Jobs In Myanmar
Load...

Ways To Reframe Your Future Development (Part – 2)

by www.jobsinyangon.com


Tags: Knowledge-Future-Development-Building-JobsInYangon



သင့်အနာဂါတ်တိုးတက်စေဖို့အတွက် ပြန်လည်ပုံစံချနိုင်မည့် နည်းလမ်းများ (အပိုင်း - ၂) 

 

ဒီလိုအရာတွေအားလုံးကိုတွေ့ကြုံခဲ့ရတဲ့အတွက် လုံခြုံမှုမရှိဖြစ်နေသည်ဟုခံစားရခြင်းနဲ့ မသေချာမရေရာခြင်းများ လုပ်ငန်းခွင်များအတွင်း ပေါ်ပေါက်လာခြင်းဟာ အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ များစွာသောဝန်ထမ်းများဟာ အလုပ်များဆုံးရှုံးရခြင်း၊ လစာမဲ့ခွင့်ပေးခံရခြင်းတို့နဲ့ တွေ့ကြုံခဲ့ရတဲ့အတွက် အလုပ်ခွင်အတွင်း ဆက်လက်ရှိနေသေးသူများအနေနဲ့ ပိုမိုများပြားတဲ့ အလုပ်ပမာဏများကို ထမ်းဆောင်လာရပြီး ဝန်ထမ်းအသစ်တစ်ဦးရောက်ရှိလာဖို့ကို စောင့်စားနေရပါတော့တယ်။ နောက်ပြီး များစွာသောဝန်ထမ်းများဟာ ဒီလုပ်ငန်းခွင်အတွင်းက စိတ်ဖိစီးမှုများအပြင် မိသားစုတာဝန်ဝတ္တရားများကိုလည် ပခုံးပေါ်တွင်ထမ်းထားနေကြရတာဖြစ်ပါတယ်။ 


ရလာဒ်အနေနဲ့ ဝန်ထမ်းများဟာ ယခုကဲ့သို့သော ခက်ခဲနေတဲ့အချိန်ကာလများတွင် Career Development ဖြစ်စေရန် ပြုလုပ်ခြင်းဟာ မည်သို့သောအကျိုးသက်ရောက်မှုများရှိလာနိုင်မလဲဆိုတာကို စဉ်းစားရှာဖွေလာကြပါတော့တယ်။ နောက်ပြီး ယခုဖြစ်နေတဲ့အခြေအနေများကို လက်လျှော့အရှုံးပေးကာ စောင့်မျှော်နေခြင်းပြုလုပ်မည့်အစား ယခုအချိန်ဟာ သက်မွေးမှုလမ်းကြောင်းများကို ပိုမို၍အရှိန်အဟုန်မြင့်စွာ တိုးတက်မှုရှိလာစေနိုင်တဲ့ အချိန်ကာလတစ်ခုလည်း ဖြစ်နေပြန်ပါတယ်။ လက်ရှိအခြေအနေတွင် မကြာခဏ တွေ့ကြုံနေရတဲ့ ကြီးမားသော အကြပ်အတည်းများ၊ စိန်ခေါ်မှုများဟာ လုပ်ငန်းခွင် professional များရဲ့ ကျွမ်းကျင်မှုများအပေါ် ဖိအားက မီးသွေးတုံးများကို စိန်တုံးများအဖြစ် အသွင်ပြောင်းလဲပေးစေနိုင်သကဲ့သို့ လုပ်ဆောင်ပေးနေခြင်းနှင့် အလားသဏ္ဍန်တူညီနေပြီး ရလာဒ်အနေနဲ့ ပိုမို၍တန်ဖိုးရှိပြီး ဘက်စုံထူးချွန်သူများကို ပေါ်ထွက်လာစေမှာဖြစ်ပါတယ်။ 


အနာဂါတ်ကို ကြိုမြင်နိုင်စေဖို့အတွက် ဗေဒင်တွက်ချက်နေခြင်းဟာ ယခင်ကထက်ပိုမို၍ခက်ခဲလာမှာဖြစ်ပြီး ထိုသို့ပြုလုပ်နေဖို့လည်း မလိုအပ်ပါဘူး။ ကံမကောင်းတဲ့တစ်ချက်ကတော့ ယခုကဲ့သို့ ဆက်တိုက်ဖြစ်ပေါ်နေသော အပြောင်းအလဲများဟာ ဝန်ထမ်းများနဲ့ ခေါင်းဆောင်သူများကို တူညီစွာရပ်တန့်သွားစေခဲ့ပါတယ်။ နှစ်ဦးနှစ်ဖက်စလုံးဟာလည်း လုပ်ငန်းများလုပ်ကိုင်ရာတွင်နဲ့ သူတို့ရဲ့ကိုယ်ပိုင် သက်မွေးမှုလမ်းကြောင်းများတွင် အသားမကျခြင်း၊ စိတ်ရှုပ်ထွေးခြင်းများဖြစ်ပေါ်နေကြောင်းကို ပြောကြားလာခဲ့ပါတယ်။ ဒီအချက်က leader များကိုလည်း မိမိတို့ရဲ့ လုပ်ငန်းအဖွဲ့အစည်းများအတွင်း ဘာတွေဖြစ်ပေါ်နေသလဲ၊ မည်သို့သို့အချက်တွေကြောင့် အနေအထားများကိုပြောင်းလဲသွားစေခဲ့သလဲ၊ အနာဂါတ်တွင် ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး ပြောဆိုဆွေးနွေးမှုများပြုလုပ်ဖို့ကို နောက်တွန့်သွားစေခဲ့ပါတယ်။ သို့သော် ယခုကဲ့သို့သောအချိန်ဟာ ဒီအရာများကိုစဉ်းစားဆွေးနွေးမှုများပြုလုပ်ဖို့ အကောင်းဆုံးအချိန်တစ်ခုပဲဖြစ်ပါတယ်။ 


စကားစမြည်ပြောဆိုဆွေးနွေးမှုများပြုလုပ်ခြင်းဆိုသည်မှာ တစ်ဦးတည်းမှ ဒိုင်ခံပြောဆိုခြင်းမျိုးမဟုတ်ပဲ ၂ ဖက်စလုံးမှ ပါဝင်ပြောဆိုကြဖို့အတွက် လိုအပ်မှာဖြစ်တဲ့အတွက် leader များထံတွင် အဖြေများအားလုံး ရှိနေဖို့ မလိုအပ်ပါဘူး။ Help Them Grow or Watch Them Go ဟူသည့်စာအုပ်တွင် leader များအပေါ် ဖိအားများ လျော့ကျစေပြီး အနာဂါတ်အတွက် သေချာစွာထည့်သွင်းစဉ်းစား၍အကြံအစည်များကို ဝိုင်းဝန်းစဉ်းစားနိုင်ကြဖို့ လုပ်ဆောင်ပေးနိုင်သောနည်းလမ်းများကို တွေ့ရှိနိုင်ပါသေးတယ်။ ၎င်းတို့ကတော့ Foresight forum များပဲဖြစ်ပါတယ်။ 


ကမ္ဘာကြီး၊ လုပ်ငန်းများ (သို့) လုပ်ငန်းအဖွဲ့အစည်းများကို ပြောင်းလဲမှုများဖြစ်ပေါ်နေစေတဲ့ အချက်များအားလုံးကို ကျွမ်းကျင်နေဖို့အတွက် မည်သူကမှစွမ်းဆောင်နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်ပဲ leader များအနေနဲ့ သူတို့ရဲ့ဝန်ထမ်းများကို အခြေအနေကိုနားလည်စေဖို့နဲ့ ပေါ်ပေါက်လာစေနိုင်တဲ့ ရှုပ်ထွေးသွားနိုင်မှုများကို စဉ်းစားနားလည်သိရှိနိုင်မည့် အမူအကျင့်ကောင်းများကို လေ့ကျင့်ပေးထားဖို့ လိုအပ်နေပါတယ်။ နောက်ပြီး ထိုသို့ဖြစ်လာစေရန်အတွက် အတူတကွ Foresight Forum များသို့ဝင်ရောက်ကာ ဆွေးနွေးမှုများကိုပြုလုပ်၍ အဖြေရှာခြင်းအားဖြင့် လုပ်ဆောင်ပေးနိုင်ပါတယ်။ 
 

ကမ္ဘာကြီးပေါ်တွင် ဖြစ်ပွားနေသောအကြောင်းအရာများနဲ့ ပတ်သက်၍ ဖြစ်ပေါ်လာသော ပြင်ပမှ အခက်အခဲများနဲ့ ပြောင်းလဲမှုများဖြစ်တဲ့ - ကမ္ဘာ့လူဦးရေပြောင်းလဲမှုများ၊ Globalization၊ ပြိုင်ဆိုင်မှုများ၊ အစိုးရမှထုတ်ပြန်သော စည်းမျဉ်းစည်းကမ်းများ၊ ပထဝီနိုင်ငံရေးဆိုင်ရာ အင်အားစုများနဲ့ စီးပွားရေးအရပြောင်းလဲမှုများအပြင် အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော ရုံးတွင်းပိုင်း အခက်အခဲများနဲ့ ပြောင်းလဲမှုများဖြစ်တဲ့ - ပြောင်းလဲလာသော Customer များရဲ့ မျှော်လင့်ချက်များ၊ ရောင်းချသူအသစ်များနဲ့ ဆက်ဆံရေးများ၊ ကုမ္ပဏီများပေါင်းစည်းခြင်းနဲ့ လုပ်ငန်းသစ်ဝယ်ယူခြင်းများ၊ ပြောင်းလဲလာသော အလုပ်နေရာအခြေအနေများနဲ့ ပိုမို၍သေးငယ်လာသောအမြတ်ငွေများအပေါ် များစွာသောတုန့်ပြန်ချက်များကို ပြုလုပ်သွားရတော့မှာဖြစ်ပါတယ်။ 


