Jobs In Myanmar
Load...

Ways To Reframe Your Future Development (Part – 1)

by www.jobsinyangon.com


Tags: Knowledge-Future-Development-Building-JobsInYangon



သင့်အနာဂါတ်တိုးတက်စေဖို့အတွက် ပြန်လည်ပုံစံချနိုင်မည့် နည်းလမ်းများ (အပိုင်း - ၁)

 

တိုးတက်မှုများရှိလာစေဖို့ တူးဖော်ရာတွင် အရေးကြီးသောသော့ချက်ဟာ ရှာဖွေခြင်း၊ ဆွေးနွေးခြင်းနဲ့ ယခုကဲ့သို့သော ထူးခြားတဲ့အချိန်ကာလများတွင် ရရှိလာနိုင်သော အခွင့်အရေးများကို ဆုပ်ကိုင်ရယူနိုင်ရန် ကြိုးစားခြင်းတို့ဖြစ်ပြီး ဒီအရာကို ဝန်ထမ်းတိုင်း၊ ခေါင်းဆောင်သူ (leader) တိုင်း ပြုလုပ်ထားသင့်ပါတယ်။ Help Them Grow or Watch Them Go: Career Conversations Organizations Need and Employees Want ဟူသည့် စာအုပ်တွင် အောက်ပါအချက်များကို အဓိကထား၍ အောင်မြင်မှုများရရှိစေနိုင်ရန်အတွက် လုပ်ဆောင်နိုင်မည့် အခြေခံလမ်းညွှန်ချက်များကို ဖော်ပြထားပါတယ် -

 

Hindsight - တစ်စုံတစ်ဦးရဲ့ အားသာချက်များ၊ တန်ဖိုးများ၊ စိတ်ဝင်စားမှုများ၊ ယခင်က အတွေ့အကြုံများ အစရှိတဲ့အရာများကို ပြန်လည်၍ နောက်ကြောင်းပြန်စဉ်းစားခြင်း။

 

Foresight - နောင်လာမည့်အရာများကို စဉ်းစား၍ လုပ်ငန်းလိုအပ်ချက်များ၊ လုပ်ငန်းနယ်ပယ်အတွင်းရှိ trend များနဲ့ ဖြစ်လာနိုင်တဲ့ career development ကို ပုံစံသွင်းကာ ဆောင်ကြဉ်းပေးနိုင်သော macro development များကို လေ့လာခြင်းနှင့်

 

Insight – Hindsight နဲ့ Foresight တို့၏ ဆုံမှတ်ဖြစ်လာနိုင်သောနေရာကို ရှာဖွေ၍ ဖြစ်လာနိုင်ခြေရှိသောအရာများကို ရှာဖွေခြင်း၊ တိုးတက်မှုများရှိလာစေရန် တွန်းအားပေးနိုင်သည့် ဆောင်ရွက်ချက်များကို ပြုလုပ်ခြင်းနဲ့ သင်ယူလေ့လာမှုပြုလုပ်ခြင်း။

 

အထက်ဖော်ပြပါ Framework ကို ကြည့်ရှုလိုက်ပါက Hindsight, Foresight နဲ့ Insight အစီအစဉ်ဟာ အဓိပ္ပါယ်ရှိနေတာကို တွေ့ရပါလိမ့်မယ်။ တစ်စုံတစ်ဦးရဲ့ သက်မွေးမှုလမ်းကြောင်းတွင် အခြေခံကျသောအရာများကို ကြွယ်ဝစွာသိရှိနားလည်မှု (Hindsight) ရှိလာဖို့ကြိုးစားခြင်းဟာ meaningful career conversation များ ဖြစ်ပေါ်လာစေဖို့နှင့် development အကြောင်းဆွေးနွေးဖို့အတွက် အစပျိုးသင့်သောနေရာတစ်ခုဖြစ်ပါတယ်။ ပြီးနောက်တွင်တော့ ပြောင်းလဲမှုများဖြစ်ပေါ်လာသည်နှင့်အမျှ လိုအပ်လာနိုင်သော လိုအပ်ချက်များကို နားလည်သဘောပေါက်စေရန်ကြိုးစားခြင်း (Foresight) ကိုပါ ထည့်သွင်းပြီးနောက်တွင်တော့ တိုးတက်မှုရှိလာစေရန်အခွင့်အလမ်းများဖြစ်တဲ့ (Insight) ကို ရှင်းလင်းစွာ တွေ့မြင်နိုင်စေမှာပဲဖြစ်ပါတယ်။

 

သို့သော်လည်း ၂၀၂၀ ခုနှစ်အတွင်းတွင် ဖြစ်ပွားခဲ့တဲ့အဖြစ်အပျက်များကြောင့် ကျွန်ုပ်တို့အနေနဲ့ ဒီယူဆချက်ကို ပြန်လည်စဉ်းစားကြည့်ဖို့ လိုအပ်လာပြီပဲဖြစ်ပါတယ်။ လုပ်ငန်းများအနေနဲ့ တွေ့ကြုံနေရတဲ့ အပြောင်းအလဲများဟာ များစွာရှိနေတဲ့အတွက် Foresight ကို ရှေ့တန်းတင်ထားဖို့ လိုအပ်လာပြီပဲ ဖြစ်ပါတယ်။ Institute for the Future of Work မှ လေ့လာချက်တစ်ရပ်အရ လာမည့် ၁၀ နှစ်အတွင်း ကျွန်ုပ်တို့လုပ်ကိုင်ရမည့် ၈၅% သော အလုပ်များဟာ ပေါ်ပေါက်လာခြင်းမရှိသေးပါဘူး။ ထို့ကြောင့် Hindsight ရဲ့ ယခင်အဖြစ်အပျက်များကို ပြန်လည်၍ ခွဲခြမ်းလေ့လာခြင်းဟာ ဆက်လက်၍အရေးပါနေဦးမှာဖြစ်သော်လည်း ဒီအရာကို Foresight မှတဆင့်သာပြန်လည်၍ ကြည့်ရှုလာကြတော့မှာပဲဖြစ်ပါတယ်။

 

ပိုမိုမြင့်မားသော ပြိုင်ဆိုင်မှုများ၊ အပြိုင်အဆိုင်ဈေးနှုန်းလျှော့ချနေခြင်းကြောင့် ဖြစ်ပေါ်လာသော ဖိအားများနဲ့ Customer Loyalty လျော့နည်း ကျဆင်းလာမှု၊ Organization များအနေနဲ့ ပိုမို၍ ကျစ်လျစ်မှုရှိလာစေရန်လိုအပ်နေပြီး ဝန်ထမ်းများရဲ့ လုံခြုံရေးနဲ့ တစ်ကိုယ်ရည်သန့်ရှင်းမှုအခြေအနေများကို အလွန်မြင့်မားစွာထားရှိပေးဖို့လိုအပ်နေခြင်းတို့ကြောင့် လွန်ခဲ့သော လအနည်းငယ်ကတည်းက ကျွန်ုပ်တို့ဟာ Foresight ကို ပိုမို၍အာရုံစိုက်ကြဖို့အတွက် လိုအပ်လာပါတယ်။ 

 

Leader များဟာ ရုံးခန်းအတွင်းအလုပ်လုပ်ရသည့်ပုံစံမှ remote working model များသို့ ညတွင်းခြင်းပြောင်းလဲနိုင်ဖို့ကို လုပ်ဆောင်ခဲ့ရပြီး များစွာသောသူတို့တွင် ရုံးခန်းများအနေနဲ့ ကပ်ရောဂါကာလအပြီးတွင် မည်သို့ operate ပြုလုပ်သွားမည်နှင့် ပတ်သက်၍ သူတို့ထံတွင် ထင်မြင်ယူဆချက်အမျိုးမျိုး ရှိနေကြပါတယ်။ နောက်ပြီး မည်မျှသောဝန်ထမ်းအရေအတွက်ဟာ ယခင်ကရုံးတက်ရတဲ့ပုံစံများအတိုင်း ပြန်လည်၍ တက်ရောက်လာကြမည်ကိုလည်း အမျိုးမျိုးထင်မြင်ယူဆထားလျှက်ရှိနေပါတယ်။ 

 

ဝန်ထမ်းများဟာလည်း တီထွင်ဖန်တီးမှုစွမ်းရည်များကိုအသုံးချ၍ အနှောင့်အယှက်ဖြစ်နိုင်သည့်အရာများကို ဖြေရှင်းကာ အခြေအနေတွေပြောင်းလဲလာတာနဲ့အမျှ မိမိတို့ကိုယ်ကိုလည်း တီထွင်ဆန်းသစ်မှုများအမြဲဖြစ်ပေါ်နေစေရန် ရင်းနှီးမြှုပ်နံမှုများကို ပြုလုပ်ရင်း ထပ်ခါတလဲလဲ ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ရင်ဆိုင်ကြဖို့အတွက် လိုအပ်နေပါတယ်။ 

 

ဒီကနေ့မှာတော့ ဒီလောက်နဲ့ပဲ ရပ်နားလိုက်ပါတယ်။ မနက်ဖြန်တွင် ဆက်လက်၍ သင့်အနာဂါတ်တိုးတက်စေဖို့အတွက် ပြန်လည်ပုံစံချနိုင်မည့် နည်းလမ်းများ (အပိုင်း - ၂) ကို တင်ဆက်ပေးသွားဦးမှာဖြစ်တဲ့အတွက် စောင့်မျှော်ဖတ်ရှုပေးကြပါဦးလို့ တိုက်တွန်းရင်း နိဂုံးချုပ်လိုက်ပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျေးဇူးတင်လျှက်

www.jobsinyangon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Facilitation Limited

Facilitation Limited

A challenging work space associated with learning opportunityConsulting services for company registration, secretarial services, investment permit and financial services...
Show the postings (3)
Nilar Group Of Companies

Nilar Group Of Companies

VISION Our Road-map starts with our mission, which is enduring. It declares our purpose as a company and serves as the standard against which we weigh our actions and decisions. • To provide our b...
Show the postings (28)
Polyconcept Hong Kong Ltd

Polyconcept Hong Kong Ltd

Skills training related with job; 2. International working environment; 3. Career development in different domain and places; 4. Opportunities to work in different cities and countries; 5. 15 annu...
Show the postings (1)
Recyglo Co., Ltd.

Recyglo Co., Ltd.

Vision To become a leading waste management solution platform in Southeast Asia that produces zero waste and zero carbon footprint. Mission To process material in a safe, non-hazardous manner wi...
Show the postings (5)
Phyo Pyae Sone Myanmar Co.,Ltd

Phyo Pyae Sone Myanmar Co.,Ltd

With customers at the forefront of our minds,The Company prioritizes for the best of customer service at value price point for our guests with uncompromising quality and facilities.Starting from Distr...
Show the postings (44)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS