ချိတ်ဆွဲရန်စာတန်း: News-Waymo-Electric-Vehicles-JobsInYangon
Zeekr မှ သီးသန့်ထုတ်လုပ်ပေးသွားမည့် လျှပ်စစ်ကားများကို Waymo ရဲ့ Robotaxi ကားလုပ်ငန်းတွင် အသုံးပြုသွားမည်
နောင်လာမည့်အနာဂါတ်ကာလတွင် Google မှပိုင်ဆိုင်သော အလိုအလျောက်မောင်းနှင်နိုင်သော ကားများကိုထုတ်လုပ်လျက်ရှိတဲ့ Waymo ဟာ ၎င်းတို့ရဲ့ robotaxi fleet တွင် တရုတ်နိုင်ငံအခြေစိုက် Geely ကားထုတ်လုပ်ရေးကုမ္ပဏီမှ ၎င်းတို့ရဲ့ဝန်ဆောင်မှုအတွက်ရည်ရွယ်၍ သီးသန့်ထုတ်လုပ်ပေးသွားမည့် လျှပ်စစ်ကားများကို အသုံးပြုသွားမှာဖြစ်တယ်လို့ ကြေငြာချက်တစ်ရပ်ကို ပြုလုပ်ခဲ့ပါတယ်။
အဆိုပါကားများကို Geely မှ မကြာသေးမှီကထုတ်လုပ်ထားတဲ့ ၎င်းတို့ရဲ့ Zeekr လျှပ်စစ်ကားကိုအခြေခံ၍ အလိုအလျှောက်မောင်းနှင်မှုများကို ပြုလုပ်ပေးနိုင်ရန် မွမ်းမံမှုများကိုပြုလုပ်၍ ထုတ်လုပ်ပေးသွားမှာဖြစ်တယ်လို့ သိရှိရပြီး ၎င်းတွင် စတီယာရင်တိုင်များနဲ့ Pedal များလည်းပါဝင်လာမှာမဟုတ်ပဲ လုံးဝကို အလိုအလျှောက်မောင်းနှင်မှုပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။
Waymo ရဲ့ပြောကြားချက်အရ ထိုသို့ပြင်ဆင်ထုတ်လုပ်ထားခြင်းဟာ ကားအတွင်းသို့ဝင်ရောက်ရလွယ်ကူစေရန် ဖြစ်ပြီး ပိုမိုကျယ်ဝန်းတဲ့ဖွဲ့စည်းပုံကိုရရှိစေနိုင်ပြီး ကားအတွင်းပိုင်းတွင် နောက်မှီထိုင်ခုံများနှင့် အားသွင်းပေါက်များလည်း ပါဝင်လာမှာဖြစ်ပါတယ်။ ပြီးနောက်တွင်တော့ Waymo မှ ကင်မရာများနှင့် sensor များပါဝင်သည့် အလိုအလျှောက်မောင်းနှင်မှုပြုလုပ်မည့် နည်းပညာ software ကို အဆိုပါကားများတွင်ထည့်သွင်းတပ်ဆင်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။
ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com ၏ မီဒီယာပါတနာများ- လူကြီးမင်း၏အလုပ်ကမ်းလှမ်းချက်များသညါ သူတို့၏ Website များတွင် ပါဝင်မည်ဖြစ်ပါသည်။
Jobsinyangon.comသည် မြန်မာနိုင်ငံ၏ အလုပ်အကိုင် ရှာဖွေရေးဆိုဒ်တွင် ဦးဆောင်နေပါသည်။ Jobsinyangon.comသည် မြန်မာဈေးကွက်တွင် အလုပ်အကိုင်နှင့်ပက်သက်ပြီး အကြီးမားဆုံးနှင့် အကောင်းဆုံး အလုပ်များကိုလည်း ကမ်းလှမ်း ထားပြီး မြန်မာနိုင်ငံတွင် ထိပ်တန်းဝင်အရည်အချင်းရှိသာ ဝန်ထမ်းများကိုrecruiter များရှာဖွေနိုင်ရန်ကူညီပေးလျက် ရှိပါသည်။ Jobsinyangon.comသည်မြန်မာနိုင်ငံရှိကုမ္ပဏီများ အားလုံးမှHR Managerများ၊ Recruiter များ အလုပ်များကို အင်တာနက်တွက်တင်ရန်၊ အလုပ်လျှောက်ထားသူများကို စီမံခန့်ခွဲနိုင်ရန်နှင့် ဝန်ထမ်းခန့်ရာတွင် မှန်ကန်သောဆုံးဖြတ်ချက်များ ချနိုင်ရန်အတွက် ကူညီပေးနေသောJob Board တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံရှိ အလုပ်ရှာဖွေသူများသည် ရန်ကုန်နှင့် အခြားသောမြို့များရှိ အလုပ်များကို www.jobsinyangon.com or www.jobless.com.mm တွင် လွယ်ကူစွာ ရှာနိုင်ပြီး လျှောက်ထားနိုင်ပါသည်။ အွန်လိုင်းရှိ အလုပ်များကို ရှာဖွေနိုင်ပြီး ၄င်းကို Roger Quest International ၏ Branch ဖြစ်သော Executive Search မှ စီစဉ်ပြုလုပ်ပါသည်။