Jobs In Myanmar
Load...

Fresh graduate များအတွက်​ အလုပ်​နှင့်​ပက်​သက်​​သော အမှားများ

by Admin


ချိတ်ဆွဲရန်စာတန်း: o work in Myanmar work in Yangon Myanmar graduates



ဘွဲ့ရပြီးခါစ အလုပ်ရှာရာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားများ

         ကျွန်တော်တို့တွေဟာ အချိန်တန်လို့ တက္ကသိုလ်တွေမှ ဘွဲ့ရရှိပြီးချိန်ဆိုရင် လုပ်ငန်းခွင်ဝင်ဖို့အတွက် ပြင်ဆင်ကြပါတယ်။ လုပ်ငန်းခွင်ဝင်ဖို့ပြင်ဆင်ခြင်းဟာ တကယ်တော့ လွယ်မယောင်နဲ့ခက်၊ တိမ်မယောင်နဲ့ နက်နဲနေတတ်ပါတယ်။ ဒါပေမယ့် စနစ်တကျ အမှားအယွင်းနည်းနည်းနှင့် စီမံခန့်ခွဲနိုင်မယ်ဆိုရင်တော့ ကိုယ်လိုချင်တဲ့လုပ်ငန်းခွင်ထဲကို ဝင်ရောက်ခွင့်ရရှိမှာပါ။ သိမ်မွေ့နက်နဲတတ်တဲ့ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ခြင်းမှာ အမှားအယွင်းနည်းနိုင်လေ ကောင်းလေပဲဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ မှန်တယ်ထင်ပြီး ပြုလုပ်လိုက်မိတဲ့အရာတစ်ခုဟာ အမှားအယွင်းတစ်ခုဖြစ်သွားတတ်ပြီး အဲ့ဒီ အမှားဟာပဲ ကျွန်တော်တို့ကို ပြန်လည်ဒုက္ခပေးမယ့် အရာတစ်ခုဖြစ်သွားနိုင်လို့ပါ။ ပရော်ဖက်ရှင်နယ်မပီသရာကျစေမယ့် အမှားမျိုးဖြစ်သွားနိုင်သလို၊ ကျွန်တော်တို့လိုချင်တဲ့ အလုပ်အခွင့်အရေးကိုလည်း ဖျက်စီးလိုက်ရာရောက်သွား စေနိုင်ပါတယ်။ တစ်နည်းအားဖြင့်ပြောရရင်တော့ အမှားအယွင်းနည်းလေလေ ကိုယ့်အတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုများလေလေပါပဲ။ တချို့လုပ်ငန်းအဖွဲ့အစည်းတွေမှာဆိုရင် စီဗွီထဲမှ အမှားအယွင်း တချို့တလေကိုတောင် လက်ခံလေ့မရှိပဲ ငြင်းဆန်ပယ်ချတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ ပြင်ဆင်ရာမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားအယွင်းတွေကို ဘယ်လိုရှောင်ရှားသွားမလဲဆိုတာ ဆက်ဖတ်ကြည့်လိုက်ရအောင်။

၁။ လိုအပ်တာထက် အချက်အလက်များနေတဲ့ CV

         ကျွန်တော်တို့တွေဟာ အလွန်ကြီးမားတဲ့ ဈေးဝယ်စင်တာကြီးတစ်ခုထဲရောက်သွားတယ် သဘောထားလိုက်ပါတော့။ ခင်းကျင်းပြထားတဲ့ ပစ္စည်းတွေ၊ အချက်အလက်တွေ များပြားလွန်းလို့ ဘယ်နားက စပြီး လိုချင်တာကို ဘယ်နားမှာရှာရမလဲ မသိတော့တဲ့ အနေအထားမျိုး ကြုံတွေ့ရတတ်ပါတယ်။ အလုပ်ရှာဖွေ ရာမှာလည်း အလားတူပါပဲ။ ကျွန်တော်တို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရေးသားမယ့် CV ဟာ အလွန် အင်မတန် ရှည်လျားပြီးတော့ အချက်အလက်ပေါင်းများစွာထည့်သွင်းကာ ရှုပ်ထွေးတဲ့ အသွင်အပြင်ရှိနေမယ် ဆိုရင် အလုပ်ခန့်အပ်မယ့်သူအနေနဲ့လည်း CV ကို ကြည့်ရှုရာမှာ အခက်အခဲဖြစ်စေမှာပါ။ ဥပမာအားဖြင့်ပြောရရင် အရေးကြီးဆုံးကတော့ ကိုယ်ကိုင်ထားတဲ့ ဖဲချပ်ကို သိဖို့ရယ်၊ ဘယ်အချိန်မှာ ဘယ်လိုချပြတတ်ရမလဲဆိုတာ သိဖို့ရယ်ပါပဲ။ ထောင်နဲ့ချီရှိနေမယ့် CV ပေါင်းများစွာကို အသေးစိတ် လိုက်လံ ဖတ်ရှုနေဖို့ လူတိုင်းမှာအချိန်မရှိတတ်ပါဘူး။ အဲ့ဒါကြောင့် အလုပ်ခန့်အပ်မယ့်သူကို အကောင်းဆုံး ချပြနိုင်မယ့် အရေးကြီးဆုံး အချက်အလက်မျိုးတွေကိုပဲ CV ထဲမှာ ထည့်သွင်းဖော်ပြသင့်ပါတယ်။ CV ဆိုတာဟာလည်း ကျွန်တော်တို့ဆီမှာ ဘယ်လိုအရည်အချင်းတွေရှိတယ်၊ ဘယ်အပိုင်းတွေမှာ ကျွမ်းကျင်တယ်၊ ဘယ်လိုမျိုးတွေ လုပ်ခဲ့ဖူးတယ် အစရှိသဖြင့် အရေးကြီးတဲ့ အချက်အလက်များကိုပဲ တိတိကျကျ ဖော်ပြရမယ့် နေရာပဲဖြစ်ပါတယ်။ ဥပမာအားဖြင့် ကျွန်တော်တို့မှာ အလုပ်အတွေ့အကြုံ ၃၅ နှစ်တာလောက်ရှိနေရင်တောင် အဲ့ဒီ ၃၅ နှစ်စာလုံးကို စီကာပတ်ကုံးဖော်ပြနေတာထက်၊ အခုလျှောက်ထားမယ့် လုပ်ငန်းခွင်သဘာဝနဲ့ ဆိုင်မယ့် အချက်အလက် ၅ ခုလောက်ကိုသာ သေချာအသားပေးဖော်ပြခြင်းမျိုးဟာ ပိုမိုသင့်တော်ပါတယ်။ အဲ့လိုပဲ ကျွန်တော်တို့ဟာ ဘွဲ့ရပြီးကာစဆိုရင်လည်း ရရှိတဲ့ဘွဲ့၊ ဘယ်လိုအဆင့်မျိုးရရှိတယ်ဆိုတာမျိုးကိုပဲ အသားပေးဖော်ပြသင့်ပြီး ကိုးကွယ်တဲ့ဘာသာတို့၊ မွေးနေ့တို့၊ လိင်အချက်အလက်တို့ အစရှိတာတွေဟာ အမှန်တော့ မလိုအပ်တဲ့အချက်တွေပဲဖြစ်ပါတယ်။

