Jobs In Myanmar
Load...

ခိုင်မာကောင်းမွန်တဲ့ လုပ်ငန်းခွင်ကျင့်ဝတ်များကို မွေးမြူထားခြင်းကြောင့် ရရှိလာနိုင်သည့်အကျိုးကျေးဇူးများ

by www.jobsinyangon.com


ချိတ်ဆွဲရန်စာတန်း: Knowledge-Strong-Workplace-Ethics-JobsInYangon



ခိုင်မာကောင်းမွန်တဲ့ လုပ်ငန်းခွင်ကျင့်ဝတ်များကို မွေးမြူထားခြင်းကြောင့် ရရှိလာနိုင်သည့်အကျိုးကျေးဇူးများ 
 

လုပ်ငန်းခွင်ကျင့်ဝတ် (တနည်းအားဖြင့်) Workplace Ethics များဆိုသည်မှာ လုပ်ငန်းအဖွဲ့အစည်းတစ်ခုအတွင်းရှိဝန်ထမ်းများမှ မိမိတို့ကိုယ်ကို ထိန်းချုပ်၍ လုပ်ငန်းအဖွဲ့အစည်းတစ်ခုအတွင်းတွင် ထားရှိသင့်သည့် စိတ်နေစိတ်ထားတစ်ခုကို ဆိုလိုတာဖြစ်ပါတယ်။ အတိုချုံးပြောရပါလျှင် လုပ်ငန်းခွင်အတွင်း အကျင့်စာရိတ္တကောင်းမွန်မှုရှိစေရန် ပြုမူလိုက်နာသင့်သည့်အချက်များကို ဆိုလိုတာဖြစ်ပါတယ်။ 

Workplace Ethics များဟာ ကုမ္ပဏီတစ်ခုရဲ့ အလုပ်လုပ်ပုံ/ လည်ပတ်ပုံကို အဆုံးအဖြတ်ပေးနိုင်ပြီး သုံးစွဲသူများနှင့် သူတို့ရဲ့ပြိုင်ဖက်ကုမ္ပဏီများမှ အဆိုပါကုမ္ပဏီအပေါ် ထားရှိလာနိုင်တဲ့ ထင်မြင်ယူဆချက်များကိုလည်း အဆုံးအဖြတ်ပေးနိုင်ပါတယ်။ Ethical ပိုင်းအရ ကောင်းမွန်တဲ့ လုပ်ငန်းတစ်ခုတွင် ကောင်းမွန်တဲ့ အကျင့်စာရိတ္တနှင့် အပြုအမူများကို အကြီးဆုံးဝန်ထမ်းများမှ အောက်ခြေဝန်ထမ်းများအထိတွင် တွေ့မြင်ရမှာဖြစ်ပြီး ကုမ္ပဏီတွင်းနှင့် ကုမ္ပဏီပြင်ပဆက်သွယ်မှုများတွင်ပါ ထိုသို့ဖြစ်နေရမှာပဲဖြစ်ပါတယ်။ Workplace Ethics များဟာ ကုမ္ပဏီတစ်ခုမှ သူတို့ကို ကုန်ကြမ်းပစ္စည်းရောင်းချပေးနေတဲ့ supplier များ၊ သူတို့ရဲ့ customer များ၊ အခြားသောသူများနှင့် ပြောဆိုဆက်ဆံရာတွင်၊ ကုမ္ပဏီတွင်းဝန်ထမ်းများရဲ့ အလုပ်လုပ်ကိုင်ပုံများတွင်နှင့် ကုမ္ပဏီတွင်းနှင့် ကုမ္ပဏီပြင်ပဆက်ဆံရေးများတွင် ကောင်းမွန်စွာ ပြောဆိုဆက်သွယ်၍ ကောင်းမွန်စွာလုပ်ကိုင်မှု ရှိ/ မရှိကို အဆုံးအဖြတ်ပေးနေတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ 


Workplace Ethics ဆိုသည်မှာ အဘယ်နည်း? 

Workplace Ethics ဆိုသည်မှာ လုပ်ငန်းတစ်ခုတွင် ထားရှိသင့်သည့် ကောင်းမွန်တဲ့ကျင့်ဝတ်များဖြစ်ပြီး လုပ်ငန်းများနဲ့ ကုမ္ပဏီများရဲ့လုပ်ဆောင်ချက်များတွင် ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ပြုလုပ်နိုင်သောအရာများနှင့် မပြုလုပ်သင့်သောအရာများကို ခွဲခြားသတ်မှတ်ပေးလျှက်ရှိနေသော စည်းမျဉ်းတစ်ခုလည်းဖြစ်ပါတယ်။ ဒီအသုံးအနှုန်းဟာ လုပ်ငန်းများမှ ထုတ်လုပ်ရောင်းချလျှက်ရှိနေတဲ့ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများရဲ့ ကုန်ထုတ်လုပ်မှု၊ ဖြန့်ဖြူးရောင်းချမှု၊ အရောင်းမြှင့်တင်မှု၊ ရောင်းချမှုနှင့် သုံးစွဲမှု အစရှိတဲ့အဆင့်တိုင်းတွင် ပေါ်ပေါက်လာလေ့ရှိတဲ့ ပြဿနာရပ်တိုင်းနဲ့ သက်ဆိုင်မှုရှိနေပါတယ်။ 

အဓိကကျတဲ့အချက်ကတော့ . . . workplace ethic များဆိုသည်မှာ အကျင့်စာရိတ္တနှင့် သက်ဆိုင်တဲ့ အတွေးအခေါ်တစ်ခုဖြစ်ပြီး ထိုအရာက လူတစ်ဦး (သို့) ကုမ္ပဏီတစ်ခုရဲ့ အကျင့်စာရိတ္တဟာ သူတို့ပြုလုပ်လိုက်တဲ့ ဆုံးဖြတ်ချက်များနဲ့ ဖော်ပြလျှက်ရှိနေတဲ့ လုပ်ဆောင်ချက်များမှ သက်ရောက်မှုရှိလာနိုင်တဲ့ အကျိုးဆက်များကို အဆုံးအဖြတ်ပေးသွားမယ့်အရာတစ်ခုဖြစ်တဲ့အတွက် ဥပဒေနှင့် ကျင့်ဝတ်တို့အကြားတွင် ကွဲကွဲပြားပြား နားလည်မှုရှိထားဖို့ဟာ အရေးကြီးလှပါတယ်။ တစ်ချို့သော အပြုအမူများဟာ တရားဥပဒေနည်းလမ်းအရ တရားဝင်သော်လည်း ကျင့်ဝတ်ပိုင်းဆိုင်ရာနှင့် ပြန်လည်စဉ်းစားကြည့်ပါက ပြုလုပ်ဖို့မသင့်တဲ့အရာများ ဖြစ်နေတတ်ပါတယ်။ 


လုပ်ငန်းခွင်ကျင့်ဝတ်များရဲ့ အရေးပါပုံ . . . 

လုပ်ငန်းခွင်တစ်ခုအတွင်းရှိ ကျင့်ဝတ်ပိုင်းဆိုင်ရာ ချို့ယွင်းအားနည်းမှုများဟာ တဖြည်းဖြည်းနဲ့ တိုးပွားလာနိုင်ပါတယ်။ ဝန်ထမ်းများဟာ အခြားသောဝန်ထမ်းများမှ စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်လျှက်ရှိနေသော်လည်း အရေးယူခြင်းခံရမှု တစ်စုံတစ်ရာမရှိတာကို သိရှိသွားခဲ့ပါက သူတို့အနေနဲ့ ထိုကဲ့သို့ပြုလုပ်ခဲ့ပါကလည်း အရေးယူခြင်းခံရမှာမဟုတ်ဘူးဟူ၍ ထင်မြင်သွားနိုင်ပါတယ်။ သင့်တော်တဲ့ အရေးယူဆောင်ရွက်ခြင်းများ မရှိတဲ့အခါမှာ ဒီအပြုအမူတစ်ခုကို ပြုလုပ်ခြင်းဟာ အရေးယူခံရမှာမဟုတ်ဘူး၊ နောက်ပြီး ဒီအပြုအမူဟာ လက်ခံ၍ရနိုင်တဲ့အပြုအမူဖြစ်တယ်ဆိုတဲ့ message ကို ပေးလိုက်တာပဲဖြစ်ပါတယ်။ 

မကောင်းတဲ့အမူအကျင့်များကို ခွင့်ပြုထားတဲ့ ကုမ္ပဏီတစ်ခုတွင် ပိုမိုမြင့်မားတဲ့ အလုပ်မှထွက်ခွာမှု (turnover) နှုန်းများရှိလာမှာဖြစ်သလို၊ လုပ်ငန်းစွမ်းဆောင်ရည်များလည်း ကျဆင်းလာမှာဖြစ်ပြီး အဆုံးသတ်တွင် ကုမ္ပဏီရဲ့ ဂုဏ်သတင်းနဲ့ အမြတ်အစွန်းရရှိမှုများအပေါ်တွင်ပါ အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေနိုင်ပါတယ်။ 

ယျေဘူယျအားဖြင့် “ဝန်ထမ်းများအနေနဲ့ လုပ်ငန်းခွင်တစ်ခုအတွင်း အလုပ်လုပ်ကိုင်ကြရာတွင်ထားရှိသင့်သည့် ကျင့်ဝတ်များ” နှင့် “စီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ လုပ်ငန်းခွင်အတွင်းနှင့် လုပ်ငန်းခွင်ပြင်ပရှိ ကိစ္စရပ်များကို ကိုင်တွယ်ရာတွင် ထားရှိသင့်သည့်ကျင့်ဝတ်များ” ဟူ၍ Workplace Ethics များကို အမျိုးအစား (၂) မျိုး ခွဲခြားထားနိုင်ပါတယ်။ အဆိုပါ အမျိုးအစား (၂) ခုစလုံးဟာ ဝန်ထမ်းများရဲ့ စိတ်အားထက်သန်မှု၊ လုပ်ငန်းစွမ်းဆောင်ရည်၊ အလုပ်အပေါ်သစ္စာရှိမှု၊ အလုပ်မှထွက်ခွာမှုနှုန်းများနှင့် အလုပ်နှင့်သက်ဆိုင်တဲ့ ကျင့်ဝတ်များအပေါ်  ကြီးစွာသောအကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်လာစေနိုင်တဲ့အရာများဖြစ်ကြပါတယ်။ 

ဒါကြောင့် စီမံခန့်ခွဲမှုပြုလုပ်နေတဲ့သူများအနေနဲ့ ဝန်ထမ်းများရဲ့ လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်များ ပိုမိုကောင်းမွန်မှုရှိလာစေရန်အတွက် - လုပ်စရာရှိတဲ့အလုပ်ကိစ္စများကို ထိရောက်လျှင်မြန်စွာဆောင်ရွက်နိုင်စေမည့် နည်းစနစ်များနှင့် အမူအကျင့်ကောင်းများကို အားပေးခြင်း၊ လုပ်ငန်းခွင်အတွင်း တက်ကြွစွာပြောဆိုဆက်ဆံမှုများကို အားပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပြီး ဝန်ထမ်းတစ်ဦးချင်းစီတိုင်းရဲ့ ကောင်းမွန်တဲ့အမူအကျင့်များကို ချီးမွမ်းမြှောက်စားခြင်းနှင့် ဆုပေးခြင်းတို့ကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ကောင်းမွန်တဲ့လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်များကို လုပ်ငန်းတစ်ခုရဲ့ အဆင့်တိုင်းတွင် တွေ့မြင်လာရမှာဖြစ်တဲ့အပြင် ကုမ္ပဏီအပေါ် အခြားသူများရဲ့ထင်မြင်ယူဆချက်များကိုလည်း ပိုမို၍ တိုးတက်ကောင်းမွန်မှုရှိလာစေမှာဖြစ်ပါတယ်။  


ကောင်းမွန်တဲ့ Work Ethic ရှိတဲ့ ဝန်ထမ်းများထံတွင် ရှိနေသင့်တဲ့ အချက် (၈) ချက်ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ် - 

(၁) အချိန်တိကျမှု - လုပ်ငန်းပရောဂျက်များကို အချိန်မှီပြီးမြောက်အောင်ဆောင်ရွက်နိုင်ခြင်း၊ ရုံးတက်ချိန်မှန်ခြင်း၊ အနားယူခွင့်ပေးထားချိန်အတွင်းတွင်သာအနားယူခြင်း၊ အလုပ်လုပ်ရာတွင် တွေ့ကြုံလာရတဲ့ အခက်အခဲများကို ကြီးကြပ်သူများထံသို့ အချိန်မှီတင်ပြလေ့ရှိခြင်း အစရှိသည်တို့ဟာ အချိန်နှင့် ပတ်သက်၍ လုပ်ငန်းခွင်တစ်ခုအတွင်းတွင် တန်ဖိုးထားလိုက်နာသင့်တဲ့ ကျင့်ဝတ်များပဲဖြစ်ပါတယ်။ 

(၂) တာဝန်ယူမှု/ တာဝန်ခံမှုရှိခြင်း - လုပ်ငန်းရှင်များရော ဝန်ထမ်းများကပါ သူတို့ရဲ့လုပ်ဆောင်ချက်များအတွက် တာဝန်ယူမှု/ တာဝန်ခံမှုရှိပြီး မိမိတို့လုပ်ဆောင်နေတဲ့ လုပ်ငန်းပရောဂျက်များနဲ့ ပတ်သက်၍ ဖြစ်ပေါ်လာသော ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းခြင်းနှင့် လိုအပ်လာပါက အမှားအယွင်းဖြစ်ပေါ်မှုများအတွက် တာဝန်ခံခြင်းဟာလည်း တန်ဖိုးထားလိုက်နာသင့်တဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာ အချက်တစ်ခုပဲဖြစ်ပါတယ်။ 

(၃) အာရုံစူးစိုက်မှုရှိခြင်း - လုပ်စရာရှိတဲ့ လုပ်ငန်းတစ်ခုကို ထိရောက်လျှင်မြန်စွာ ပြီးမြောက်အောင်ဆောင်ရွက်နိုင်ရန်အတွက် ဝန်ထမ်းများအနေနဲ့ စိတ်အာရုံစူးစိုက်မှုရှိနေရမှာဖြစ်ပြီး စကားစမြည်ပြောဆိုခြင်းများ၊ Social Media များနှင့် အခြားသော နည်းပညာပစ္စည်းများကို အလုပ်ချိန်အတွင်း အသုံးပြုနေခြင်းကိုရှောင်ရှားခြင်းဟာလည်း ထားရှိသင့်တဲ့ ကျင့်ဝတ်တစ်ခုပဲဖြစ်ပါတယ်။ 

(၄) ခိုင်းစေစရာမလိုပဲ မိမိဘက်မှ စတင်လုပ်ဆောင်တတ်ခြင်း - ကုမ္ပဏီအတွက် အကျိုးရှိစေမယ့်အရာတစ်ခုကို ဝန်ထမ်းများဖက်မှ ခိုင်းစေခြင်းမခံရပဲ ပြုလုပ်ပေးတတ်ခြင်းကို ဆိုလိုတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့ဝန်ထမ်းများဟာ ပုံမှန်လုပ်စရာရှိတဲ့ကိစ္စများကို ပြီးမြောက်အောင်ဆောင်ရွက်လေ့ရှိရုံမျှနှင့် ရောင့်ရဲလေ့မရှိကြပဲ လုပ်ငန်းအတွက် ပိုမို၍တိုးတက်မှုများရှိလာစေနိုင်မယ့်ကိစ္စများကိုလုပ်ဆောင်ပေးလေ့ ရှိတတ်ကြပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သင့်ကိုစီမံခန့်ခွဲလျှက်ရှိတဲ့ အထက်လူကြီးများမှလည်း သင့်ကို လုပ်ငန်းအောင်မြင်မှုကို လိုလားတဲ့သူတစ်ဦးအဖြစ် မှတ်ယူသွားကြမှာဖြစ်ပါတယ်။ 

(၅) လုပ်ငန်းစွမ်းဆောင်ရည် - လုပ်ငန်းစွမ်းဆောင်ရည်များဆိုသည်မှာ ဝန်ထမ်းများရဲ့ စိတ်အာရုံစူးစိုက်မှုကို ပျက်ပြားစေနိုင်သောအရာများနှင့် လုပ်ငန်းခွင်နဲ့ သက်ဆိုင်မှုမရှိတဲ့ အခြားအရာများကို လျစ်လျူရှုထားနိုင်စွမ်းနဲ့ သူတို့ရဲ့အလုပ်များကို လုပ်ဆောင်နိုင်ဖို့အတွက် ရင်ဆိုင်ဖြေရှင်းရမယ့်အခက်အခဲများကို ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းတို့ကို ဆိုလိုတာပဲဖြစ်ပါတယ်။ 

(၆) Professional ဆန်မှု - လုပ်ငန်းခွင်အတွင်းရှိ လုပ်ထုံးလုပ်နည်း အစဉ်အလာကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်း၊ အလုပ်ကို အလေးအနက်ထား၍ သေသေချာချာလုပ်ကိုင်ခြင်း၊ အခြားလုပ်ဖော်ကိုင်ဖက်များကို လေးလေးစားစားဆက်ဆံခြင်းနှင့် သင့်လျော်စွာဝတ်စားဆင်ယင်မှုရှိခြင်းတို့ဟာ Professional ဆန်တဲ့သူများတွင် ရှိနေတဲ့ လက္ခဏာရပ်များထဲမှ အချို့ပဲဖြစ်ပါတယ်။ 

(၇) အလုပ်ကြိုးစားမှုရှိခြင်း - နေ့စဉ်လုပ်ဆောင်စရာရှိနေတဲ့ လုပ်ငန်းကိစ္စရပ်များကို ပြီးမြောက်အောင်ဆောင်ရွက်ခြင်း၊ စိတ်အာရုံစူးစိုက်မှုရှိပြီး ကောင်းမွန်တဲ့လုပ်ငန်းစွမ်းဆောင်ရည်ကို ပုံမှန်ထိန်းသိမ်းထားနိုင်ခြင်းတို့ဟာ အလုပ်ကြိုးစားမှုရှိတဲ့ လက္ခဏာရပ်များဖြစ်ကြပါတယ်။ 

(၈) တိုးတက်ကောင်းမွန်မှုရှိစေရန် ကြိုးစားလိုခြင်း - သူတို့ရဲ့ သက်မွေးမှုလမ်းကြောင်းတွင် ပိုမို၍တိုးတက်မှုကို လိုလားသောဝန်ထမ်းများထံတွင် ဝေဖန်အကြံပြုချက်များကို လက်ခံပြီး အမြဲတမ်း သင်ယူလေ့လာလိုစိတ် ရှိနေမှာကို တွေ့ရှိနိုင်ပါတယ်။ 
 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


FORUM8 YANGON Co.,Ltd.

FORUM8 YANGON Co.,Ltd.

Sales/Office work, Engineering workFORUM8 exerts its force primarily on the development/marketing of software that support civil engineering design, analysis, architectural design, etc. and lately the...
Show the postings (1)
Sumitomo Mitsui Construction Co,.Ltd.

Sumitomo Mitsui Construction Co,.Ltd.

..To respond to widespread expectations toward the collective abilities of its merging partners to enhance social and living infrastructures, Sumitomo Mitsui Construction Co.,Ltd. (SMC) was born on Ap...
Show the postings (6)
The Experts English Language Center

The Experts English Language Center

-Offering low-price, high quality language education -Ensuring the international standard Teaching Methods -Unlocking the students' potentials and opportunities - Promising the difference We off...
Show the postings (2)
Young Investment Group

Young Investment Group

.WE ARE WELL ESTABLISH AND WORKING TOGETHER WITH MANY DIFFERENT NATIONALS THAT WILL LET YOU FEEL AS YOUR HOMEOUR COMPANY IS A LEADING INTERNATIONAL PRIVATE COMPANY IN MYANMAR. DOING 9 BIG SECTORS OF B...
Show the postings (65)

Spa

အမျိုးအစား

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

ကျွန်ုပ်တို့သည် ဘယ်သူလဲ၊

Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။

ကျွန်ုပ်တို့နှင့် အမြဲဆက်သွယ်ပါ။

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS