Jobs In Myanmar
Load...

Ways to Improve HR functions as an SME business

by www.jobsinyangon.com


Tags: News-SME-HR-Functions-JobsInYangon



SME လုပ်ငန်းများရဲ့ HR လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်လာစေမည့် နည်းလမ်းများ 

 

SME လုပ်ငန်းများတွင် HR လုပ်ငန်းများကို တိုးတက်မှုရှိလာစေရန် ဆောင်ရွက်နိုင်ဖို့ဟာ လွယ်ကူတယ်လို့ထင်ရသော်လည်း သက်ဆိုင်ရာအခက်အခဲများကိုတော့ ရင်ဆိုင်ဖြေရှင်းကြရမှာဖြစ်ပါတယ်။ ဒီအတွက် SME လုပ်ငန်းများအနေနဲ့ မိမိတို့ရဲ့ HR လုပ်ဆောင်ချက်များကို ထိရောက်မှုရှိလာစေရန်နှင့် လုပ်ငန်းလိုအပ်ချက်များနှင့် ကိုက်ညီမှုရှိစေအတွက် စနစ်တကျလုပ်ဆောင်နိုင်စေမည့် နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ 

HR လုပ်ငန်းတွင်ကျွမ်းကျင်သူတစ်ဦးဖြစ်တဲ့ Gemma Dale ဟာ အဓိကကျတဲ့ HR လုပ်ဆောင်ချက်များကို ရှာဖွေပြီး SME လုပ်ငန်းများအနေနဲ့ ဝန်ထမ်းများရဲ့ အလုပ်ခွင်အတွင်းသို့ ဝင်ရောက်လာပုံစက်ဝန်းကို နားလည်နိုင်ရန် ကြိုးစားခြင်းမှစ၍ မိမိတို့ထံတွင်ရှိနေသည့် ဝန်ထမ်းများရဲ့ အချက်အလက်များအပေါ်မူတည်၍ လုပ်ငန်းအတွက် ဆုံးဖြတ်ချမှတ်ခြင်းအထိ အဆင့်များစွာကို ပိုမိုကောင်းမွန်တိုးတက်မှုရှိလာစေရန်အတွက် မည်သို့ ပြုလုပ်နိုင်မလဲဆိုသည်အား သုသေသနပြုလုပ်ခဲ့ပါတယ်။ 

ထိရောက်မှုရှိတဲ့ Human Resources (HR) ဆိုသည်မှာ ဘာကိုဆိုလိုတာလဲ? ဒီမေးခွန်းအတွက် တိကျတဲ့အဖြေမရှိနေပါဘူး။ HR တွင် မတူကွဲပြားတဲ့ များစွာသောလုပ်ဆောင်ချက်များနဲ့ လုပ်ငန်းစဉ်များပါဝင်နေပါတယ်။ ဝန်ထမ်းခေါ်ယူမှုအတွက် လစ်လပ်နေရာအား ကြေငြာခြင်းမှ အလုပ်မှထွက်ခွာရန် ပြင်ဆင်နေသူတစ်ဦးအတွက် အခွန်ဆောင်ထားတဲ့ စာရွက်စာတမ်းများကို ထုတ်ပေးဖို့အထိ များစွာသောလုပ်ဆောင်ချက်များရှိနေပြီး HR ရဲ့ လုပ်ဆောင်ချက်ဟာ ဝန်ထမ်းများရဲ့ လုပ်ငန်းအတွေ့အကြုံ (Employee Experience) အတွက် မရှိမဖြစ်အရေးပါတဲ့အရာတစ်ခုဖြစ်ပါတယ်။ 

HR မှ ဘာတွေကိုလုပ်ဆောင်နေသလဲဆိုတာနဲ့ ဘယ်လိုမျိုးလုပ်ဆောင်ချက်တွေကို ပြုလုပ်လျှက်ရှိနေသလဲဆိုသည်ကတော့ Organization တစ်ခုနှင့်တစ်ခုအကြားတွင် ကွာခြားမှုရှိနိုင်ပါတယ်။ မတူကွဲပြားတဲ့ အထူးပြု (specialized) သမားတွေ များစွာရှိနေသော ဌာနကြီးများမှ SME နယ်ပယ်အတွင်းရှိ သီးသန့်လုပ်ငန်းများအထိ HR ရဲ့ အဓိကလုပ်ဆောင်ချက်များဖြစ်တဲ့ recruitment, learning and development, reward and recognition နှင့် performance management လုပ်ဆောင်ချက်များဟာတော့ တူညီမှုရှိနေမှာပဲဖြစ်ပါတယ်။ 

 

SME များအတွက် HR 

ကောင်းမွန်တဲ့ HR လုပ်ဆောင်ချက်များဟာ Organization ရဲ့ ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိနေမှသာ အဆိုပါ Organization ရဲ့ အောင်မြင်မှုကို အထောက်အကူဖြစ်စေနိုင်မှာဖြစ်ပါတယ်။ ထိုအရာကိုမှန်ကန်စွာအသုံးချပြီး ပိုမိုကောင်းမွန်မှုရှိလာစေရန် ပြုလုပ်ခြင်းနှင့် ပြဿနာဖြေရှင်းပုံနည်းလမ်းများကို တိုးတက်မှုရှိစေရန်ပြုလုပ်ပြီး ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များကို ရှေ့ဆက်ထိန်းသိမ်းသွားနိုင်စေဖို့အတွက်ဟာ အရွယ်အစားအမျိုးမျိုးရှိတဲ့ Organization တိုင်းအတွက် အရေးကြီးလှပါတယ်။ 

SME များတွင် ထိရောက်တဲ့ HR လုပ်ဆောင်ချက်များရှိလာစေဖို့လုပ်ဆောင်ရခြင်းတွင် အခက်အခဲတစ်ချို့ရှိလာနိုင်ပါတယ်။ SME များတွင် လူသားအရင်းအမြစ်အတွက် လုံလောက်တဲ့ အရင်းအမြစ်များနဲ့ ဘတ်ဂျက်အခြေအနေ ရှိမနေနိုင်ခြင်း၊ HR ရဲ့ အခန်းကဏ္ဍကို ကောင်းမွန်စွာနားလည်သဘောပေါက်မှုမရှိခြင်း (သို့) တန်ဖိုးရှိစွာအသုံးချမှုမပြုလုပ်နိုင်ခြင်း အစရှိသည့်အခက်အခဲများနှင့် တွေ့ကြုံရနိုင်ချေလည်းရှိနေသည့်အတွက် SME များတွင် လုပ်ကိုင်နေတဲ့ HR professional များအနေနဲ့ ဘက်စုံကျွမ်းကျင်နေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် SME များအနေနဲ့ ကိုယ်ပိုင် HR professional တစ်ဦးကိုခေါ်ယူမလား? ဒါမှမဟုတ် ပြင်ပမှ HR အတိုင်ပင်ခံလုပ်ငန်းများနှင့် ချိတ်ဆက်၍ဆောင်ရွက်မလား ဆိုသည်ကိုလည်း စဉ်းစားကြရမှာဖြစ်ပါတယ်။ 

 

HR လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်နိုင်မည့် နည်းလမ်းများ 

SME တစ်ခုအနေနဲ့ သူတို့ရဲ့အဓိက HR လုပ်ဆောင်ချက်များ/ လုပ်ငန်းစဉ်များကို တိုးတက်မှုရှိလာစေရန်ဆောင်ရွက်လိုပါက အောက်ပါအချက်များမှ စတင်၍ပြုပြင်ဆောင်ရွက်သွားသင့်ပါတယ် - 

 

၁။ နည်းဗျူဟာချမှတ်ခြင်းဖြင့် စတင်ပါ 

ထိရောက်မှုရှိတဲ့ HR လုပ်ဆောင်ချက်များဟာ Organization များရဲ့ ရည်မှန်းချက်များနှင့် ကိုက်ညီမှုရှိနေဖို့ လိုအပ်မှာဖြစ်ပါတယ်။ ဒီအတွက် လုပ်ငန်းများကို ဦးဆောင်နေသူများအနေနဲ့ သူတို့ရဲ့ HR လုပ်ဆောင်ချက်များမှတဆင့် မည်သည့်အရာများကို ပြန်လည်ရရှိလိုသလဲ? ဘယ်အရာများက အဓိကကျသလဲ? ဆိုသည်အား စဉ်းစားရမှာဖြစ်ပါတယ်။ 
ပိုမိုကောင်းမွန်စွာ ဝန်ထမ်းခေါ်ယူမှု (recruit) ပြုလုပ်နိုင်ဖို့လား? ဒါမှမဟုတ် အရည်အချင်းရှိတဲ့ HR မန်နေဂျာများကို ပျိုးထောင်ပေးနိုင်ဖို့နဲ့ မိမိတို့ရဲ့ ဝန်ထမ်းများကို လေ့ကျင့်သင်ကြားမှုအသစ်များ ပြုလုပ်ပေးနိုင်ဖို့လား? ဖြေရှင်းရန်ခက်ခဲနေသော ဝန်ထမ်းများအကြားရှိ ဆက်ဆံရေးဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ဖို့လား? မိမိတို့လုပ်ငန်းအတွက် ချမှတ်ထားတဲ့ရည်မှန်းချက်များဟာ HR ရည်မှန်းချက်များကို အဆုံးဖြတ်ပေးသွားရမှာဖြစ်ပြီး ထိုမှတစ်ဖန် လုပ်ငန်းစဉ်များ၊ ပေါ်လစီစည်းမျဉ်းများနှင့် စနစ်များကိုပြန်လည်၍ သတ်မှတ်ပေးရမှာဖြစ်ပါတယ်။ 

 

၂။ လုပ်ငန်းခွင်ဝင်ရောက်ပုံစက်ဝန်းရဲ့ အဆင့်တိုင်းကို သေချာစွာလေ့လာပါ။ 

အထက်တွင်ပြောကြားခဲ့သလိုပဲ အဓိကကျတဲ့ HR လုပ်ဆောင်ချက်များတွင် Recruitment ပြုလုပ်ခြင်း၊ လေ့ကျင့်သင်ကြားပေးခြင်း၊ ဆုကြေးငွေ၊ အသိအမှတ်ပြုခြင်းနှင့် လုပ်ငန်းစွမ်းဆောင်ရည်ကို စီမံခန့်ခွဲခြင်းတို့ ပါဝင်နေပါတယ်။ လုပ်ငန်းခွင်ဝင်ရောက်ပုံစက်ဝန်းရဲ့ အဆင့်တိုင်းဟာ စနစ်ကျမှု၊ ထိရောက်မှုနဲ့ ရည်မှန်းချက်များအတိုင်း ဆောင်ရွက်နိုင်မှု ရှိ/မရှိတို့ကို အကဲဖြတ်လေ့လာကြည့်လိုက်ပါ။ Recruitment ပြုလုပ်တဲ့ လုပ်ဆောင်ချက်များဟာ အရည်အချင်းရှိတဲ့ဝန်ထမ်းများကို အချိန်မှီ ဆွဲဆောင်နိုင်မှုရှိနေပါသလား? ပေါ်လစီများနဲ့ လုပ်ထုံးလုပ်နည်းများဟာ ခေတ်မှီနေပြီး အကောင်းဆုံးလုပ်ဆောင်ချက်များအဖြစ် ထင်ဟပ်နေပါသလား? လုပ်ငန်းစွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ ပြဿနာများကို သင့်လျော်စွာစီမံခန့်ခွဲမှုပြုလုပ်နိုင်ပါသလား? 

ဒီတာဝန်များအားလုံးဟာ HR တစ်ခုတည်းနဲ့ သက်ဆိုင်မှုရှိတာတော့မဟုတ်ပါဘူး။ အများအားဖြင့် ထိုအရာများဟာ HR နှင့် အခြားဌာနမှ မန်နေဂျာများ ပူးပေါင်း၍ လုပ်ဆောင်ကြရတဲ့ လုပ်ဆောင်ချက်များဖြစ်ကြပါတယ်။ သို့သော် အဆိုပါ HR လုပ်ဆောင်ချက်များကို စနစ်တကျလေ့လာခြင်းအားဖြင့် HR လုပ်ငန်းစဉ်ကို တိုးတက်မှုရှိလာစေရန်အတွက် လုပ်ဆောင်နိုင်မည့်အချက်များကို တွေ့ရှိလာနိုင်မှာပဲဖြစ်ပါတယ်။ 

 

၃။ တိုင်းတာမှုနှင့် စောင့်ကြည့်မှုများကို ပြုလုပ်ပါ။ 

ဝန်ထမ်းများရဲ့ အချက်အလက်များဟာ အရေးကြီးပါတယ်။ ထိုအရာက Organization များကို ရေပန်းစားနေတဲ့အရာများကို သိရှိလာစေနိုင်ပြီး ပိုမိုကောင်းမွန်အောင်ပြုလုပ်နိုင်မည့် ဧရိယာများကို ရှာဖွေတွေ့ရှိလာစေနိုင်ပြီး HR လုပ်ဆောင်ချက်များနှင့် ဝန်ထမ်းများလုပ်ဆောင်နေကြတဲ့ လုပ်ဆောင်ချက်များရဲ့ ထိရောက်မှုကို အကဲဖြတ်နိုင်စေမှာဖြစ်ပါတယ်။ အဆိုပါဒေတာအချက်အလက်များဟာ လုပ်ငန်းအတွက် ဆုံးဖြတ်ချက်များချမှတ်ရာတွင်လည်း အထောက်အကူဖြစ်လာစေမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ လုပ်ငန်းခွင်ဝင်ရောက်ပုံစက်ဝန်းရဲ့ နယ်ပယ်တိုင်းကို စောင့်ကြည့်ပေးဖို့လိုအပ်ပြီး Key Performance Indicator (KPIs) များကို သတ်မှတ်ထားရှိသွားဖို့ လိုအပ်မှာဖြစ်ပါတယ်။ 

 

၎။ ဝန်ထမ်းများထံက အသံများကို နားစွင့်ပါ။ 

Organization တိုင်းအနေနဲ့ သူတို့အတွက်အလုပ်လုပ်ပေးနေတဲ့ ဝန်ထမ်းများရဲ့ အတွေ့အကြုံနှင့် ထင်မြင်ယူဆချက်များကို ပုံမှန်နားထောင်နိုင်စေရန်အတွက် နည်းလမ်းများကိုလည်း ရှာဖွေထားသင့်ပါတယ်။ ထိုသို့ပြုလုပ်နိုင်စေမည့် နည်းလမ်းများစွာရှိနေပါတယ် - အစုအဖွဲ့များအတွက် Formal HR survey များ၊ ဝေဖန်အကြံပြုချက်များ တောင်းခံခြင်းတို့ဟာ ဝန်ထမ်းများရဲ့ အလုပ်အပေါ်စိတ်ဝင်စားမှုအဆင့်များကို မြင့်တက်လာစေမှာဖြစ်ပြီး စိတ်ရှုပ်စရာကိစ္စများ (သို့) အန္တရာယ်ရှိနိုင်တဲ့ ကိစ္စများကို စောစီးစွာ ရှာဖွေတွေ့ရှိစေနိုင်မှာဖြစ်ပြီး လိုအပ်တဲ့ပြောင်းလဲမှုများနှင့် ပြင်ဆင်မှုများကို လိုအပ်နေသည့်နေရာများတွင် ပြုလုပ်ပေးနိုင်မှာဖြစ်ပါတယ်။ 

ဝန်ထမ်းများအနေနဲ့ လက်ရှိ အလုပ်လုပ်နေတဲ့ organization အပေါ် မည်သို့ထင်မြင်ယူဆမှု ရှိပါသလဲ? ဒီနေရာမှာအလုပ်လုပ်ရသည်ကို ဂုဏ်ယူကြပါသလား? ဝန်ထမ်းများအနေနဲ့ လိုအပ်တဲ့ လေ့ကျင့်သင်ကြားပေးမှုများကို ရရှိပါသလား? သင့်တော်ကောင်းမွန်ပြီး မျှတတဲ့ လစာငွေကိုရရှိနေတယ်လို့ ထင်မြင်ယူဆပါလား? လတ်တစ်လောဖြစ်ပွားခဲ့တဲ့ အပြောင်းအလဲများနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ကြသလဲ? အစရှိသည်တို့ကို သိရှိနိုင်အောင် ကြိုးပမ်းကြရမှာဖြစ်ပါတယ်။ 

 

၅။ အမှန်တကယ်အသုံးဝင်မှုမရှိပဲ ယာယီသာ attention ရရှိစေမည့် HR လုပ်ဆောင်ချက်များကို ရှောင်ရှားပြီး အခြားသူများလုပ်တိုင်း လိုက်မလုပ်ပါနဲ့ 

ကောင်းမွန်မှုရှိတဲ့ HR လုပ်ဆောင်ချက်များဟာ Organization တစ်ခုနှင့် တစ်ခုတွင် တူညီမှုမရှိနိုင်ပါဘူး။ ဒီအတွက် အခြားသောလုပ်ငန်းများတွင် အလုပ်ဖြစ်နေတဲ့ HR လုပ်ဆောင်ချက်များကိုအတုယူ၍ မိမိတို့ကုမ္ပဏီတွင် တွေ့ကြုံနေရတဲ့ HR အခက်အခဲများကို ဖြေရှင်းဖို့ကြိုးစားနေပါက အရာအားလုံးဟာ တိုက်ရိုက်ကူးယူမှုပြုလုပ်၍ မရနိုင်သည်ကို သတိပြုပါ။ ဥပမာအားဖြင့် Google တွင် ကျင့်သုံးလျှက်ရှိနေသည့် HR လုပ်ဆောင်ချက်များဟာ UK နိုင်ငံရှိ SME တစ်ခုအတွက်တော့ အဆင်ပြေမှုမရှိနိုင်ပါဘူး။ HR လုပ်ငန်းစဉ်များနဲ့ လုပ်ဆောင်ချက်များဟာ လုပ်ငန်းခွင်အတွင်းရှိ အစဉ်အလာများ၊ ဝန်ထမ်းများရဲ့ လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိနေမှသာ အဆင်ပြေချောမွေ့မှုရှိမှာဖြစ်ပါတယ်။ HR အတွက် ကနဦးလုပ်ဆောင်ချက်များနှင့် တိုးတက်မှုရှိစေရန် ပြင်ဆင်မှုများဟာ လုပ်ငန်းလိုအပ်ချက်များ၊ ဝန်ထမ်းများရဲ့လိုအပ်ချက်များနှင့် ကိုက်ညီမှုရှိနေရမှာဖြစ်ပါတယ်။  

 

နိဂုံးချုပ်အနေနဲ့ ပြောကြားလိုတာတော့ . . .

အချိန်ကြာလာသည်နှင့်အမျှ Organization များရဲ့ လိုအပ်ချက်များဟာ ပြောင်းလဲမှုရှိလာမှာဖြစ်သလို အဆိုပါ Organization အတွင်း အလုပ်လုပ်နေသည့် ဝန်ထမ်းများတွင်လည်း ပြောင်းလဲမှုများ၊ တိုးတက်မှုများ ရှိလာမှာဖြစ်ပါတယ်။ အထူးသဖြင့် တိုးတက်မှုများရှိနေတဲ့ SME လုပ်ငန်းများတွင် ရှိနေတဲ့ အဓိက HR လုပ်ဆောင်ချက်များဟာ အဆိုပါလိုအပ်ချက်များကို လျှင်မြန်စွာသိရှိနိုင်ပြီး ပြောင်းလဲမှုများကို လိုအပ်သလိုပြုလုပ်နိုင်စွမ်းရှိနေရမှာဖြစ်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ကျေးဇူးတင်လျှက် 
www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Global Technology Co., Ltd (Global Net)

Global Technology Co., Ltd (Global Net)

Our speciality is providing complete solution and systems that work through the use of our outstanding design, unique client engagement model, procurement, project management, implementation and suppo...
Show the postings (75)
Koe Koe Tech IT Social Enterprise

Koe Koe Tech IT Social Enterprise

Myanmar is exceptional among developing countries in that it appears poised to completely leapfrog feature phones and go straight to smartphones. Android smartphones in distribution in Myanmar already...
Show the postings (20)
SOE MYINT & SONS Stainless Steel Trading Co., Ltd.

SOE MYINT & SONS Stainless Steel Trading Co., Ltd.

Flavours & Fragrances Distribution Company Limited

Flavours & Fragrances Distribution Company Limited

Our company aims to be more marketable and sustainable.Since our company is made up of a family of only a few employees, it is clear that our own skills and hard work are clearly displayed.We are a co...
Show the postings (3)
World Trading Co.,Ltd

World Trading Co.,Ltd

..Exporters Importers and Distributors We Import Laboratory Chemicals, Perfume Body Spray,European & Turkish Premium Food Products Yonca Sunflower Oil, Rio Santo Sauce Sole Distributor in Myanmar. ...
Show the postings (3)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS