံးပြုနေသည့် trend မှာ စိတ်ပူစရာလည်းကောင်းနေ ပြန်ပါတယ်။ Recruiter များထံတွင် job applicant များရဲ့ ခွင့်ပြုချက်မရပဲ ထိုသို့ကြည့်ရှုအသုံးချဖို့အတွက် တရားဝင်အခွင့်အာဏာရှိမနေပါဘူး။ ထို့အပြင် recruiter များအနေနဲ့ သူတို့ရဲ့ချည်းကပ်ပုံနည်းလမ်းကြောင့် လူအများက ကျင့်ဝတ်မစောင့်စည်းသူတစ်ဦးအဖြစ် ထင်မြင်ယူဆသွားကြနိုင်ခြေရှိနေတဲ့အပြင် job applicant များရဲ့ SNWs profile များထံမှ သတင်းအချက်အလက်ကိုယူခြင်းအားဖြင့် သူတို့ရဲ့ recruiting ပြုလုပ်သောလုပ်ငန်းစဉ်တွင် ပျင်းရိသူတစ်ဦးအဖြစ်လည်း ထင်မြင်ခံရနိုင်ခြေရှိနေပြန်ပါတယ်။ ထိုအချက်များအပြင် job applicant အပေါ်တွင်လည်း လိင်၊ လူမျိုး၊ လိင်စိတ်တိမ်းညွှတ်မှုအခြေအနေများနဲ့ အခြားသောအခြေခံအချက်အလက်များအပေါ်မူတည်၍ ခွဲခြားဆက်ဆံခံရနိုင်ခြေလည်းရှိနေပါသေးတယ်။ 

ထို့အပြင် တစ်ကိုယ်ရည်ကိစ္စရပ်များကို စွက်ဖက်ရာရောက်စေနိုင်သလို job applicant များမှ သူတို့ရဲ့ Facebook နဲ့ SNWs profile များပေါ်တွင်တင်ထားသည့် အချက်အလက်များဟာလည်း မှန်ကန်မှုရှိချင်မှ ရှိမှာဖြစ်ပါတယ်။ ဒီနေရာတွင် recruiter များမှ profile များထံသို့ဝင်ရောက်ကြည့်ရှုလိုက်ပြီဆိုသည်နှင့် third party တစ်ဦးဦးမှ သတင်းအချက်အလက်များကို ခိုးယူ၍ပေါက်ကြားစေနိုင်ခြေလည်းရှိနေပြန်ပါတယ်။ ထို့ကြောင့် နှစ်ဖက်စလုံးကို လုံခြုံမှုပေးနိုင်သော သင့်လျှော်သည့်ကြားခံများထားရှိရေးဆွဲထားနိုင်ပြီး အဆိုပါလုပ်ငန်းစဉ်ကိုလည်း တိကျစွာလိုက်နာနိုင်ပါက နှစ်ဦးနှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်မှာဖြစ်ပါတယ်။ ဆိုလိုသည်ကတော့ recruiter များအနေနဲ့လည်း candidate များရဲ့ခွင့်ပြုချက်မရရှိပဲ သူတို့ရဲ့ SNWs profile များကိုဝင်ရောက်ကြည့်ရှု ခြင်းမပြုသင့်သလို job applicant များအနေနဲ့လည်း မိမိတို့ရဲ့ အသေးစိတ်အချက်အလက်များကို profile များပေါ်တွင်တင်ထားခြင်းကြောင့်ဖြစ်လာနိုင်တဲ့ အခွင့်အရေးများနဲ့ အားနည်းချက်များကို သိရှိနားလည်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

 

Recruiter များအနေနဲ့ လုပ်ဆောင်နိုင်သောအချက်များနှင့် Job applicant များအနေနဲ့ သတိထားရမည့် အချက်များ