စွမ်းဆောင်ရည်ကောင်းမွန်သော leader များဟာ ထိုကဲ့သို့သောပြဿနာများနှင့်ရင်ဆိုင်ကြုံတွေ့လာရတဲ့အခါတွင် ခေါင်း ၂ ခေါင်း (သို့) ပိုများတဲ့ခေါင်းများဖြင့် ဝိုင်းဝန်းစဉ်းစားပေးခြင်းဟာ တစ်ဦးတည်းစဉ်းစားခြင်းထက် ပိုမိုကောင်းမွန်မှုရှိကြောင်းကို သိရှိထားကြတဲ့အတွက် သူတို့ရဲ့ အဖွဲ့ဝင်များကို အချက်အလက်များစုစည်းစေခြင်း၊ ပြဿနာရပ်များကို လေ့လာစေခြင်းနဲ့ တိုက်ရိုက်အတွေ့အကြုံများကို ရှာဖွေခြင်းတို့ပြုလုပ်ပြီး အခက်အခဲလှိုင်းလုံးများကို ကျော်ဖြတ်၍ အနာဂါတ်သို့ဦးတည်သွားရောက်နိုင်စေရန်အတွက် လုပ်ဆောင်လျှက်ရှိနေပါတယ်။ 


အခြေခံအဖြစ် Foresight ကို ခိုင်မာစွာတည်ဆောက်ထားနိုင်ခဲ့မည်ဆိုပါက leader များရော ဝန်ထမ်းများအနေနဲ့ပါ hindsight ကို အသုံးပြုပြီး ဝန်ထမ်းများအနေနဲ့ ယနေ့အချိန်အထိ သင်ယူရရှိလာတဲ့ အားသာချက်များ၊ ကျွမ်းကျင်မှုများ၊ စိတ်ဝင်စားမှုများနဲ့ အတွေ့အကြုံများကို ပြန်လည်လေ့လာဆန်းစစ်ပြီး မိမိတို့အနေနဲ့ အနာဂါတ်တွင် မည်သို့သောအရာများကို သင်ယူလိုသလဲဆိုတာကို ဆုံးဖြတ်သင့်ပါတယ်။ နောက်ပြီး Foresight ရဲ့အကူအညီဖြင့် ကြည့်ရှုကြည့်လိုက်တဲ့အခါမှာ ဒီ မိမိကိုယ်ကို အတွင်းကျကျနားလည် သဘောပေါက်မှုရှိခြင်းဟာ ကြီးပွားတိုးတက်မှုများဖြစ်ပေါ်စေရန် အထောက်အကူဖြစ်စေနိုင်မည့် Insight အသစ်များကို ဖြစ်ပေါ်လာစေမှာဖြစ်ပြီး ယနေ့အချိန်တွင်လိုအပ်နိုင်သည့် လိုအပ်ချက်များကိုသာမက အနာဂါတ်အတွက်ကိုလည်း ကြိုတင်ပြင်ဆင်ပေးနိုင်မှာဖြစ်ကြောင်းကို ပြောကြားရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့မျှော်လင့်ပါတယ်။ 
ကျေးဇူးတင်လျှက်
www.jobsinyangon.com 

 


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


Phee Int'l Shipping Myanmar Ltd

Phee Int'l Shipping Myanmar Ltd

MISSION: To provide all our customers an integrated one-stop platform to simplify their logistics management and carter to their total cargo and lifestyle logistics needs. VISION: To be the P...
Show the postings (50)
Toyota Aye and Sons Co., Ltd.

Toyota Aye and Sons Co., Ltd.

Our Vision To become the most reliable and respected automotive-dealer group in Myanmar. Our Mission '' To attract and attain customers with high-valued products and services and the most satis...
Show the postings (25)
Anawmar Art Group Co., Ltd.

Anawmar Art Group Co., Ltd.

URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)
Mya Kyar Khine Co., Ltd

Mya Kyar Khine Co., Ltd

..Mya Kyar Khine Company Limited was established in 1997 and started distributing Paul Mitchell Professional Hair Care Products (U.S.A) to the Myanmar market. Then, Depilève Waxing and Paraffin Produ...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS