Tags: News-Waymo-AutonomousTrucks-Texas-JobsInYangon
Waymo မှ ၎င်းတို့ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်သော Truck ကားများကို Texas ပြည်နယ်တွင် စတင်စမ်းသပ်မှုများပြုလုပ်သွားရန်ရှိ
Waymo မှ ၎င်းတို့ရဲ့ အလိုအလျှောက်မောင်းနှင်နိုင်သည့် truck ကားများကို Texas ပြည်နယ်တွင် စမ်းသပ်ရန်အတွက် CH Robinson လို့အမည်ရတဲ့ fortune 500 ကုမ္ပဏီစာရင်းဝင် global logistics provider ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းမှုများကို ပြုလုပ်သွားမှာဖြစ်ကြောင်း ကြေငြာမှုတစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
အဆိုပါအကျိုးတူပူးပေါင်းမှုရဲ့ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ Waymo နှင့် CH Robinson တို့ဟာ Dallas-Fort Worth နှင့် Houston ပြည်နယ်အကြားရှိ မိုင် ၂၄၀ အကွာအဝေးအတွင်း Waymo ရဲ့အလိုအလျှောက်မောင်းနှင်နိုင်သည့် Truck ကားများမှ delivery များပြုလုပ်ခြင်းကို စောင့်ကြည့်သွားမှာဖြစ်တယ်လို့သိရှိရပါတယ်။
Waymo Via ရဲ့ head of commercializing of trucking အဖြစ်တာဝန်ထမ်းဆောင်လျှက်ရှိသူ Charlie Jatt ကတော့ “ဒီအကျိုးတူပူးပေါင်းမှုဟာ CH Robinson ရဲ့ logistics ပိုင်းဆိုင်ရာကျွမ်းကျင်မှုများနှင့် ဒေတာအချက်အလက်များကို Waymo Via ရဲ့ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုဖြင့် ပေါင်းစပ်၍ logistics industry အတွင်းရှိ လိုအပ်ချက်များကို ဖြေရှင်းနိုင်ရန် ကြံဆောင်ကာ အကျိုးဖြစ်ထွန်းမှုအများဆုံးနေရာများတွင် ထည့်သွင်းအသုံးချသွားမှာဖြစ်ပါတယ်” ဟူ၍ ပြောကြားခဲ့ပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.