Recruiter များအနေနဲ့ job applicant များရဲ့ SNWs profile များကိုဝင်ရောက်ကြည့်ရှုခြင်းအားဖြင့် ဖြစ်ပေါ်လာနိုင် တဲ့ အားသာချက်နဲ့အားနည်းချက်များကို အထက်တွင်ဆွေးနွေးခဲ့ပြီးနောက် ဒီအကြောင်းအရာအပေါ်ပိုမို၍ အသေးစိတ်ကျကျဆက်လက်လေ့လာကြည့်ပါဦးမယ်။ မျက်မှောက်ခေတ်ဖြစ်တဲ့ information age တွင် job applicant များအနေနဲ့ သူတို့ရဲ့အကြောင်း များစွာသောအသေးစိတ်အချက်များနှင့် သူတို့ရဲ့သူငယ်ချင်းများအကြောင်းကို လူတိုင်းမှဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တယ်ဆိုတာကို သတိထားကြဖို့အတွက် တိုက်တွန်းလိုပါတယ်။ ထို့ကြောင့် job applicant များအနေနဲ့ World Wide Web ပေါ်တွင်တင်မည့် သူတို့အကြောင်းကိုဖော်ပြနိုင်သည့်အချက်အလက်များကို ရွေးချယ်ရာတွင် သတိကြီးစွာထားကြရမှာဖြစ်ပါတယ်။ 

ထို့အပြင် အမေရိကန်နိုင်ငံရှိ များစွာသောအလုပ်နေရာများအတွက်တွင် အလုပ်လျှောက်ထားသူများအနေနဲ့ “မူးယစ်ဆေးဝါးသုံးစွဲခြင်းစစ်ဆေးမှု” (narcotics test) ကိုခံယူဖို့လိုအပ်ပြီး သူတို့ခန္ဓာကိုယ်အတွင်းရှိ မူးယစ်ဆေး သုံးစွဲထားသော လက္ခဏာရပ်များကို ဆေးပညာအရစမ်းသပ်စစ်ဆေးခြင်းကိုခံရမှာဖြစ်ပါတယ်။ ထို့ကြောင့် job applicant များနေနဲ့ ပြိုင်ဆိုင်မှုမြင့်မားတဲ့အလုပ်များကိုလျှောက်ထားဖို့ စဉ်းစားပြင်ဆင်နေပါက ထိုကဲ့သို့သော အရာများကို ရှောင်ရှားထားဖို့လိုအပ်ပါလိမ့်မယ်။ Recruiter များအတွက်ကိုတော့ ကျွန်ုပ်တို့မှအကြံပေးလိုသည်မှာ သီးခြားရပ်တည်နေသောအေဂျင်စီများအနေနဲ့ သမားရိုးကျ background check လုပ်ရိုးလုပ်စဉ်များအတိုင်းသာ လုပ်ဆောင်ကြရန်နှင့် job applicant များရဲ့ SNW profile ပေါ်ရှိအချက်များအပေါ်တွင်သာ အခြေခံပြီး ဝန်ထမ်းခေါ်ယူမှု မပြုလုပ်သင့်ပါဘူး။ နောက်ဆုံးအနေနဲ့ ပြောကြားလိုတာကတော့ ရရှိနိုင်တဲ့ကိုယ်ရေးအချက် အလက်များဟာ တစ်ကိုယ်ရည်ကိစ္စရပ်များဖြစ်စေ၊ တရားဝင်မဟုတ်ပဲ ကျင့်ဝတ်နဲ့လျှော်ညီမှန်ကန်မှုမရှိစွာ ရရှိလာသည့်အရာများဖြစ်စေ ဘယ်လိုပဲဖြစ်ဖြစ် ထိုသို့သောအချက်အလက်များကို internet domain များပေါ်တွင် ရှာဖွေတွေ့ရှိနိုင်တယ်ဆိုတဲ့အချက်တစ်ခုတည်းကပင် သတိထားဖို့လုံလောက်တဲ့အကြောင်းပြချက်တစ်ခု ဖြစ်ပါတယ်ဟူ၍ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Fair Deal Co., Ltd

Fair Deal Co., Ltd

..Fair Deal Co., Ltd ....
Show the postings (1)
Diebold Nixdorf Myanmar Ltd

Diebold Nixdorf Myanmar Ltd

With a population of nearly 54 million people, Myanmar has huge growth potential in the banking sector as it expands its services outside of Yangon to more rural areas where it is estimated that more ...
Show the postings (4)
Synergy Plus Co., Ltd

Synergy Plus Co., Ltd

Vision - To be one the Leading Construction Companies Mission - To provide our High Quality Services First after SAFETY Values - Integrity, Discipline, Professionalism, Enthusiasm & Innovation .- ...
Show the postings (4)
Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)
Design Communications International Co, Ltd.

Design Communications International Co, Ltd.

..Design Communications International Co, Ltd.....
Show the postings (2)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS