Tags: Knowledge-Women-Career-Recognised-JobsInYangon
အမျိုးသမီးတို့အနေနဲ့ လုပ်ငန်းခွင်အတွင်း ထင်ရှားမှုရှိလာစေရန် ပြုလုပ်သင့်သော အချက် (၃) ချက်
2019 ခုနှစ်အတွင်း LeanIn.org မှ ပြုလုပ်ခဲ့သော လုပ်ငန်းခွင်စစ်တမ်းကောက်ယူမှုတစ်ခုအရ အမျိုးသမီးများရဲ့ career တိုးတက်မှုတွင် အကြီးမားဆုံးအဟန့်အတားဖြစ်စေတဲ့အရာတစ်ခုကတော့ “broken rung” လို့ ခေါ်ဝေါ်ကြတဲ့ entry-level ရာထူးတစ်ခုမှ မန်နေဂျာရာထူးသို့ စတင်ကူးပြောင်းရတဲ့ ကာလပဲဖြစ်ပါတယ်။
ဒီလိုရာထူးတိုးပေးမှုနဲ့ လွဲချော်သွားတဲ့အခါမှာ အမျိုးသမီးအများစုအနေနဲ့ အခြေခံလုပ်သားအဆင့်မှာပဲ ရပ်တန့်သွားတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးတွေကြောင့်လည်း လုပ်ငန်းခွင်အတွင်းက leadership position အတော်များများမှာ အမျိုးသားများနဲ့နှိုင်းစာလျှင် အမျိုးသမီးဦးရေက ပိုလို့နည်းပါးနေတာပဲဖြစ်ပါတော့တယ်။
တစ်စုံတစ်ဦးရဲ့ တန်ဖိုးနဲ့ အလုပ်အပေါ်ပေးဆပ်မှုများကို အသိအမှတ်ပြုတဲ့ ရလာဒ်တစ်ခုအဖြစ် ရာထူးတိုးမြှင့်ပေးခြင်းကို အခြေခံအားဖြင့်သတ်မှတ်နိုင်ပါတယ်။ ဒီအတွက် အဆိုပါ “broken rung” ပြဿနာကို အမျိုးသမီးများအနေနဲ့ သူတို့နဲ့ထိုက်သင့်တဲ့ အသိအမှတ်ပြုမှုကို လုပ်ငန်းခွင်အတွင်းရရှိနိုင်စေရန် ပြုလုပ်ပေးနိုင်ခြင်းအားဖြင့် ကုစားနိုင်မှာဖြစ်ပြီး ဒါမှသာ သူမတို့အနေနဲ့ ရာထူးတိုးမြှင့်မှုများကို အနှောက်အယှက်အဟန့်အတားမရှိ ရယူနိုင်ကြမှာလည်းဖြစ်ပါတယ်။
ဒီအတွက် အမျိုးသမီးများအနေနဲ့လည်း လုပ်ငန်းခွင်အတွင်းပေါ်ပေါက်လာလေ့ရှိတဲ့ ပြဿနာများကို ကြံကြံခံ၍ ရင်ဆိုင်ဖြေရှင်းနိုင်ကြဖို့လိုအပ်ပါတယ်။ သင်တို့အနေနဲ့ မိမိတို့ရဲ့လုပ်ဆောင်ချက်များကို သတိထားမိလာပြီး ရာထူးတိုးမြှင့်ခြင်းခံရဖို့ စောင့်ဆိုင်းမနေကြပဲ သင်တို့ကိုယ်တိုင် ထိုနေရာသို့ရောက်အောင် သွားကြရမှာဖြစ်ပါတယ်။
စာဖတ်သူများအနေနဲ့ အောက်ပါအချက်တွေကို သတိထားလိုက်နာခြင်းအားဖြင့် လုပ်ငန်းခွင်အတွင်းမှာ သင်တို့အပေါ် အသိအမှတ်ပြုမှုကို ရရှိလာနိုင်စေမှာပဲဖြစ်ပါတယ်။
၁။ စင်ပေါ်ထွက်ရမည့်နေရာများကို မရှောင်ရှားပါနဲ့ - စာရေးသူ Sheryl Sandberg ရဲ့ “Lean In: Women, Work, and the Will to Lead” ဟူသည့် စာအုပ်တွင် များစွာသောအမျိုးသမီးများအနေဖြင့် တွေ့ကြုံနေရတဲ့ လိင်ခွဲခြားမှု ပြဿနာအား ရဲတင်းစွာဖော်ပြထားခဲ့ပါတယ်။ သူမက အမျိုးသမီးများရဲ့ အလားအလာ (potential) ကိုပိတ်ပင်နေတဲ့ အဓိကလက်သည်ဟာ ပတ်ဝန်းကျင်အခြေအနေတစ်ခုတည်းမဟုတ်ပဲ တစ်ချို့သောအခြေအနေများတွင် အမျိုးသမီးများကိုယ်တိုင်က အဆိုပါအရာများကို ဖြစ်ပွားစေခဲ့တဲ့သူများဖြစ်တယ်လို့ ဆိုထားခဲ့ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အမျိုးသမီးများစုဟာ ပတ်ဝန်းကျင်ကချမှတ်ထားတဲ့ ကန့်သတ်ချက်များကို မိမိတို့ကိုယ်တိုင်ကိုက လက်ခံထားကြပြီး မိမိတို့ရဲ့ ကိုယ်ပိုင်ရည်မှန်းချက်ပန်းတိုင်များသို့ သွားရောက်နိုင်ဖို့ မိမိကိုယ်ကို မသိစိတ်ကတဆင့် တားမြစ်နေကြလို့ပဲဖြစ်ပါတယ်။
တစ်ခါတစ်ရံတွင် ယခင်က အဆိုပါအလုပ်နေရာတစ်ခုကို အမျိုးသမီးများမှ တာဝန်ယူပြုလုပ်ဖူးခဲ့ခြင်းမရှိပါက တစ်စုံတစ်ယောက်က အဆိုပါရာထူးနေရာကို သင့်ထံသို့ကမ်းလှမ်းလာခဲ့ရင်တောင်မှ သင့်အနေနဲ့ လက်ခံဖို့ တွန့်ဆုတ်နေခြင်း၊ ငြင်းပယ်လိုက်ခြင်းတို့ကို ပြုလုပ်ခဲ့ဖူးကြမှာပါ။ ဘာကြောင့်လဲဆိုတော့ သင်တို့ကိုယ်တိုင်ရဲ့ မသိစိတ်ကနေ ဒီအရာကို အရင်က အမျိုးသမီးတွေလည်း မလုပ်ဘူးဘူး၊ ဒါကြောင့် ဒီနေရာဟာ အမျိုးသမီးတွေလုပ်ဖို့ သင့်လျော်တဲ့နေရာတစ်ခုမဟုတ်ဘူး၊ ငါလုပ်နိုင်မှာမဟုတ်ဘူး၊ ငါမလုပ်တတ်ဘူးလို့ တွေးနေလို့ပဲဖြစ်ပါတယ်။
သင့်အနေနဲ့ “အလုပ်” တိုင်းကို ရှောင်လွှဲနေပါက လုပ်ငန်းခွင်အတွင်းတွင် သင့်အားသတိထားမိလာဖို့ခက်ခဲမှာဖြစ်ပါတယ်။ အလုပ်ခွင်အတွင်း သင့်ထံသို့ရောက်ရှိလာတဲ့စိန်ခေါ်မှုတိုင်းဟာ သတိထားအာရုံစိုက်မှုကို ရရှိနိုင်ရန် သင်ချနင်းရမယ့်လှေကားထစ်များပဲဖြစ်ပါတယ်။ ဒီအတွက် စင်ပေါ်ထွက်ရမည့်အချိန်တိုင်းကို ရှောင်လွှဲနေမည့်အစား သင့်ကိုတောက်ပလာစေနိုင်မယ့် အခွင့်အလမ်းများကို ဆုပ်ကိုင်လိုက်ပါ။ သင့်အနေနဲ့ သတိထားအာရုံစိုက်မှုကို မရနိုင်သေးမှီတွင် သင့်ရဲ့လုပ်ဆောင်ချက်များကို မြင်တွေ့စေနိုင်ဖို့ကလည်း အရေးကြီးလို့ပါပဲ။
၂။ သင့်ရဲ့အောင်မြင်စွာဆောင်ရွက်နိုင်မှုများကို မိမိကိုယ်တိုင်က နှိမ်ချပြောဆိုခြင်းမပြုလိုက်ပါနဲ့ - အင်္ဂလိပ်စကားပုံ တစ်ခုအတိုင်း “အောင်မြင်မှုတိုင်းကို ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ တန်ဖိုးထားပါ။” တစ်ခါတစ်ရံမှာ ကျွန်ုပ်တို့အားလုံး မိမိတို့ကောင်းမွန်စွာလုပ်ဆောင်နိုင်ခဲ့တဲ့အရာများကို နှိမ်ချပြောဆိုပြီး “နှိမ့်ချခြင်းသည် အောင်မြင်ရာ၏” ဆိုတဲ့ စကားပုံကဲ့သို့ ကျင့်သုံးမိကြဖူးမှာပါ။ လုပ်ငန်းခွင်အတွင်းမှာတော့ ဒီလို လုံးဝမပြုလုပ်သင့်ပါဘူး။ သတိထားအာရုံစိုက်၍ အသိအမှတ်ပြုခံရနိုင်ရန်အတွက် မိမိတို့ရဲ့အောင်မြင်မှုများကို အရှိကို အရှိအတိုင်း ထုတ်ဖော်ပြောကြားပေးသင့်ပါတယ်။
အခြားသူများမှ “ဒါဟာ ကောင်းမွန်တဲ့ presentation တစ်ခုပဲ” ဟူ၍ချီးမွမ်းလာကြတဲ့အခါတိုင်းမှာ သင့်အနေနဲ့ ဒါဟာဘာမှမဟုတ်ပါဘူး၊ ကျွန်တော်/ မ ထက်တော်တဲ့သူတွေအများကြီးပါ ဆိုပြီး နှိမ့်ချစွာ ပြန်ဖြေမိနေရင်တော့ သင်ဟာ သင့်ရဲ့အောင်မြင်စွာစွမ်းဆောင်နိုင်မှုများကို နှိမ့်ချပြောဆိုပြီး ကွယ်ပျောက်သွားအောင် ပြုလုပ်နေတာနဲ့ အတူတူပဲဖြစ်ပါတယ်။ “သင်ကြိုးကြိုးစားစားလုပ်ဆောင်နိုင်ခဲ့တဲ့အတွက် ရရှိလာတဲ့ ချီးမွမ်းစကားတွေကို လက်ခံနိုင်ဖို့ဟာ အရေးကြီးပါတယ်။”
၃။ မိမိရဲ့ ကောင်းကွက်တွေကို မိမိကိုယ်တိုင်က ထုတ်ဖော်ပြောကြားပါ - ဟုတ်ပါတယ်၊ အမျိုးသမီးအများစုဟာ ဆိတ်ဆိတ်သာနေလေ့ရှိကြတဲ့အတွက် ဒီအချက်ကို ပြောင်းလဲပစ်သင့်နေပါပြီ။ မိမိကိုယ်ကို ထိုသို့ ကိုယ်ရည်သွေးတဲ့အတွက် ဖြစ်လာနိုင်တဲ့ဆိုးကျိုးတွေကို ခဏမေ့ထားလိုက်ပါ။ တစ်ခါတစ်ရံမှာ သင်နဲ့ထိုက်တန်တဲ့ အသိအမှတ်ပြုမှုကို ရရှိနိုင်စေဖို့အတွက် ဒါကတစ်ခုတည်းသောနည်းလမ်းတစ်ခု ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ သင်ဟာ ဝန်ထမ်းများရဲ့ သစ္စာရှိမှု၊ စိတ်အားတက်ကြွမှု၊ အာရုံစိုက်မှု၊ အလုပ်ကြိုးစားမှု အစရှိတာတွေကို သတိမထားမိတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အလုပ်လုပ်နေရပါက ဒီနည်းလမ်းဟာ သင်လုပ်ကိုလုပ်ရမယ့်နည်းလမ်းတစ်ခုဖြစ်လာပါလိမ့်မယ်။
သို့ပေမယ့် ဒီသို့ပြုလုပ်ရာတွင်တော့ မိမိကိုယ်ကို လိုအပ်တာထက်ပို၍ အမွှမ်းတင်ပြောဆိုခြင်း မပြုလုပ်မိစေဖို့ နည်းဗျူဟာကျကျပြုလုပ်ရပါမယ်။ လိုက်နာသင့်တဲ့အချက်များအနေနဲ့ သင့်ရဲ့ကြိုးစားအားထုတ်မှုမှ ရရှိလာတဲ့ ရလာဒ်များနဲ့ ကုမ္ပဏီအတွက် သင်ဆောင်ကြဉ်းပေးနိုင်ခဲ့တဲ့ အကျိုးအမြတ်များ/ တန်ဖိုးများ၊ ဥပမာ - ဖိုင်သိမ်းဆည်းပုံစနစ်တစ်ခုကို သင့်ဘက်က စနစ်တကျပြောင်းလဲပေးလိုက်တဲ့အတွက် လုပ်ငန်းရှင်နဲ့တကွ ရှယ်ယာရှင်များအနေနဲ့ အချက်အလက်များကို ထုတ်ယူကြည့်ရှုရ ပိုမိုလွယ်ကူသွားသလား? အစရှိသည့်အချက်များကို ထည့်သွင်းပြောဆိုနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ မိမိဟာ ဦးဆောင်သူတစ်ဦးဖြစ်နေပါက မိမိနဲ့အတူလုပ်ကိုင်ပေးခဲ့ကြတဲ့ အဖွဲ့ဝင်များနဲ့ လုပ်ဖော်ကိုင်ဖက်များကိုလည်း သင့်ဖက်ကအသိအမှတ်ပြုပြီး ထိုက်သင့်တဲ့ ထုတ်ဖော်ပြောဆိုပေးမှုမျိုးကို ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
သင့်ကိုယ်သင် တိုးတက်မှုရှိလာစေရန် ဘာတွေပြုလုပ်နေသလဲဆိုတာနဲ့ ပတ်သက်ပြီးလည်း သင့်လုပ်ငန်းရှင်ကို ပုံမှန်အသိပေးသွားဖို့ မမေ့ပါနဲ့။ သင်လုပ်နိုင်တဲ့အရာများအနက် နောက်ထပ်တစ်ခု ထပ်တိုးလာခြင်းဟာ သင့်ရဲ့တန်ဖိုး ပိုမိုတိုးတက်လာခြင်းပဲဖြစ်ပါတယ်။ ဒီအတွက် သင့်အနေနဲ့ ထိုအရာနဲ့ပတ်သက်ပြီး နှုတ်ဆိတ်မနေပါနဲ့။
ယနေ့ခေတ်ဟာ သင်တို့အနေနဲ့ မိမိတို့လုပ်နိုင်တဲ့အရာအားလုံးကို ပြုလုပ်ပြီး လုပ်ငန်းခွင်အတွင်း အသိအမှတ်ပြုမှုကိုရယူသင့်တဲ့အချိန်ပဲဖြစ်ပါတယ်။ ဒါကြောင့် အလုပ်ကိုပြီးစီးအောင်လုပ်ပြီး စိန်ခေါ်မှုများ/ အခက်အခဲများကို ထိပ်တိုက်ရင်ဆိုင်လိုက်ပါ။ ထို့နည်းတူပဲ မိမိတို့ရဲ့ ကျွမ်းကျင်မှုနဲ့ အသိပညာကိုတိုးပွားအောင်ပြုလုပ်ပြီး အများနဲ့မတူပဲ ထင်ရှားတဲ့သူတစ်ဦးဖြစ်လာစေရန်အားထုတ်ဆောင်ရွက်နိုင်ကြပါစေလို့ ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။
ဒိ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အကျိုးရှိစေလိမ့်မယ်လို့ မျှော်လင့်ပါတယ်.
ကျေးဇူးတင်လျှက်
www.jobsinyangon.com
Today it looks difficult. It takes us 3 minutes:-)
JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites
Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.