Tags: News-Volv-NorthVolt-Battery-JobsInYangon
ဆွီဒင်နိုင်ငံရှိ ဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းမှုများပြုလုပ်သွားမည့် အစီအစဉ်ကို Volvo မှ ကြေငြာ
တရုတ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Geely Holding မှ ပိုင်ဆိုင်ထားသော Volvo Car ကုမ္ပဏီဟာ ဆွီဒင်နိုင်ငံရှိ ကားဘက်ထရီထုတ်လုပ်ရေးကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းမှုများကိုပြုလုပ်၍ Volvo မှ ထုတ်လုပ်သွားမည့် လျှပ်စစ်ကားများအတွက် sustainable battery များကို တီထွင်ထုတ်လုပ်ရန်နှင့် ဘက်ထရီများထုတ်လုပ်ရေးအတွက် Gigafactory တစ်ခုကို တည်ဆောက်သွားမည်ဖြစ်ကြောင်း ဇွန်လ ၂၁ရက်နေ့၊ ၂၀၂၁ ခုနှစ်တွင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။
ကုမ္ပဏီ ၂ ခုစလုံးအနေနဲ့ ဆွီဒင်နိုင်ငံရှိ research & development center တွင် လုပ်ငန်းလုပ်ဆောင်ချက်များကို ၂၀၂၂ ခုနှစ်မှစတင်၍ပြုလုပ်သွားမှာဖြစ်ပြီး တစ်နာရီလျှင် 50 gigawatt အထိထုတ်လွှင့်ပေးနိုင်စွမ်းရှိမည့် Gigafactory တစ်ခုကို ၂၀၂၆ ခုနှစ်တွင် တည်ဆောက်နိုင်ရန်အတွက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း သိရှိရပါတယ်။
Volvo Car Group ရဲ့ CEO ဖြစ်သူ Hakan Samuelsson ကတော့ “Northvolt နှင့် အတူလက်တွဲလုပ်ကိုင်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင်ထုတ်လုပ်ရေးစွမ်းဆောင်ရည်များကို ပိုမို၍အားကောင်းလာစေမှာဖြစ်ပါတယ်” ဟူ၍ပြောဆိုခဲ့ပါတယ်။ Northvolt ဟာ Volvo ကားကုမ္ပဏီရဲ့ ဥရောပတစ်ခွင်အတွင်း ကားဘက်ထရီထုတ်လုပ်ရေးအတွက် တစ်ဦးတည်းမူပိုင် စီးပွားရေးလက်တွဲဖော်ဖြစ်လာမှာဖြစ်ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.