Tags: Knowledge-Talent-Recruitment-Business-JobsInYangon
သင့်လုပ်ငန်းအတွက် အသင့်တော်ဆုံး Talent များကို ရွေးချယ်ရာတွင် အကူအညီပေးနိုင်မည့် နည်းလမ်းများ
လူအများစုအဖို့ Recruitment ပြုလုပ်နိုင်ရန်အတွက် ပေးဆပ်ထားရတဲ့ အလုပ်၊ ကြိုးစားအားထုတ်မှုများနှင့် အချိန်တို့ကို သတိထားမိကြမှာမဟုတ်ပါဘူး။ Recruitment ပြုလုပ်နိုင်ဖို့ရာအတွက် သင်လိုအပ်တဲ့ ရာထူးနေရာများကို ရှာဖွေဖော်ထုတ်၍ ရှင်းလင်းစွာသိရှိနိုင်စေရန်ကြိုးစားခြင်းမှစ၍ ရှင်းလင်းပြီး နားလည်ရလွယ်ကူတဲ့ Job Description များကို ရေးဆွဲခြင်းမှ သင့်ရဲ့အလုပ်ကြော်ငြာစာကို အများသိအောင်ကြေငြာပြီးနောက် ရှည်လျားတဲ့ ဝန်ထမ်းရွေးချယ်ခြင်း၊ အင်တာဗျူးခြင်းနှင့် ဌားရမ်းခေါ်ယူခြင်းလုပ်ငန်းစဉ်များကို ဖြတ်သန်းရတဲ့အတွက် ဒါဟာအလွန်များတဲ့အဆင့်တွေပဲဖြစ်ပါတယ်။ ဒီအတွက် သင်ဌားရမ်းလိုက်တဲ့ ဝန်ထမ်းတိုင်းဟာ သင့်ကုမ္ပဏီအတွက် အကျိုးအမြတ်များကို ယူဆောင်ပေးနိုင်ပြီး (တနည်းအားဖြင့်) သင့်အတွက် ငွေရှာပေးနိုင်မယ့်သူများဖြစ်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒီအတွက် ကျွန်ုပ်တို့ www.jobsinyangon.com ကနေ ဒီတစ်ပတ်ဆောင်းပါးအနေနဲ့ မတူညီတဲ့ Organization တိုင်းနဲ့ ကိုက်ညီမှုရှိစေပြီး သင့်အတွက် အကောင်းဆုံးဝန်ထမ်းများကို ခေါ်ယူရရှိနိုင်စေမည့် Recruitment နည်းလမ်း (၅) မျိုးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
၁။ Professional Recruitment Website များကို အသုံးပြုပြီး Job Listing ပြုလုပ်ပါ - ဒါဟာ အခြေခံကျတဲ့အရာတစ်ခုဖြစ်ပေမယ့် အရေးပါလှပါတယ်။ အရည်အချင်းရှိတဲ့ ဝန်ထမ်းများကို ခေါ်ယူဌားရမ်းနိုင်ဖို့အတွက် Social Media (သို့) သာမန် Platform များပေါ်တွင် တင်နေရုံနဲ့ လုံလောက်မှာမဟုတ်ပါဘူး။ သင့်ရဲ့ Brand အနေနဲ့ အရေးပါအရာရောက်တဲ့ အရည်အချင်းရှိသူများနဲ့ တွေ့ဆုံနိုင်ဖို့ လိုအပ်လာပါပြီ။ ကျွန်ုပ်တို့ရဲ့ www.jobsinyangon.com Job Portal Website ပေါ်တွင် လက်ရှိအသုံးပြု၍ အလုပ်အကိုင်ရှာဖွေနေသူပေါင်း ၁.၅ သန်းခန့်ရှိနေတဲ့အတွက် ကျွန်ုပ်တို့ဟာ သင့်လုပ်ငန်းတိုးချဲ့ရာတွင် အကောင်းဆုံးအကူအညီကို ပေးစွမ်းနိုင်မယ့် လုပ်ငန်းလက်တွဲဖော်များဖြစ်လာနိုင်ပါတယ်။
သင်တို့ထံသို့ ပေးအပ်ထားမည့် ကုမ္ပဏီအကောင့်များမှတစ်ဆင့် မိမိတို့လိုအပ်နေတဲ့ လစ်လပ်နေရာများကို သင့်ကုမ္ပဏီအတွက် တိုက်ရိုက်ကြေငြာ၍ ခေါ်ယူနိုင်မှာဖြစ်သလို ကျွန်ုပ်တို့ရဲ့ Database အတွင်းမှာရှိနေတဲ့ CV များအတွင်းမှလည်း ဝန်ထမ်းများကို ရွေးချယ်ခေါ်ယူနိုင်မှာဖြစ်ပါတယ်။
၂။ ပစ်မှတ်ထား၍ အလုပ်ခေါ်စာအား ကြော်ငြာပါ - လုပ်ငန်းတိုင်းအနေနဲ့ သူတို့ရဲ့ကုန်ပစ္စည်းကို ဝယ်ယူနိုင်မယ့်ပရိသတ်များထံသို့ ပစ်မှတ်ထား၍ ရောင်းချရသကဲ့သို့ပင် Recruitment ပြုလုပ်ခြင်းဟာလည်း အတူတူပဲဖြစ်ပါတယ်။ လုပ်ငန်းရှင်များအနေနဲ့ သင်တို့လိုအပ်တဲ့အရည်အချင်းများရှိသော ဝန်ထမ်းများထံသို့ သင်တို့ရဲ့အလုပ်ကြော်ငြာစာကို ရောက်ရှိနိုင်ရန် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ သာမန် Post တင်၍ ပစ်ထားရုံထက် သင်တို့လိုအပ်တဲ့အရည်အချင်းရှိသူများ ရှိနေနိုင်တဲ့နေရာများတွင် လစ်လပ်အလုပ်နေရာများကို ကြေငြာပေးခြင်းဟာ သင်တို့ပြန်လည်ရရှိလာမည့် အလုပ်လျှောက်လွှာများကို ၂ ဆခန့် တိုးပွားလာစေမှာဖြစ်တဲ့အတွက် ရွေးချယ်နိုင်ခွင့်လည်း ပိုမိုများပြားလာစေမှာဖြစ်ပါတယ်။
၃။ အကောင်းဆုံးကိုက်ညီမှုရှိသူများကို ရွေးချယ်ပါ – Recruitment ပြုလုပ်မှုတိုင်းရဲ့ ရည်ရွယ်ချက်မှာ လုပ်ရမည့်အလုပ်နှင့် သင့်ကုမ္ပဏီအတွက် ကိုက်ညီမှုအရှိဆုံးသောသူကို ခေါ်ယူဌားရမ်းနိုင်ဖို့ဖြစ်တဲ့အတွက် Selection Process ပြုလုပ်စဉ်အတွင်းမှာ သေချာစွာစဉ်းစားရွေးချယ်၍ ကိုက်ညီမှုအရှိဆုံးသောသူများကို ခွဲခြမ်းစိတ်ဖြာ၍ နောက်တစ်ဆင့်သို့ ခေါ်ယူမှု ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
၎။ ကြိုတင်၍ရှာဖွေပါ - သင့်လုပ်ငန်းရဲ့ တိုးတက်မှုကို အရှိန်မြှင့်တင်နိုင်စေရန်အတွက် သင့်အနေနဲ့ အကောင်းဆုံးသော အရည်အချင်းရှိသူများကို ရှာဖွေနိုင်ရန်လိုအပ်ပြီး လက်ရှိအချိန်တွင် အလုပ်ရှာဖွေမှုပြုလုပ်နေသူများအပြင် အခြားသောအရင်းအမြစ်များမှလည်း Talent များကို ရှာဖွေထားနိုင်ရမှာဖြစ်ပါတယ်။ Professional အနေနဲ့ ရပ်တည်နေပြီဖြစ်တဲ့ ဝန်ထမ်းအများစုဟာလည်း Passive Candidate များဖြစ်ကြပါတယ်။ သူတို့ဟာ အလုပ်ကိုရှာဖွေခြင်းမရှိကြပေမယ့် သူတို့အတွက် သင့်ဖက်ကပေးအပ်နိုင်မယ့် အခွင့်အလမ်းများကို လိုချင်နေသူများရှိလာနိုင်ပါတယ်။
၅။ အကဲဖြတ်ခြင်းများ - သင့်ကုမ္ပဏီအတွင်း ဝန်ထမ်းများကို ရာထူးတိုးပေးခြင်း၊ ဝန်ထမ်းအသစ်ဌားရမ်းခေါ်ယူခြင်း၊ လေ့ကျင့်သင်ကြားမှုများပြုလုပ်ခြင်း၊ အလုပ်လျှောက်လွှာဖောင်များကိုကြည့်ရှုခြင်းနှင့် အင်တာဗျူးများ ပြုလုပ်နေစဉ်အတွင်းမှာ သင့်အနေနဲ့ အနည်းငယ်သာ သိရှိနိုင်မှာဖြစ်တဲ့အတွက် Candidate များနဲ့ ဝန်ထမ်းများရဲ့ ကျွမ်းကျင်မှုများကို တိုင်းတာ၍ သူတို့ထံတွင် ထိုအလုပ်နေရာအတွက် လိုအပ်တဲ့ကျွမ်းကျင်မှုများရှိပါရဲ့လားဆိုသည်ကို အကဲဖြတ်မှုများ ပြုလုပ်ပေးဖို့ဟာလည်း အရေးကြီးလှပါတယ်။
ဒီ Article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.