Jobs In Myanmar
Load...

Ways to Use Social Media During Your Hiring Process

by www.jobsinyangon.com


Tags: Knowledge-Recruiting-Process-SocialMedias-JobsInYangon



ဝန်ထမ်းခေါ်ယူဌားရမ်းမှုပြုလုပ်စဉ်အတွင်း Social Media များကို အသုံးချနိုင်မည့်နည်းလမ်းများ

 

Recruitment ပြုလုပ်နေသူတိုင်းရဲ့ ဝှက်ဖဲများတွင် သူတို့ရဲ့ Social Media အကောင့်များလည်း ပါဝင်နေပါတယ်။ ယနေ့ကဲ့သို့သော နည်းပညာခေတ်မှာ Social Media Platform များဟာ ထိရောက်စွာ recruitment ပြုလုပ်နိုင်စေရန်အတွက် အထောက်အကူဖြစ်စေမယ့်အရာများ ဖြစ်လာကြပြီပဲဖြစ်ပါတယ်။

The Society for Human Resources Management မှ ပြုလုပ်ခဲ့တဲ့ လေ့လာ သုသေသနပြုလုပ်ချက်တစ်ခုအရ Social Media မှတစ်ဆင့် recruit ပြုလုပ်ခြင်းဟာ တဖြည်းဖြည်းနဲ့ ခေတ်စား၍လာနေတာကို တွေ့ရှိနိုင်ပြီး လက်ရှိမှာ လုပ်ငန်းများရဲ့ ၈၄% ဟာ Social Media မှတစ်ဆင့် recruitment များ ပြုလုပ်လျှက်ရှိနေပြီဖြစ်ကာ နောက်ထပ် ၉% သောလုပ်ငန်းများကလည်း အနာဂါတ်တွင် လုပ်ငန်းခေါ်ယူမှုပြုလုပ်ရန်အတွက် Social Media များမှတဆင့် ပြုလုပ်ကြရန် ထည့်သွင်းစဉ်းစားလာကြပြီပဲဖြစ်ပါတယ်။

ဒီနေရာမှာ စာဖတ်သူတို့အနေနဲ့ ဖော်ပြပါ Social Media Channel များမှတဆင့် recruitment ပြုလုပ်ပုံနည်းလမ်းများကလည်း အရေးကြီးလာမှာဖြစ်တဲ့အတွက် ဝန်ထမ်းခေါ်ယူခြင်းကို professional လမ်းကြောင်းတစ်ရပ်အနေနဲ့ အထူးပြုထားသူများအဖို့ အပြိုင်အဆိုင်ကုမ္ပဏီများအကြားတွင် မိမိတို့ရဲ့လုပ်ငန်းအတွက် အသင့်တော်ဆုံးဝန်ထမ်းများကို ရှာဖွေဌားရမ်းနိုင်ရန် အများနဲ့မတူပဲ ထူးခြားတဲ့နည်းလမ်းများနဲ့ အရည်အချင်းရှိသောသူများကို ဆွဲဆောင်နိုင်ဖို့ လိုအပ်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ www.jobsinyangon.com website ကနေ ဒီအကြောင်းအရာလေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးလေးတစ်ပုဒ်ကို တင်ဆက်ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

 

အလားအလာရှိတဲ့ ဝန်ထမ်းများကို ပစ်မှတ်ထားခေါ်ယူခြင်း

Social Media Platform များပေါ်တွင် ဝန်ထမ်းခေါ်ယူမှုပြုလုပ်ခြင်းဟာ အလွန်ပဲ ရိုးရှင်းလှပါတယ်။ အဓိကလုပ်ဆောင်ရမယ့်အချက်ကတော့ အကောင်းဆုံးအရည်အချင်းရှိသူများကို ရှာဖွေနိုင်တဲ့စွမ်းရည်ဖြစ်တဲ့အတွက် သင့်အနေနဲ့ potential candidate များကို ရရှိနိုင်မယ့် အရင်းအမြစ်များကို ကောင်းစွာသိရှိထားဖို့လိုအပ်မှာဖြစ်ပါတယ်။

LinkedIn တွင် ရေးသားဖော်ပြထားခဲ့တဲ့ 2016 Global Recruiting Trends ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်အရ အခြေခံအားဖြင့် Candidate များကို ရရှိနိုင်မယ့် အရင်းအမြစ် ၂ ခုရှိနေပါတယ်။ တစ်ခုကို ဝန်ထမ်းများထံမှရရှိနိုင်ပြီး နောက်တစ်ခုကိုတော့ Social Professional Network များမှတဆင့် ရရှိနိုင်မှာဖြစ်ပါတယ်။

အကယ်၍ စာဖတ်သူတို့က အလုပ်နေရာတစ်ခုအတွက် တက်ကြွမှုအရှိဆုံးနဲ့ သင့်တော်မှုအရှိဆုံး candidate များကို ရှာဖွေနေတယ်ဆိုရင်တော့ သင့်ရဲ့ ဝန်ထမ်းများဟာ နောက်ထပ်ပြုလုပ်မည့် ဝန်ထမ်းခေါ်ယူမှုများအတွက် အကောင်းဆုံးအကူအညီပေးနိုင်မယ့်သူများပဲဖြစ်ပါတယ်။ သူတို့တစ်ဦးချင်းစီတိုင်းတွင် Social Media အကောင့်များလည်း ရှိနေမှာဖြစ်တဲ့အတွက် သင့်လျှော်တဲ့သူများကို သူတို့ရဲ့ LinkedIn အကောင့်ကဲ့သို့သော Social Professional Network များမှတဆင့် မိမိတို့ရဲ့ အလုပ်ခေါ်စာကို share ပြုလုပ်ပေးရန်အတွက် တိုက်တွန်းနိုင်ပါတယ်။ ဒီကဲ့သို့ အားလုံးရဲ့ အသိအကျွမ်းများနဲ့ connection များကို စုပေါင်းအသုံးချနိုင်ခြင်းအားဖြင့် သင့်တော်တဲ့ candidate ကို သင့်ကုမ္ပဏီအတွက် ခေါ်ယူဌားရမ်းနိုင်ဖို့အတွက် အခွင့်အလမ်းများကို ရရှိလာစေနိုင်သလို ရွေးချယ်မှုများကိုလည်း ပိုမို၍ ပြုလုပ်လာနိုင်မှာဖြစ်ပါတယ်။

 

Candidate များကို ရွေးချယ်စစ်ထုတ်ခြင်း

Candidate များနဲ့ပြည့်နှက်နေတဲ့ ကြီးမားတဲ့ဒေတာစုဝေးရာ (database) တစ်ခုဖြစ်တဲ့အပြင် Social Media Platform များဟာ candidate များကို စစ်ထုတ်နိုင်မယ့် အကောင်းဆုံးသော screening tool များလည်းဖြစ်ကြပါတယ်။ SHRM မှထုတ်ပြန်ခဲ့တဲ့ သုသေသနပြုလုပ်ချက်တစ်ရပ်တွင် ကုမ္ပဏီများရဲ့ ထက်ဝက်ခန့်ဟာ Social Media Site များကိုအသုံးပြု၍ candidate များရဲ့ အကြောင်း အသေးစိတ်အချက်အလက်များကို ကြည့်ရှုလေ့ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ စီးပွားရေးလုပ်ငန်းများရဲ့ ၆၁% ခန့်ဟာလည်း ဝန်ထမ်းခေါ်ယူမှုမပြုမှီတွင် CV ပေါ်တွင်ရေးသားဖော်ပြထားသော အချက်အလက်များထက်ပို၍ သိရှိလိုပါက Social Media Platform များကို အသုံးပြု၍ candidate များရဲ့ အကြောင်းများကို အသေးစိတ်လေ့လာနိုင်မှာဖြစ်တယ်လို့ ယုံကြည်ထားလျှက်ရှိနေပါတယ်။

လက်တွေ့တွင်လည်း Social Media ပေါ်မှတဆင့် candidate များရဲ့ profile များကို ဝင်ရောက်ကြည့်ရှုလိုက်တဲ့အခါမှာ ကုမ္ပဏီများရဲ့ ထက်ဝက်ခန့်ဟာ သူတို့ရွေးချယ်ထားတဲ့ candidate များရဲ့ အမူအကျင့်များကို မနှစ်သက်တော့တဲ့အတွက် ဌားရမ်းခြင်းမပြုတော့တာကိုလည်း ဖြစ်နေကျ အရာတစ်ခုအနေနဲ့ တွေ့ရှိရလေ့ရှိပါတယ်။ ဒါကြောင့် candidate များအနေနဲ့လည်း professional လမ်းကြောင်းပေါ်သို့ ရောက်ရှိလာပြီဆိုတာနဲ့ မိမိတို့ရဲ့ social media ပေါ်သို့တင်မယ့်အကြောင်းအရာများကို သေချာစွာ စဉ်းစားဆုံးဖြတ်ပြီးမှ တင်ကြဖို့လိုအပ်ပါလိမ့်မယ်။

ဒါ့အပြင် ဝန်ထမ်းခေါ်ယူမှုပြုလုပ်နေသူများအနေနဲ့ Social Media ပေါ်တွင် လစ်လပ်နေရာတစ်ခုအား ကြေငြာခြင်းပြုလုပ်ရာတွင် ပြိုင်ပွဲကလေးများကျင်းပပေး၍လည်း ရနိုင်ပါသေးတယ်။ ဥပမာအားဖြင့် အလုပ်ခေါ်စာတစ်ခုကို ကြေငြာတဲ့ပို့စ်တွင် မိမိတို့ကြေငြာထားတဲ့ လစ်လပ်နေရာတစ်ခုဟာ လျှောက်ထားမယ့် candidate များနဲ့ မည်သို့ကိုက်ညီမှုရှိနိုင်မလဲဆိုသည်ကို Introduction တစ်ခုအနေနဲ့ ရေးသားစေပြီး ပြိုင်ပွဲအသေးစားလေးတစ်ခုသဖွယ်ကျင်းပပေးနိုင်ပါတယ်။

သင့်တော်မှုအရှိဆုံးဝန်ထမ်းများကိုခေါ်ယူနိုင်စေဖို့အတွက် မိမိတို့ရဲ့စိတ်ကူးစိတ်သန်းနဲ့ တီထွင်နိုင်မှုစွမ်းရည်များကိုအသုံးပြု၍ အများနဲ့မတူပဲ ဆွဲဆောင်မှုရှိတဲ့ Vacancy Announcement များကို ပြုလုပ်ပေးဖို့ဟာ အဓိကအရေးပါတဲ့ အချက်တစ်ခုပဲဖြစ်ပါတယ်။

 

Social Media များပေါ်မှတဆင့် Candidate များကို အင်တာဗျူးခြင်း

Candidate များ တစ်ဦးချင်းစီတိုင်းကို စစ်ထုတ်၍ လေ့လာစောင့်ကြည့်မှုများပြုလုပ်ပြီးပြီဆိုရင်တော့ နောက်တစ်ဆင့်ဟာ အင်တာဗျူးခြင်းလုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ဒီအခါမှာလည်း Social Media များဟာ အင်တာဗျူးခြင်းလုပ်ငန်းစဉ်အတွက် အထောက်အကူဖြစ်စေနိုင်ပါတယ်။ Social Media Site များဖြစ်တဲ့ Facebook နဲ့ Twitter တို့ပေါ်မှတဆင့် တိုက်ရိုက် အင်တာဗျူးခြင်းကို ပြုလုပ်၍အဆင်ပြေမှာမဟုတ်သော်လည်း အဆိုပါ tool များကို အသုံးပြု၍ candidate များကို အင်တာဗျူးမည့် platform ပေါ်သို့ ချိန်းဆိုနိုင်မှာဖြစ်ပါတယ်။

 

Social Media ပေါ်မှတဆင့် Job Offer များပေးပို့ခြင်း

Social Media များဟာ potential candidate များကို ရှာဖွေခြင်း၊ စစ်ထုတ်ခြင်းနှင့် အင်တာဗျူးခြင်းလုပ်ငန်းစဉ်များတွင် ကောင်းမွန်သော အထောက်အကူ tool တစ်ခုအဖြစ် တည်ရှိနေပါတယ်။ ဒါ့အပြင် ဒီအားသာချက်ကို ဝန်ထမ်းခေါ်ယူမှုလုပ်ငန်းစဉ်တစ်ခုရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ Job Offer များပေးပို့ခြင်းတွင်လည်း ထည့်သွင်းအသုံးပြု၍ ရနိုင်ပါသေးတယ်။

လုပ်ငန်းတစ်ခုရဲ့ Social Media များပေါ်ရှိ profile ဟာ အဆိုပါလုပ်ငန်းအနေနဲ့ သူတို့ရဲ့ဝန်ထမ်းများကို ပွင့်လင်းမြင်သာစွာ အသိအမှတ်ပြုခြင်း၊ Activity များကို မှတ်တိုင်တစ်ခုအနေနဲ့ သိမ်းဆည်းခြင်းတို့ကို ပြုလုပ်နိုင်စေမယ့် နေရာတစ်ခုဖြစ်တဲ့အပြင် ဒါဟာ အလုပ်ရှာဖွေနေသူများအနေနဲ့ သူတို့အလုပ်လျှောက်ထားလိုက်တဲ့ လုပ်ငန်းတစ်ခုနဲ့ လုပ်ငန်းရှင်တို့ရဲ့အကြောင်း အချက်အလက်များကို လေ့လာနိုင်ဖို့ အကောင်းဆုံးနေရာတစ်ခုလည်းဖြစ်နေပြန်ပါတယ်။

Candidate များထံသို့ အမှန်တကယ်ပေးပို့မယ့် job offer များကိုလည်း သူတို့နဲ့ ကိုက်ညီမှုရှိနေစေဖို့အတွက် သေချာစွာစစ်ဆေးထားပေးသင့်ပါတယ်။ များသောအားဖြင့် job offer များကို ဖုန်းနဲ့သာပြောကြားလေ့ရှိတာဖြစ်ပေမယ့် သင့်ဖက်ကပေးအပ်လိုက်တဲ့ job offer ကို candidate များက လက်ခံလိုက်ပြီဆိုပါက social media platform များမှတဆင့် ဝန်ထမ်းသစ်ကို ကြိုဆိုခြင်းနဲ့ congratulate ပြုလုပ်ပေးနိုင်တဲ့အပြင် အလုပ် Offer ရဲ့ အသေးစိတ်အချက်အလက်များကိုလည်း မှတ်တမ်းတစ်ခုအနေနဲ့ Social Media Channel များမှတဆင့် အခြားသော အလုပ်စဆင်းရမည့် နေ့ရက်၊ အချိန်၊ လစာ၊ ရရှိနိုင်မယ့်အခွင့်အလမ်းများ၊ ဆောင်ရန်ရှောင်ရန်များ၊ လိုက်နာရမည့် စည်းကမ်းချက်များ အစရှိသည်တို့ကို ပေးပို့၍ ကြိုတင်အသိပေးခြင်းကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် ဝန်ထမ်းအသစ်တစ်ဦးအနေနဲ့ သင်တို့ရဲ့လုပ်ငန်းခွင်ဟာ နွေးထွေးမှုရှိသလို စည်းစနစ်ကျနမှုရှိတယ်ဆိုတာကို ခံစားလာရမှာဖြစ်ပါတယ်။

စာဖတ်သူတို့အနေနဲ့ အထက်ဖော်ပြပါအချက်တိုင်းကို မိမိတို့ရဲ့ recruitment process အတွင်း ထည့်သွင်းအသုံးပြုချင်မှ အသုံးပြုကြမှာဖြစ်ပေမယ့် အဓိကပြောကြားလိုတာကတော့ ဒီကဲ့သို့သောနည်းလမ်းများကို မိမိတို့ရဲ့ recruitment process အတွင်း ထည့်သွင်း၍ စနစ်တကျလုပ်ဆောင်ပေးခြင်းအားဖြင့် ဝန်ထမ်းခေါ်ယူမှုပြုရာတွင် ပိုမိုလျှင်မြန်၍ ထိရောက်မှုရှိစွာပြုလုပ်နိုင်မှာကို ထောက်ပြလိုတာဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုအတွက် မရှိမဖြစ်အရေးပါတဲ့ အရင်းအမြစ်ဟာ ဝန်ထမ်းများဖြစ်ကြတဲ့အတွက် စာဖတ်သူတို့ရဲ့ လုပ်ငန်းများအတွက် အတော်ဆုံးနဲ့ စွမ်းဆောင်ရည်အကောင်းဆုံးသောဝန်ထမ်းများကို ရွေးချယ်၍ခေါ်ယူနိုင်ကြစေဖို့ကိုလည်း www.jobsinyangon.com ကနေ ဆုတောင်းပေးလိုက်ပါတယ်။

 

ဒီ article လေးဟာ စာဖတ်သူပရိသတ်တို့အတွက် အသုံးဝင်ပါလိမ့်မယ်လို့ မျှော်လင့်ပါတယ်

ကျေးဇူးတင်လျှက်

www.jobsinyagon.com


Still looking for your Dream job?

View all of our current vacancies NOW

TOP EMPLOYERS


PRO 1 Myanmar Co., Ltd.

PRO 1 Myanmar Co., Ltd.

The tagline of our company is "One place, Get All" because we have established a reputation as the leading warehouse style DIY store in Yangon and Mandalay. The products we sell are building hardware,...
Show the postings (14)
KT Group

KT Group

Our Group Vision “To be a world class organisation nurturing and encouraging the talents of our people who enable us to grow a thriving business committed to building a modern and transparent Mya...
Show the postings (1)
KND Corporation Co., Ltd

KND Corporation Co., Ltd

URC (Myanmar) Co., Ltd.

URC (Myanmar) Co., Ltd.

URC is engaged in a wide range of food-related businesses, including the manufacture and distribution of branded consumer foods and is also in commodities. URC is the leading branded snackfoods and be...
Show the postings (5)

Spa

Category

Recruitment Advice
Career Advice
JobsInYangon\'s News

The newest articles

Most popular articles



JobsInYangon.com MEDIA PARTNERS - Your job offers will appear on their web sites

SWeSone IrraWaddy Business Today Irrawaddy Burmese Partner PopularNews MRTV-4 PopularNews MCN Messenger ELEVEN

WHO WE ARE

Jobsinyangon.com is a leading Career and Job site in Myanmar. Jobsinyangon presents the largest porfolio of jobs on Myanmar market, thus helping recruiters to source top talents and job seekers available in Myanmar. Jobsinyangon.com job board helps hiring managers and recruiters from all companies in Myanmar to post jobs, manage applicants and make the right hiring decision. Any jobseeker in Myanmar can find Jobs in Yangon and other cities of all categories of jobs. Online job opportunities can be searched or arranged by our Executive search branch Roger Quest International.

GET IN TOUCH

09421588394, 09421588435
info@jobsinyangon.com

Office

Roger Quest International Co., Ltd
No. (54/56), 2 Quater, 3rd Floor(Left), Mibayeikmon Condo, (53) Street
Pazudaung Township
Yangon
Find us on Facebook Find us on LinkedIn Get ads from RSS