၂။ ကိုယ်လုပ်နိုင်သလောက်ပဲ တောင်းဆိုပါ။

         အင်္ဂလိပ်စကားစုတစ်ခုရှိပါတယ် Biting more than you can chew တဲ့။ ကိုယ်ဝါးနိုင်တာတဲ့ ပိုပြီးတော့ကို ကိုက်တာပေါ့။ ပလုတ်ပလောင်းဖြစ်သွားတဲ့သဘောပေါ့။ ကျွန်တော် လွန်ခဲ့တဲ့လအနည်းငယ်က လူသစ်ခန့်အပ်ရေးတာဝန်ယူပြီး အလုပ်အင်တာဗျူးတော်တော်များများလုပ်ခဲ့မှာတယ်။ အဲ့မှာ တွေ့ရတာက ခေါ်ယူတဲ့အလုပ်အကိုင်နေရာ ခေါင်းဆောင်မှုရာထူးမျိုးကို လုပ်ငန်းအတွေ့အကြုံ ၂ နှစ်အောက်လောက်ပဲ ရှိပြီး ခေါင်းဆောင်မှုအတွေ့အကြုံလုံးဝမရှိတဲ့ သူတွေက လာရောက်လျှောက်ထားတာကိုပါပဲ။ မိမိကိုယ်ကို ယုံကြည်မှုရှိတာကတော့ အသိအမှတ်ပြုဖွယ်အချက်တစ်ချက်ဖြစ်ပေမယ့်လည်း လုပ်ငန်းခွင်လိုအပ်ချက်နဲ့ မိမိကိုယ်ကို သင့်တော်မယ်လို့ယူဆမှပဲ ဒီလိုမျိုးကိုလုပ်သင့်ပါတယ်။ အဲ့လိုမှမဟုတ်ရင် မိမိကိုယ်လည်း တစ်ဖက်လူမှ အထင်သေးဖွယ်ရာဖြစ်နိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ အလုပ်အကိုင်ခန့်ထားခြင်းဆိုတာ လာရောက်လျှောက်ထားသူရဲ့ အရည်အချင်းဟာ လစ်လပ်နေတဲ့နေရာအတွက် လိုအပ်တဲ့အရည်အချင်းကို ပြည့်မှီလို့ဖြစ်စေ၊ အနီးစပ်ဆုံး ကိုက်ညီလို့ဖြစ်စေ၊ အဲ့လိုဖြစ်မှ ခန့်ထားဖို့အတွက် စဉ်းစားမှာဖြစ်လို့ပါပဲ။ တကယ်လို့ အလုပ်လျှောက်သူအနေနဲ့ အရည်အချင်းမပြည့်မှီသော်လည်း အင်တာဗျူးအတွက် ကြိုတင်ပြင်ဆင်မှုများစွာလုပ်ထားပြီး အင်တာဗျူးမှာ အောင်မြင်သွားနိုင်သော်လည်း လုပ်ငန်းခွင်ထဲရောက်ရာမှာ တော့ အချိန်ကြာကြာခံမှာမဟုတ်ပဲ မိမိရဲ့ လုပ်နိုင်စွမ်းမရှိခြင်းဟာ ခဏအတွင်းမှာပဲ ပေါ်လွင်လာစေနိုင်ပါတယ်။ အတွေ့အကြုံမရှိတာရယ်၊ လုပ်ကိုင်နိုင်စွမ်းမရှိတာရယ်ဟာ ကြာကြာဖွက်ထားလို့ရတဲ့အရာတွေမဟုတ်ပါဘူး။ ကြောင်ကြာကြာရေမငုပ်သလိုပဲ၊ မိမိရဲ့ လုပ်ကိုင်နိုင်စွမ်းမရှိခြင်းတွေဟာ အချိန်ခဏလေးအတွင်းမှာပဲ ပေါ်လွင်လာစေမှာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေကြားထဲမှာ အရှက်ရဖွယ်အနေအထားမျိုးကို ကြုံတွေ့ရနိုင် ပါတယ်။ ဒါကြောင့် အလုပ်အကိုင်ရှာဖွေရာမှာ မိမိအရည်အချင်းနဲ့ အနီးစပ်ဆုံး ကိုက်ညီမယ့် အလုပ်မျိုးကို အဓိကထားပြီး ရွေးချယ်လျှောက်ထားသင့်ပါတယ်။

၃။ အလုပ်အင်တာဗျူးမှာ မသက်ဆိုင်တဲ့အရာတွေကို ပြောကြားခြင်း

         တကယ်တော့ အလုပ်အင်တာဗျူးဆိုတာ လုပ်ငန်းခွင်ကိုမဝင်ရောက်ခင် ဖြေဆိုရတဲ့ အရေးကြီးဆုံး စာမေးပွဲတစ်ခုဖြစ်ပြီးတော့ အသေအချာပြင်ဆင်သွားဖို့လိုအပ်တဲ့ အရာလည်းဖြစ်ပါတယ်။ အဲ့လို အရေးကြီးတဲ့ အင်တာဗျူးကို ဖြေဆိုရာမှာလည်း မိမိပြောတဲ့စကားလုံး၊ စကားစုတိုင်းဟာ အင်တာဗျူးတဲ့သူကို နားလည်လွယ်စေဖို့အရေးကြီးသလို၊ သူသိချင်တဲ့အရာကို ထိထိမိမိပြန်လည်ဖြေကြားနိုင်ဖို့ဟာလည်း အရေးကြီးလှပါတယ်။ တစ်ခါကျွန်တော်ကုမ္ပဏီတစ်ခုအတွက် အင်တာဗျူးသူအနေနဲ့ ပြုလုပ်ခဲ့ပါတယ်။ အဲ့မှာ လူငယ်တစ်ယောက်လာရောက်ဖြေဆိုပြီး သူက အင်တာဗျူးနေရင်းနဲ့ "ဒီအခန်းထဲမှာ ကျွန်တော့်ကို အုပ်ချုပ်မယ့် မန်နေဂျာမပါဘူးဆိုရင်ကောင်းမယ်" ဆိုပြီး ဟာသတစ်ခုလုပ်ပါတယ်။ အဲ့ဒီအချိန်ကစပြီး သူရဲ့ နောက်ပိုင်းဖြေဆိုသမျှအဖြေအားလုံးဟာ အင်တာဗျူးတဲ့သူတွေရဲ့ ခေါင်းထဲကို မရောက်တော့ပါဘူး။ သူ့အနေနဲ့ ဟာသပြုလုပ်တာဖြစ်ပေမယ့် အခြေအနေအချိန်အခါမကိုက်ညီတဲ့အတွက် သူ့ရဲ့ ၁ဝ စက္ကန့်စာလောက် စကားလေးတစ်ခွန်းဟာ သူ့ရဲ့ အလုပ်ရရှိနိုင်ရေး အခွင့်အလမ်းတစ်ခုလုံးကို ပျက်စီးသွားပါတယ်။ ကျွန်တော်တို့တွေဟာ အင်တာဗျူးတစ်ခုကို သွားရောက်ဖြေကြားတော့မယ်ဆိုရင် အဲ့ဒီ အဖွဲ့အစည်းရဲ့ စရိုက်လက္ခဏာ၊ အဖွဲ့အစည်းရဲ့နောက်ခံအချက်အလက်၊ ဖွဲ့စည်းပုံ အစရှိသည်တို့ကို တတ်နိုင်သလောက် လေ့လာမှတ်သားသွားဖို့လိုအပ်ပါတယ်။ ဘာလို့လည်းဆိုတော့ တစ်ခါတစ်လေမှာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေကို စီကာပတ်ကုံးပြောပြတာမျိုးထက်၊ အဖွဲ့အစည်းအကြောင်းကို သေချာ ပြောပြနိုင်တဲ့အတွက် အလုပ်ရရှိဖို့ အခွင့်အလမ်းများသွားတတ်ပါတယ်။ ကိုယ့်ရဲ့အတွေ့အကြုံရယ် တတ်မြောက်ထားတာရယ်ဟာ ဘယ်သူမှာယူသွားလို့ရတဲ့အရာမဟုတ်ပါဘူး။ အဲ့လိုပဲ ကိုယ်လုပ်ကိုင်မယ့် အဖွဲ့အစည်းအကြောင်းကို သိအောင်လုပ်ထားခြင်းဟာလည်း ကောင်းမွန်တဲ့အလေ့အထဖြစ်ပြီး အင်တာဗျူးတဲ့သူတွေ ကြိုက်လေ့ရှိတဲ့အချက်လည်းဖြစ်ပါတယ်။ ဒါကြောင့် အင်တာဗျူးဖြေဆိုရာမှာ မေးခွန်းတွေကို တိတိကျကျဖြေဆိုဖို့ရယ်၊ သေချာပြင်ဆင်မှုပြုလုပ်ထားဖို့ရယ်၊ အဖွဲ့အစည်းအကြောင်း တတ်နိုင်သမျှလေ့လာထားဖို့ရယ်ဟာ အရေးကြီးပြီးတော့ မလိုအပ်ပဲ စကားအပိုပြောတာမျိုး ဟာသတွေလုပ်တာမျိုးဟာ ရှောင်ရှားသင့်တဲ့ အချက်တွေလည်းဖြစ်ပါတယ်။

၎။ ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း ဖြစ်ရတာ

         ကျွန်တော်တို့ဟာ အပေါ်က အချက်အလက်တွေအကုန်လုံးကို အကောင်းဆုံးကြိုးစားပြီး လိုက်နာတယ်၊ ဖြစ်လေ့ရှိတဲ့အမှားတွေကိုလည်း ဂရုတစိုက်နဲ့ ရှောင်ရှားခဲ့တယ်။ ဒါပေမယ့်လည်း လိုချင်တဲ့အလုပ်ကိုတော့ မရရှိတာမျိုးလည်းဖြစ်တတ်ပါတယ်။ ဘဘဦးသုခပြောသွားသလိုပါပဲ ဖြစ်ချင်တာတွေ မဖြစ်ရပြီး၊ မဖြစ်ချင်တာတွေ ဖြစ်ရတဲ့ ဘဝသံသရာပါပဲ။ အင်တာဗျူးကို အကောင်းဆုံးကြိုးစားဖြေဆိုခဲ့နိုင်ပေမယ့်လည်း တစ်ခါတစ်လေတော့ ကျွန်တော်တို့ရဲ့ လိုအပ်ချက်ကြောင့်ဖြစ်စေ၊ တခြားကိုယ့်ထက်သာတဲ့သူများကြောင့်ဖြစ်စေ၊ အလုပ်အကိုင်အခွင့်အလမ်းဟာ နီးလျက်နဲ့ဝေးနေတတ်ပါတယ်။ ဒါ့အပြင် တစ်ခါတစ်လေမှာလည်း အလုပ်မရတာဟာ ကိုယ်ညံ့လို့မဟုတ်ပဲ ကုမ္ပဏီအတွင်းမှာ ပေါ်လာတတ်တဲ့ မိုးကျရွှေကိုယ်မျိုး၊ ကုမ္ပဏီကဘော့စ်ရဲ့ အနှစ်နှစ်အလလပျောက်ဆုံးနေတဲ့ ဆွေမျိုးတွေပေါ်လာတာမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ Who you know ဆိုတဲ့ အချက်ဟာလည်း တစ်ခါတစ်လေမှာ အလုပ်အကိုင်ရှာဖွေရာမှာ သက်ရောက်လေ့ရှိပါတယ်။ ဘယ်သူနဲ့သိမှ၊ ဘယ်ဝါနဲ့ သိမှ ဆိုတာမျိုးဟာလည်း အခုချိန်ထိ တချို့လုပ်ငန်းအဖွဲ့အစည်းတွေမှာ ရှိနေဆဲပါပဲ။ ဒါပေမယ့် ကျွန်တော်တို့ဘက်က လုပ်သင့်တာကတော့ မိမိကိုယ်ကို အကောင်းဆုံးကြိုးစားပြင်ဆင်ဖို့ရယ်၊ ရရှိလာတဲ့ အတွေ့အကြုံတွေထဲမှ အမှားတွေကို ပြင်ဆင်ပြီး အကောင်းဆုံးရှေ့ဆက်ဖို့ရယ်ပါပဲ။ လိုချင်တဲ့အလုပ်ကို ရရှိတာမျိုးဖြစ်ခဲ့ရင်တော့ စိတ်မလျှော့ပဲနဲ့ အကောင်းဆုံးဆက်လက်ပြင်ဆင်မှုတွေပြုလုပ်နေသင့်ပါတယ်။ ကိုယ့်ကိုကိုယ် ပြင်ဆင်ရင်းနဲ့ မဆုတ်မနစ် ဆက်လက်ရှေ့ဆက်သွားမယ်ဆိုရင်တော့ တစ်နေ့မှာ လိုချင်တဲ့ အကောင်းဆုံး အလုပ်တစ်ခုကို မလွဲမသေရရှိလာမှာ အမှန်ပဲဖြစ်ပါတယ်။ 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Myanmar First Asia Group

Myanmar First Asia Group

The Myanmar First Asia is Group of companies focused in Marketing and Distribution of Gems & Jewellery, Lubricant, Coach and bus , Food and Beverages founded in 2008. Myanmar First Asia is striving to...
Show the postings (8)
Ve Ve Soft Drinks Factory

Ve Ve Soft Drinks Factory

..The Green Circle Co., Ltd,a food and beverage company was founded in 1997. Green Circle engages in manufacturing, marketing, Sale, and distribution. The company comprises beverages such as soft drin...
Show the postings (6)
FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
MalarMyaing Public Company Limited

MalarMyaing Public Company Limited

To become a total solution provider in Myanmar Agribusiness and ultimately uplifting the well-being of every stakeholder in the whole industry. တောင်သူလယ်သမားများ...
Show the postings (18)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS