ချိတ်ဆွဲရန်စာတန်း: News-Vodafone-Google-Partnership-JobsInYangon
ဒေတာဝန်ဆောင်မှုများကို အကျိုးတူဖန်တီးပြုလုပ်သွားရန် Vodafone နှင့် Google တို့ လက်တွဲခဲ့ကြောင်း ကြေငြာ
Mobile operator တစ်ဦးဖြစ်တဲ့ Vodafone Group Plc နှင့် Alphabet Inc ရဲ့ Google Cloud တို့ဟာ လုပ်ငန်းသဘောအရ ပူးပေါင်းလုပ်ဆောင်မှုများကို ပြုလုပ်၍ ဒေတာဝန်ဆောင်မှုများကို အကျိုးတူဖန်တီးသွားရန် စီစဉ်လျှက်ရှိကြောင်း Vodafone မှ မေလ ၂ ရက်နေ့တွင် ကြေငြာခဲ့ကြောင်း Reuters မှ သတင်းတစ်ပုဒ်အရ သိရှိရပါတယ်။
ဗြိတိန်၊ စပိန်နှင့် အမေရိက နိုင်ငံများမှ ဝန်ထမ်း ၁၀၀၀ ခန့်စီအား “Nucleus” တစ်ခုတည်ဆောက်နိုင်ရန်အတွက် ကုမ္ပဏီ ၂ ခုစလုံးမှ မေးခွန်းများမေးမြန်းသွားမှာဖြစ်ပါတယ်။ Nucleus ဆိုသည်မှာ Vodafone ရဲ့ Data များကို host ပြုလုပ်ပေးသွားမယ့် Cloud အခြေခံ storage နဲ့ analytics portal အသစ်တစ်ခုဖြစ်ပါတယ်။ အဆိုပါ Nucleus ဟာ Cloud အတွင်းတွင် ဒေတာပေါင်း 50 terabytes ခန့်ကို တစ်နေ့အတွင်း process ပြုလုပ်ပေးနိုင်စွမ်းရှိကြောင်းကို Vodafone မှ ပြောကြားသွားခဲ့ပါတယ်။
“ကုမ္ပဏီ ၂ ခုစလုံးအနေနဲ့ စိတ်ချယုံကြည်ရပြီး လုံခြုံမှုရှိတဲ့ data analytics, insights များနဲ့ လေ့လာတွေ့ရှိမှုများကို အသုံးပြု၍ အနာဂါတ်တွင်ထွက်ရှိလာမည့် digital ထုတ်ကုန်အသစ်များနဲ့ ဝန်ဆောင်မှုများကို ကမ္ဘာတစ်လွှားရှိ Vodafone ကိုဝယ်ယူအသုံးပြုနေတဲ့ customer များအား ကောင်းမွန်စွာရှင်းပြပေးနိုင်စေဖို့ အထောက်အကူဖြစ်စေရန် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” ဟူ၍လည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။
အဆိုပါ ၆ နှစ်တာ သဘောတူညီချက်ရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ကုမ္ပဏီ ၂ ခုစလုံးဟာ “Dynamo” ဟု ခေါ်တွင်မည့် စနစ်တစ်ခုကိုလည်း အတူတကွဖန်တီးပြုလုပ်သွားမှာဖြစ်ပြီး ထိုအရာက မတူညီတဲ့နိုင်ငံများရှိ Vodafone ရဲ့ ရုံးခွဲများမှ ဒေတာအချက်အလက်များကို ထုတ်နုတ်ရယူခြင်းနှင့် ပြန်လည်ပေးပို့မှုများကို ပြုလုပ်နိုင်စေမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် ဗဟုသုတတိုးစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။