by www.jobsinyangon.com
Tags: Knowledge-ProblemSolving-Career-HR-JobsinYangon
ပြဿနာဖြေရှင်းမှုစွမ်းရည်များကိုရရှိစေရန်နည်းလမ်းများ
ပြဿနာဖြေရှင်းမှုစွမ်းရည်
အချို့သောသူတို့ဟာ ပိုမိုကောင်းမွန်သော ပြဿနာဖြေရှင်းမှုဆိုင်ရာစွမ်းရည် (Problem Solving Skills) များနှင့် မွေးဖွားလာကြသည်ဟု ထင်မြင်ရသော်လည်း မည်သူမဆို ထိုသို့ပြဿနာဖြေရှင်းမှုဆိုင်ရာစွမ်းရည်များ ပိုမို၍ ကောင်းမွန်လာစေရန်အတွက် လူတိုင်းမှပြုလုပ်နိုင်မည့်နည်းဗျူဟာများရှိနေပါသည်။
ဟုတ်ပါတယ်၊ ထိုနေရာတွင် သင့်ရဲ့စွမ်းဆောင်ရည်များကို သိသိသာသာမြှင့်တင်နိုင်ဖို့ဟာ ဖြစ်နိုင်ပါတယ်။ နောက် ပြီး အကောင်းဆုံးအချက်ကတော့ အဆိုပါ Activity အများစုမှာ အတော်ပျော်ရွှင်ဖွယ်ကောင်းလှပါတယ်။
မတူကွဲပြားသော ပြဿနာဖြေရှင်းမှုစွမ်းဆောင်ရည်အမျိုးအစားများမှာဘယ်အရာတွေလဲ?
ပျော်ရွှင်ဖွယ် Activity များထံသို့ မသွားရောက်မှီတွင် ပြဿနာဖြေရှင်းမှုစွမ်းဆောင်ရည်များနှင့် မည်သည့်နည်း စနစ်များက သင့်အားအစဉ်တစိုက်အကူအညီပြုပေးနိုင်သည်ဆိုသည့်အပေါ် ကျွန်ုပ်တို့၏နားလည်မှုကို ပိုမိုခိုင်မာ စေရန်အတွက် လုပ်ဆောင်ကြရအောင်။
• ပြဿနာများကိုဖြစ်စေသည့်အကြောင်းအရာကို သိနားလည်မှုရှိပါ။
• ကာလတိုအခက်အခဲများကို ကျော်လွှားပါ
• ကြာရှည်ပြဿနာဖြစ်နိုင်မည့်အရာများကိုဖြေရှင်းရန် နည်းဗျူဟာများပြုလုပ်ရေးဆွဲပါ။
• ပြဿနာများကို အခွင့်အလမ်းများအဖြစ်ပြောင်းလဲပစ်ပါ။
ထိုသို့ပြုလုပ်ခြင်းဖြင့် သင့်ရဲ့လုပ်ငန်းနယ်ပယ်နှင့်သက်ဆိုင်သည့်အသိပညာများတိုးတက်လာသည်နှင့်အမျှ သင့်ရဲ့ လုပ်ငန်းတာဝန်တစ်ခုအတွင်းရှိ ပြဿနာများကို ပိုမိုကောင်းမွန်စွာဖြေရှင်းလာနိုင်ပါလိမ့်မည်။
• ပြဿနာများကိုဖော်ထုတ်ခြင်း - ပြဿနာများကို လေ့လာသုတေသနပြုလုပ်ခြင်းအားဖြင့် လေးနက်စွာ သိရှိ နားလည်ခြင်းက ပိုမိုကောင်းမွန်သောဖြေရှင်းချက်များကိုရရှိစေပါလိမ့်မည်။ လေ့လာသုတေသန ပြုလုပ်ခြင်း တွင်- လူတွေ့မေးမြန်းမှုပြုလုပ်ခြင်း၊ စာအုပ်များနှင့် e-mail များဖတ်ရှုခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာမှုပြုလုပ်ခြင်း၊ သင့်အဖွဲ့အစည်းရဲ့ သီးသန့်ကွန်ယက် (intranet) တွင်ရှာဖွေမှု ပြုခြင်းနှင့် သင့်ရဲ့တွေ့ရှိချက်များကို စနစ်တကျစီစဉ်မှုပြုလုပ်ခြင်းတို့ပါဝင်နိုင်ပါသည်။
• အဖွဲ့လိုက် စုစည်းဆွေးနွေးမှုများပြုလုပ်ခြင်း (Brainstorming) - များစွာသော ဖြေရှင်းနည်းအသစ်များကို ပြုလုပ်ခြင်း။ အဖွဲ့လိုက်စုစည်းဆွေးနွေးမှုများပြုလုပ်ရာတွင် လူအားလုံးမှ သူတို့၏ထင်မြင်ယူဆချက်များကို ပြောကြားခွင့်ပြုပါ။ ဝေဖန်အပြစ်တင်မှုပြုလုပ်ခြင်းကို ရှောင်ကြဉ်ပြီး ပါဝင်အကြံပြုပေးမှုတိုင်းကိုတန်ဖိုးထား ပါ။ ထို့နောက် ဆင်တူသောအခြေအနေခေါင်းစဉ်များအောက်တွင် ပြဿနာဖြေရှင်းနည်းများကို အစုအဖွဲ့များ စီစဉ်ပြုလုပ်ထားပါ။
• ခွဲခြမ်းစိတ်ဖြာမှုပြုခြင်း - ဖြစ်နိုင်ခြေရှိသောပြဿနာဖြေရှင်းမှုတစ်ခုစီတိုင်းအပေါ်အကဲဖြတ်ရန် စည်းစနစ်ကျ သော အတွးအခေါ်ဖြစ်စဉ်များကိုအသုံးပြုခြင်း။ ထိုအရာတို့ရဲ့ကုန်ကျစားရိတ်များနဲ့ အကျိုးကျေးဇူးများကို စာရင်းပြုစုရခြင်းတို့အပြင် သင်သည် ၎င်းတို့အပေါ် ထုတ်နှုတ်ဆင်ခြင်မှုပြုခြင်း၊ နည်းဗျူဟာများကိုခွဲခြမ်း စိတ်ဖြာမှုပြုလုပ်ခြင်း (game theory) နှင့် မှားယွင်းသောအယူအဆများအပါအဝင်၊ ယုတ္တိရှိရှိစဉ်းစားတွေး ခေါ်မှုဆိုင်ရာစည်းမျဉ်းစည်းကမ်းများ (the rules of logic) တို့ကို ထည့်သွင်းအသုံးပြုရမည်ဖြစ်ပါသည်။
• စွန့်စားရမှုများကို စီမံခန့်ခွဲခြင်း (Managing Risk) - အဓိကကျသော ဖြေရှင်းမှုသော့ချက် (Key Solutions) များ၏ အားနည်းချက်များကို ကြိုတင်တွက်ဆခြင်းနှင့် ထိုအရာများမဖြစ်လာအောင်ရှောင်ရှားခြင်း။ သင့်ရဲ့ အဖွဲ့သားများသည် ဖြစ်နိုင်ဖွယ်ရှိသော စွန့်စားရမှုများကိုစာရင်းပြုစုဖော်ပြခြင်း၊ ထိုအရာတစ်ခုခြင်းစီက မည်မျှဖြစ်နိုင်ခြေရှိသည်ကိုခန့်မှန်းခြင်း၊ ထိုအရာတစ်ခုခြင်းစီဖြစ်ပေါ်လာနိုင်မည့် သို့မဟုတ် ပြဿနာတစ်ခု ဖြစ်လာတော့မည်မဟုတ်သည့်နေ့ရက်တို့ကိုခန့်မှန်းခြင်းတို့နှင့် ထိုစွန့်စားရမှုများကိုလျှော့ချမှုပြုလုပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေထုတ်ဖော်ပေးနိုင်ပါသည်။
• ဆုံးဖြတ်ချက်ချမှတ်ခြင်း - ဖြေရှင်းချက်တစ်ခုကိုဆုံးဖြတ်နိုင်ခြင်းနှင့် ထိုအရာနှင့်ရှေ့ဆက်မှုပြုနိုင်သည့် စွမ်းရည်။ သင့်တော်သောအချိန်ပမာဏတစ်ခုအပြီးတွင် ဖြစ်နိုင်ဖွယ်ရှိသောဖြေရှင်းမှုများကိုခွဲခြမ်းစိတ်ဖြာမှု ပြုခြင်းနှင့် အဖွဲ့သားများထံမှ အကြံပြုချက်များကိုရယူပြီးနောက် သတ်မှတ်ထားသည့် ဆုံးဖြတ်ချက်ချမှတ် မည့်သူမှ ဖြေရှင်းချက်တစ်ခုကိုရွေးချယ်ကာ အကောင်အထည်ဖော်ရမည်ဖြစ်ပါသည်။
• စိတ်ခံစားမှုများကို စီမံခန့်ခွဲခြင်း - စိတ်ခံစားမှုဆိုင်ရာအသိဉာဏ် (emotional intelligence) ကိုထည့်သွင်း အသုံးချပြီး သင်နှင့် သင့်အဖွဲ့သားများ၏ ရှင်းလင်းစွာတွေးခေါ်တတ်စေမှုစွမ်းရည်ကိုတိုးတက်လာစေရန် အတွက်ပြုလုပ်ခြင်း။ ထိုအရာသည် သင့်ထံတွင်နှင့် အခြားသောသူများထံတွင်ရှိနေသောစိတ်ခံစားမှုများကို သင့်အနေနဲ့သတိပြုမှုရှိစေဖို့လိုအပ်ပြီး ခံစားချက်များကိုထိန်းချုပ်ကာ စိတ်ခံစားမှုများကို အသုံးဝင်သော လုပ်ဆောင်ချက်အဖြစ်ပြောင်းလဲပေးနိုင်ရန်အတွက်ဖြစ်ပါသည်။
ဒီ Article လေးဟာ စာဖတ်သူပရိတ်သတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
TOP EMPLOYERS
SUPER SEVEN STARS CO., LTD
We aspire to be the most successful retailer of automobiles by providing the best customer experience in every market we operate.By 2015, Super Seven Stars Co., Ltd is representing Kia, Peugeot, Ssang...
Show the postings (71)
Anawmar Art Group Co., Ltd.
Phee Int'l Shipping Myanmar Ltd
MISSION:
To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs.
VISION:
To be the P...
Show the postings (8)
Sweety Home
...Sweety Home Industry Co.Ltd established in Mandalay since 1995 is the professional manufacturing and distributing company of spring mattress, polyurethane foam, bedding accessories and modern pr...
Show the postings (31)