ချိတ်ဆွဲရန်စာတန်း: News-Volkswagen-Engine-Electric-Cars-JobsInYangon
Volkswagen မှ ၂၀၃၅ ခုနှစ်မှစတင်၍ Combustion Engine ကားများကို ဥရောပတွင် ထုတ်လုပ်မှုရပ်ဆိုင်းရန် ကြေငြာချက်ထုတ်ပြန်
နာမည်ကျော် ဂျာမန်ကားထုတ်လုပ်မှုကုမ္ပဏီတစ်ခုဖြစ်တဲ့ Volkswagen ဟာ ဥရောပတွင် ၂၀၃၅ ခုနှစ်မှ စတင်၍ သမားရိုးကျ combustion engine ကားများကို ထုတ်လုပ်မှုရပ်ဆိုင်းသွားမှာဖြစ်ပြီး ထို့နောက်တွင် အမေရိကနှင့် တရုတ်နိုင်ငံများတွင်လည်း ထုတ်လုပ်မှုများကို ရပ်ဆိုင်းသွားဖို့ရှိနေကြောင်း ကြေငြာချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။
“ဥရောပတွင် Combustion Engine ဖြင့် တည်ဆောက်ထားသည့် ယာဉ်များအားထုတ်လုပ်မှုကို ၂၀၃၃ ခုနှစ်နှင့် ၂၀၃၅ ခုနှစ်အတွင်း ရပ်တန့်သွားမှာဖြစ်ပြီး ထို့နောက်တွင် အမေရိကနှင့် တရုတ်နိုင်ငံများတွင်လည်း နှစ်အနည်းငယ်အတွင်း ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်” ဟူ၍ Volskwagen အရောင်းဌာနရဲ့ ဘုတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Klaus Zellmer မှ Muencher Merkur သတင်းစာတိုက်သို့ ပြောကြားခဲ့ပါတယ်။
Volkswagen ကုမ္ပဏီမှ ထုတ်လုပ်မည့် ယာဉ်များဟာ နောက်အကျဆုံးအနေနဲ့ ၂၀၅၀ ခုနှစ်တွင် CO2 ထုတ်လွှင့်မှု လုံးဝမရှိတော့စေရန်အတွက်ကိုလည်း ရည်မှန်းထားကြောင်းကို Zellmer က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။